TeamWork အကြောင်း

Teamwork ဆိုတာ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းဆိုတာကို လူတိုင်းသိမှာပါ၊ ဒီလို လုပ်ကိုင်တဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် သည်းခံရတာတွေရှိမယ်၊ အနစ်နာခံရတာတွေရှိမယ်၊ အများကြီးပါပဲ၊ Teamwork ဆိုတာက အလုပ်လုပ်နေတဲ့ Company ၀န်ထမ်းတွေမှ မဟုတ်ပါဘူး၊ကျောင်းသားတွေမှာလဲ Teamwork ဆိုတာရှိပါတယ်၊ ရပ်ကွက်ထဲမှာ သာရေး၊နာရေး ကိစ္စရှိတယ်ဆိုရင်လဲ Teamwork နဲ့ လုပ်ရတာပါပဲ၊ Teamwork စိတ်ဓါတ်နဲ့ အလုပ်လုပ်မယ်ဆိုရင်တော့ တစ်ဦးချင်းစီ တိုင်းကို ဒါလေးတွေကို သိထားဖို့ လိုအပ်ပါတယ်၊ 1. Responsibil ity မိမိ တာဝန်ယူရမည့်အပိုင်းကို တာဝန်ယူခြင်း၊ မိမိနှင့် လုပ်ဖော်ကိုင်ဖက်များအချင်းချင်း တာဝန်ခွဲဝေယူစေခြင်း တို့ကို ပြုလုပ်တတ်ရပါမယ်၊ 2. Respect မိမိအလုပ်ကို အချိန်နှင့်အမျှ လေးစားခြင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းလေးစားခြင်း ဆိုတာတွေကိုလဲ မေ့ထားလို့မရပါဘူး၊ အပြန်အလှန် လေးစားမှု ဆိုတာ လုပ်ငန်းအောင်မြင်ခြင်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်၊ 3. Understanding မိမိအလုပ်အကြောင်း အပြည့်အ၀နားလည်အောင်ကြိုးစားခြင်း၊ မိမိလုပ်ဖော်ကိုင်ဖက်များ၏ မိသားစုရိုးရာဓလေ့ ဘ၀အခြေအနေများကို သိရှိနားလည်စေရန် ကြိုးစားခြင်း အစရှိတာတွေကလဲ...