လုပ်ငန်းသစ်တစ်ခု အောင်မြင်စွာ စတင်ချင်တယ်ဆိုရင်…
စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်စွာ စတင်နိုင်ဖို့ဆိုတာ ငွေကြေးတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။
အခုဖော်ပြမယ့် အချက် (၃) ချက်ကလည်း စီးပွားရေးလုပ်ငန်းတွေအတွက် အရမ်းအရေးပါတယ်ဆိုတာ သိထားသင့်ပါတယ်။
--------------------------
၁။ ဗဟုသုတ နဲ့ လုပ်ငန်းကျွမ်းကျင်မှု လိုအပ်ပါတယ်။
☑ စီးပွားရေးတစ်ခု စတင်လုပ်ကိုင်တော့မယ်ဆိုရင် လုပ်ငန်းအကြောင်းကို သေချာသိအောင် လေ့လာသင့်ပါတယ်။ တွေ့ကြုံလာမယ့် ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ အချိန်အများကြီးပေးပြီး ဗဟုသုတတွေ ရှာဖွေထားသင့်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေချင်တယ်ဆိုရင် လုပ်ငန်းမှာ ကျွမ်းကျင်နေဖို့ လိုပါတယ်။
၂။ အမြော်အမြင်ရှိဖို့ အရေးကြီးပါတယ်။
☑ လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတတွေ သိနေရုံနဲ့ သင့်လုပ်ငန်းက မအောင်မြင်သေးပါဘူး။ Customer တွေရရှိဖို့နဲ့ အမြတ်ငွေတွေ ရရှိဖို့ဆိုရင် လုပ်ငန်းကို အမြော်အမြင်ရှိရှိ လုပ်ကိုင်တတ်ရပါမယ်။ Idea တွေကို စနစ်တကျနဲ့ ရည်ရွယ်ချက်ထားပြီး အကောင်အထည်ဖော်နိုင်မှသာ လွယ်ကူစွာ အောင်မြင်နိုင်ပါလိမ့်မယ်။ ရှေ့ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေကို သေချာခန့်မှန်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
၃။ ကျကျနန အကောင်အထည်ဖော်ပါ။
☑ လုပ်ငန်းကျွမ်းကျင်မှုလည်း ရှိပြီ၊ အမြော်အမြင်လည်းရှိလာပြီဆိုရင် ဒီအချက်နှစ်ချက်ကို ပေါင်းစပ်ပြီး အကောင်အထည်ဖော်ဖို့ပဲ ကျန်ပါတော့တယ်။ အကောင်အထည်ဖော်တဲ့အချိန်မှာ တစ်ယောက်တည်း ရုန်းကန်တာထက် Team တစ်ခုဖွဲ့ပြီး အဖွဲ့လိုက် လုပ်ကိုင်တာက ပိုအောင်မြင်စေပါတယ်။ ကောင်းမွန်စွာ စီမံခန့်ခွဲပြီး အလုပ်ကြိုးစားမယ်ဆိုရင် အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ပိုင်ဆိုင်လာမှာ သေချာပါတယ်။
--------------------------
အထက်ပါ (၃) ချက်မှာ တစ်ခုခု အားနည်းနေမယ်ဆိုရင် သင့်လုပ်ငန်းက အောင်မြင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။
Linn Linn Maung (Prospect Myanmar)
Comments
Post a Comment