Posts

Showing posts with the label Family

Forrest Gump ရုပ်ရှင်မှ သင်ယူသင့်တဲ့ သင်ခန်းစာ (၁၄)ခု

Image
Forrest Gump ရုပ်ရှင်ကို တော်တော်များများကြည့်ဖူးမယ်ထင်ပါတယ်။ မကြည့်ဖူးတဲ့သူရှိလျှင်လည်း ကြည့်သင့်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့ ကို စိတ်ထဲမှာ တစ်စုံတစ်ခုခံစားရဖို့ သေချာပါတယ်။ ဒါပေမယ့် အချို့ အချက်လေးတွေကို သတိမပြုမိလိုက်တာရှိလျှင် ရှိပါမယ်။ အောက်မှာရေးထားတဲ့အချက်တွေကတော့ ကျွန်တော်တို့ သတိမပြုမိလိုက်တာတွေထဲကမှ လိုက်နာသင့်တဲ့ ဘ၀သင်ခန်းစာလေးတွေဖြစ်ပါတယ်။ (၁) ရိုးသားဖို့ကို မကြောက်ပါနဲ့ ။ Forrest Gump ဟာ စိတ်ထဲမှာရှိတဲ့အတိုင်းအမြဲတမ်း ဖွင့်ဟပါတယ်။ ပြောဆိုတယ်။ စိတ်ထဲရှိတဲ့အတိုင်း ရိုးရိုးသားသားဆက်ဆံတယ်။ အဲ့ဒီလိုလုပ်ခြင်းက တစ်ခါတစ်ရံ လူတစ်ဖက်သားကို ခံရခက်ခြင်း ဖြစ်စေနိုင်ပေမယ့် သူ့ ရဲ့ ရိုးသားတဲ့အတွင်းစိတ်ကို သိရှိသွားတဲ့အခါမှာတော့ နားလည်မှုပိုမိုရရှိသွားနိုင်ပါတယ်။ (၂) Forrest Gump ဟာ bus car မှတ်တိုင်မှာတွေ့ တဲ့အမျိုးသမီးနဲ့ ပဲဖြစ်ဖြစ်၊ အမေရိကန်သမ္မတနဲ့ ပဲဖြစ်ဖြစ် တန်းတူပဲဆက်ဆံပါတယ်။ လေးစားမှုတူတူပဲထားပါတယ်။ သမ္မတမို့ လို့ ဆိုပြီး ပိုရိုသေပြတာ၊ပိုပြီးရိုးသားပြတာမရှိပါဘူး။ လူကို လူလို့ ပဲ သဘောထားပြီးတန်းတူဆက်ဆံသွားပါတယ်။ (၃) Forrest ဟာ သူ ချစ်တဲ့...

ကျောင်းသူလေးပြောတဲ့ ကမ္ဘာ့အံ့ဖွယ် (၇) ပါး

Image
စာသင်ခန်းထဲမှာ ဆရာမက ကျောင်းသားတွေကို ကမ္ဘာ့အံဖွယ် ၇ မျိုးအကြောင်းမေးခွန်းထုတ်လိုက်ပါတယ်။ ကျောင်းသား ကျောင်းသူတွေက ကိုယ်လေ့လာထားဖူးသမျှကို တစ်ယောက်တစ်ပေါက်ဖြေဆိုကြပြီး  တစ်ခန်းလုံးဆူညံသွားပါတော့တယ်။ ကျောင်းသားတွေအများဆုံးဖြေဆိုကြတာကတော့ ၁။ အီဂျစ် ပိရမစ်ကြီးများ ၂။ တခ်ျမဟာ ၃။ Grand Canyon ၄။ ပနားမား တူးမြောင်း ၅။ အင်ပါယာအဆောက်အအုံကြီး ၆။ တရုတ်ပြည်ကမဟာတံတိုင်း ၇။ ဘာမြူဒါ တြိဂံနယ်မြေ တို့ပဲဖြစ်ပါတယ်။ အတန်းဒေါင့်စွန်းတစ်နေရာက ကျောင်းသူလေးကတော့ အဖြေလွှာကို မအပ်သေးဘဲ အချိန် တော်တော်ကြာအောင်စဉ်းစားနေပါတယ်။ ဆရာမကအခက်အခဲရှိနေလားလို့မေးလိုက်ပါတယ်။ ကျောင်းသူလေးက ဟုတ်ကဲ့ ကြီးကျယ်အံ့သြစရာတွေက အများကြီးဆိုတော့ စဉ်းစားရခက်နေပါတယ် လို့ပြန်ဖြေပါတယ်။ ဆရာမက ကောင်းပါပြီ အခုဖြေထားတာကို ပြနိုင်မလား လိုအပ်တာကိုလည်း ဖြည့်ပေးမှာပေါ့ လို့ပြန်ပြောလိုက်ပါတယ်။ ကျောင်းသူလေးဖြေထားကတော့ ၁။ အမြင် ၂။ အကြား ၃။ အထိအတွေ့ ၄။ အရသာ ၅။ ခံစားချက် ၆။ ပျော်ရွှင်မှု ၇။ ချစ်ခြင်းမေတ္တာ တို့ပဲဖြစ်ပါတယ်။ ကျောင်းသူလေးရဲ့အဖြေကို ဆရာမဖတ်ပြပြီးတဲ့နောက် စာသင်ခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားပါတယ်...

သင်အသက်သုံးဆယ်ပြည့်ပြီးသောအခါ

Image
၁။ Hangovers (အရက်နာကျခြင်း) ဆိုတာကို အမှန်တကယ်ကြုံတွေ့ လာမည်။ အသက်သုံးဆယ်မတိုင်ခင်ကလည်း ငါ ညက များသွားလို့ Hangover ဖြစ်သွားတယ်တို့ ၊ ငါ ညက ကျိုးသွားတယ်တို့ ဆိုပြီး ပြောတတ်ကြပါတယ်။ ဒါပေမယ့် မနက်မိုးလင်းလာလျှင် လန်းလန်းဆန်းဆန်း ဖြစ်သွားပြီး နောက်နေ့ ညနေမှာ ထပ်မံသောက်ဖို့ အသင့်ပါပဲ။ ဒါပေမယ့် အသက် သုံးဆယ်ပြည့်ပြီးဆိုလျှင်တော့ Hangover ဆိုတာကို နှဖူးတွေ့ ဒူးတွေ့  တွေ့ ရပေတော့မည်။ သောက်တာများသွားပြီးတဲ့ နောက် ၂ ရက် ၃ ရက်လောက်အထိ ခေါင်းကိုက်ခြင်း၊ ခေါင်းနောက်ခြင်း၊ မူးလည်လည်ဖြစ်နေခြင်း၊ ပျို့ အန်ချင်ခြင်းများ ဆက်လက်ရှိနေနိုင်ပါသည်။ ထို့ အတွက်ကြောင့် အသက်သုံးဆယ်ကျော်လျှင် သင့်၏ အရက်သောက်သုံးမှု ပုံစံသည်လည်း လူကြီးဆန်ဆန်သောက်သုံးမှုဖက်သို့ မသိမသာပြောင်းလဲလာပါလိ့မ်မည်။ ၂။ ညရိုင်းများ မှ သိမ်မွေ့ သော ညများ အဖြစ်ပြောင်းလဲလာပေလိမ့်မည်။ Hangovers ၏ နောက်ဆက်တွဲ ရလဒ်ကတော့ အရက်အစား ၀ိုင်ကို ပြောင်းလဲ သောက်သုံးခြင်း၊ ၀ီစကီအကောင်းစားများကိုပဲ စိမ်ပြေနပြေသောက်သုံးခြင်း များ ဖက်သို့ ပြောင်းလဲလာပါမည်။ ထို့ အပြင် လူထူထပ်သော ဘီယာဆိုင်များ၊ အရက်ဘားများ အစား လူနည်းပြီး သူငယ်ချင်းများနှင့် အေး...

သင့်ကလေးငယ်အား ငွေကြေးကို စနစ်တကျသုံးစွဲတတ်အောင် သင်ကြားနည်းများ

Image
လူတော်တော်များများရဲ့  ငယ်ဘ၀မှာ ပထမဦးဆုံးအကြိမ် ပိုက်ဆံနှင့်ရင်းနှီးမှုဟာ စုဗူးက စခဲ့ကြပါတယ်။ မိဘတွေက စုဗူးဝယ်ပေးပြီး မုန့် ဖိုးရတိုင်း စုဆောင်းတတ်ဖို့ သင်ကြားပေးခဲ့ကြပါတယ်။ အဲ့ဒီအတွက် စုဆောင်းမှု (Saving) အပိုင်းကိုတော့ ရင်းနှီးခဲ့ပေမယ့် ပိုက်ဆံကို ဘယ်လိုသုံးစွဲရမယ်ဆိုတာကို အကျွမ်းမ၀င်ခဲ့ကြပါဘူး။ တကယ်တော့ ကလေးတွေရဲ့ စုဆောင်းမှုနှင့် သုံးစွဲမှု အလေ့အကျင့်ဟာ အသက် ၃ နှစ်အရွယ်မှာပင် စတင်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါ့ထက်အရေးကြီးတာကတော့ ကလေးတွေရဲ့ ပိုက်ဆံသုံးစွဲမှု ဗီဇဟာ အသက် ၇ နှစ်မှာ စတင်အခြေတည်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် မိမိရဲ့ ကလေးတွေကို ပိုက်ဆံကို စနစ်တကျသုံးစွဲတတ်ဖို့ အသက် ၇ နှစ်မတိုင်မီမှာပင် သင်ကြားပေးဖို့ လိုအပ်ပါတယ်။ သုတေသနတော်တော်များများရဲ့ တွေ့ ရှိချက်ကတော့ ကလေးတွေရဲ့ ပိုက်ဆံ သုံးစွဲမှု အလေ့အကျင့်ကို မိဘတွေက အများဆုံး လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ဒါက ငြင်းစရာမလိုပါဘူး။ ဒါကြောင့်မိဘများအနေနဲ့ ကလေးငယ်များကို ငယ်စဉ်အခါကပင် ငွေကြေးနဲ့ ပက်သက်လို့ စနစ်တကျသုံးစွဲတတ်ရန် သင်ကြားပေးသင့်ပါတယ်။ အောက်မှာလည်း နမူနာအချက်လေးတွေ ရေးထားပါတယ်။ ၁။ ငွေကြေးသုံးစွဲမှုတွင် သားသမီးများအတွက်စံပြမော်ဒ...

ကလေးငယ်များထံမှသင်ယူနိုင်သည့် သင့်ဘ၀အတွက် သင်ခန်းစာ (၉)ခု

Image
ကလေးငယ်များသည် ချစ်ဖို့ ကောင်းလှသည်။ သူတို့ ၏ အပြစ်ကင်းစင်သောအပြုံးနှင့်နုနယ်လှသော မျက်ဝန်းတစ်စုံက မြင်ရသူတိုင်း၏ စိတ်ကို နူးညံ့သွားစေသည်မှာ အမှန်ပါဖြစ်ပါသည်။ ဒါ့အပြင် လေ့လာတတ်ပါက သူတို့ ထံမှ တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများကိုလည်းရရှိနိုင်ပါသည်။ အောက်မှာ ရေးသားထားသည့်အချက် (၁၀)ချက်သည် ကလေးငယ်များက သင့်အားသင်ကြားပေးနေသည့် ဘ၀သင်ခန်းစာများပင်ဖြစ်ပါသည်။ (၁) ကလေးများသည် ကောင်းစွာအိပ်စက်ကြပါသည်။ ကလေးငယ်တွေ (အထူးသဖြင့်) မွေးကင်းစကလေးငယ်များအတွက် အိပ်စက်ခြင်းသည် ၀င်ငွေကောင်းသောအလုပ်တစ်ခုကဲ့သို့ ပင်ဖြစ်သည်။သူတို့ သည် ထိုအလုပ်ကို စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ လုပ်ဆောင်ကြပါသည်။ သူတို့ သည် တစ်ရက်ကို ၁၀ နာရီမှ ၁၈ နာရီလောက်အထိ အိပ်လေ့ရှိကြပါသည်။ထိုသို့ အိပ်စက်ခြင်းအားဖြင့် သူတို့ ၏ ကိုယ်ခံအားကို တိုးတက်စေသည့်အတွက် ကျန်းမာစေသည်။ သူတို့ ကို စိတ်ကြည်လင်စေပြီး ပျော်ရွှင်နေစေပါသည်။ အကယ်လို့ များ ကလေးငယ်သည် အိပ်အချိန်အလုံအလောက်မရရှိခဲ့ပါက စိတ်ညစ်ညူးပြီး မအီမသာဖြစ်နေတတ်ပါသည်။ ထိုနည်းတူစွာပင် ကျွန်တော်တို့ လူကြီးများအနေဖြင့်လည်း အိပ်စက်ချိန်ကို လုံလောက်စွာရရှိသင့်သည်။ ကလေးများကဲ့သို့ ၁၀ နာရီ၊ ...

အောင်မြင်သော ကလေးများ၏ မိဘများတွင်ရှိသော တူညီသည့်အရာ ၉ ခု

Image
မိဘတိုင်းက သူတို့ ၏သားသမီးများကို အောင်မြင်သော ကလေးများဖြစ်စေချင်ကြတာကြီးပါပဲ။ အဲ့ဒါက မိဘတိုင်းရဲ့ အရိုးရှင်းဆုံးတောင့်တမှုတစ်ခုပါပဲ။ သို့ ပေမယ့် ဒီတောင့်တမှု တကယ်ဖြစ်လာဖို့ ကလည်း အင်မတန်ခက်ခဲတဲ့ အရာပဲဖြစ်ပါတယ်။ ဒါဆို ကလေးတွေအောင်မြင်ဖို့ အတွက် သေချာအောင်ဘယ်လိုလုပ်လဲ။ အချို့ ကလေးတွေကတော့ မျိုးရိုးဗီဇအရ တခြားကလေးတွေထက် အောင်မြင်မှုတွေပိုရနိုင်တယ်လို့ ဆိုပေမယ့် သာမန်ကလေးတစ်ယောက်ကိုလည်း ဘ၀မှာအောင်မြင်အောင် ပြုပြင်ထိန်းသိမ်းပေးလို့ ရပါတယ်။ အောက်မှာဖော်ပြမယ့်အချက်တွေကတော့ သိပ္ဗံစမ်းသပ်မှုတွေ ကနေပါ ထောက်ခံမှု ပေးထားတဲ့  အောင်မြင်တဲ့ ကလေးတွေရဲ့ မိဘတွေမှာလုပ်လေ့ ရှိတဲ့ တူညီတဲ့ အရာ (၉)ခုပဲဖြစ်ပါတယ်။ ကဲဖတ်ကြည့်ကြရအောင်။ ၁။ ကလေးများကို ငယ်စဉ်ကတည်းက တာဝန်လေးများကို ပုံမှန်ပေးပါ။ ကလေးငယ်များကို ငယ်စဉ်ကတည်းက သူတို့ လုပ်နိုင်မည့် တာဝန်လေးများကို ပုံမှန်ပေးခြင်းအားဖြင့် ကလေးတွေကို တာဝန်ယူစိတ်၊ လုပ်ကိုင်ချင်စိတ်များ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထိုကလေးငယ်များကြီးပျဉ်းလာတဲ့ အခါမှာလည်း ၀န်ထမ်းကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်လို့ ရှာဖွေ တွေ့ ရှိထားပါတယ်။ ဒါပေမယ့် တစ်ချက်သတိေ...

သင့်ရဲ့ သားသမီးကို စမတ်ကျတဲ့ လူတော်လေးတွေ ဖြစ်လာစေဖို့ ……………….

Image
ယနေ့ ခေတ်ကလေးတွေဟာ သူတို့ မိဘတွေ၊ ဖိုးဖိုးဖွားဖွားတွေထက်ပိုပြီး တော်ကြတယ်လို့ သိပ္ဗံပညာရှင်တွေကဆိုကြပါတယ်။ သုတေတနတွေ့ ရှိချက်တော်တော်များများ တစ်နှစ်ထက်တစ်နှစ် ကလေးတွေရဲ့ တိုးတက်ပြောင်းလဲမှုဟာ ပိုမိုမြင့်မားလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီတိုင်း နေနေရုံနဲ့ တော့ သင့်ကလေးဟာ ပိုမို စမတ်ကျလာဖို့ မလွယ်ပါဘူး။ အောက်မှာ ရေးထားတဲ့ အချက်လေးတွေကိုတော့ လိုက်နာ ဖို့ လိုတာပေါ့။ (၁) သူတို့ လေးတွေကို အားကစားလုပ်ခိုင်းပါ။ အားကစားလုပ်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းတဲ့အချက်ဖြစ်ကြောင်း လူတိုင်းလက်ခံပါတယ်။ ကလေးငယ်တွေအတွက်ကျတော့ အားကစားလုပ်ခြင်းဟာ ကျန်းမာစေတဲ့ အပြင် စကားလုံးအသစ်တွေ၊ ဘာသာစကားအသစ်တွေကို ၂၀% ပိုမိုမြန်ဆန်စွာ တတ်ကျွမ်းစေနိုင်ပါတယ်တဲ့။ ဒါကြောင့်မို့ လို့ သင့်ကလေးငယ်စကားလုံးတွေစတင်ပြောဆို သင်ယူနေတဲ့ အချိန်မှာကတည်းက သူ့ ကို သင့်တော်တဲ့ အားကစားတစ်ခုခု ကိုလုပ်ခိုင်းသင့်ပါတယ်။ သင့်တော်မယ့် အားကစားသင်တန်းတစ်ခုခုမှာ စာရင်းသွင်းပြီး သင်ယူခိုင်းသင့်ပါတယ်။ (၂) သင့်ရဲ့ ဝါသနာပါတဲ့ အရာတွေမှာ ပါဝင်ခိုင်းပါ။ သင်ဟာ မုန့် လုပ်ရတာကို ၀ါသနာပါတယ်ဆိုယင် ကလေးတွေနဲ တူတူလုပ်ပါ။ သစ်ပင်စိုက်ရတာ ၀ါသနာပါ...

ကလေးလေးတွေဘာ့ကြောင့်ငိုလဲ ဘယ်လိုသိနိုင်မလဲ

Image
မွေးကင်းစအချိန်နဲ့ စကားမပြောတတ်သေးခင်အချိန်မှာ ကလေးတွေငိုရင် မိဘတွေပျာယာခတ်ကြပါတယ်။ သားဦးဆိုရင်ပိုဆိုးတာပေါ့။ ကလေးကိုချော့မရ ဘာဖြစ်မှန်းမသိနဲ့ မိဘတွေစိတ်ပူပန်သောကရောက်ရ လေ့ရှိပါတယ်။ ကလေးဘာ့ကြောင့်ငိုတယ်ဆိုတာသိဖို့ဘယ်လို အဖြေရှာကြမလဲ။ မိဘတွေဟာကလေးကို အစာ၊ နွေးထွေးမှု အစရှိသဖြင့် လိုအပ်သမျအကုန်ဖြည့်စည်းပေးကြပါတယ်။ ကလေးကစကားမပြောတတ်သေးတဲ့အတွက် သင်နဲ့ဆက်သွယ်ဖို့လိုအပ်လာရင် သူတခုခုလိုအပ်နေတာကို သင့်ကိုသိစေချင်ရင် ငိုကြပါတယ်။ တခါတလေကျရင် သင့်ရဲ့ ယုယမှုကိုလိုချင်လို့ငိုတတ်ကြပါတယ်။ အောက်မှာတော့ ကလေးတွေငိုရတဲ့အကြောင်းအရင်းနဲ့ ဘယ်လိုချော့နိုင်မလဲဆိုတာဖေါ်ပြထားပါတယ်။ ၁။ ဗိုက်ဆာတယ် ဗိုက်ဆာတာဟာ ကလေးငိုရတဲ့အဓိကအကြောင်းအရင်းဖြစ်လေ့ရှိပါတယ်။ အဓိကအားဖြင့် မွေးကင်းစကလေး တွေပေါ့။ ကလေးကငယ်လေ ပိုပြီးဗိုက်ဆာကြလေလေပါ။ ကလေးတွေရဲ့အစာအိမ်ကသေးပြီး အစာတွေကကြာကြာမခံပါဘူး။ အဲ့ဒါကြောင့်ဗိုက်ဆာတာမြန်ကြတာပါ။ မိခင်နို့တိုက်နေရင် ကလေးတွေပိုအဆာမြန်ပါတယ်။ နို့မှုန့်ဖျော်တိုက်မယ်ဆိုရင်တော့ နို့သောက်ပြီး ၂နာရီလောက်ကြာမှ ပြန်ဆာတတ်ကြပါတယ်။ ကလေးကငိုရင်းလက်စုပ်နေရင် နို့ဆာတာဖြစ်ဖို့များပါတယ်။ နို့တိုက်တာနဲ့ချ...