ဆံပင် အသားအရေ နဲ့ ကျန်းမာရေး အတွက် ကော်ဖီ၏အကျိုးသက်ရောက်မှု ၁၄ချက်
ကော်ဖီဟာ လူအများစုရဲ့တနေ့တာမရှိမဖြစ်လိုအပ်ချက်တခုဖြစ်ပါတယ်။ ကော်ဖီဟာ လူကိုလန်းဆန်းပြီး တက်ကြွခွန်အားပြည့်လာစေရုံသာမက အခြားသောအကျိုးကျေးဇူးများလည်းရှိပါသေးတယ်။ သင့်ရဲ့ဆံပင် အသားအရေ နဲ့ ကျန်းမာရေးအတွက် ကော်ဖီကအကျိုးပြုပေးနိုင်တယ်ဆိုတာသင်သိပြီးပြီလား။ ကော်ဖီထဲမှာပါတဲ့ ကဖီန်း Caffeine ဓါတ်ဟာ ကျန်းမာရေးနဲ့ညီညွတ်လားမညီညွတ်ဘူးလားဆိုတာ လူတိုင်းသိချင်ကြမှာပါပဲ။ တနေ့မှာကော်ဖီ ၂ခွက်ကနေ ၄ခွက်အထိလောက်ကတော့ လူကိုအန္တရာယ် မဖြစ်စေပါဘူး။ အဲ့ဒီထက်များရင်တော့ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အလွန်အကျွံ မသောက်ဘူးဆိုရင်တော့ ကော်ဖီကနေအောက်ပါ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။ ၁. အသဲအတွက်ကောင်းခြင်း Caffeine ဓါတ်ဟာ အသဲအတွင်းကအဆိတ်အတောက်များကိုပြေစေပြီး သန့်ရှင်းစေဖို့ကူညီပေးပါတယ်။ Duke University သုတေသနအဖွဲ့ကပြောကြားချက်အရ အသဲအဆီဖုံးခြင်းကိုလဲ Caffeine ကလျော့ကျစေပါတယ်။ အရက်ကြောင့်ဖြစ်တဲ့အသဲအဆီဖုံးတာကိုတော့မကူညီနိုင်ပါဘူး။ ၂. ဆီးချိုသွေးချိုအန္တရာယ်လျော့ကျပေးခြင်း သုတေသီများပြောကြားချက်အရ တနေ့လျင်ကော်ဖီ၅ခွက်သောက်ပါက ဆီးချိုသွေးချိုဖြစ်စေမှုကိုလျော့ချပေး ပါတယ်။ သကြားမပါတဲ့ကော်ဖီကိုသောက်ရမှာပါ။ ...