ကျောင်းသူလေးပြောတဲ့ ကမ္ဘာ့အံ့ဖွယ် (၇) ပါး


စာသင်ခန်းထဲမှာ ဆရာမက ကျောင်းသားတွေကို ကမ္ဘာ့အံဖွယ် ၇ မျိုးအကြောင်းမေးခွန်းထုတ်လိုက်ပါတယ်။
ကျောင်းသား ကျောင်းသူတွေက ကိုယ်လေ့လာထားဖူးသမျှကို တစ်ယောက်တစ်ပေါက်ဖြေဆိုကြပြီး 
တစ်ခန်းလုံးဆူညံသွားပါတော့တယ်။

ကျောင်းသားတွေအများဆုံးဖြေဆိုကြတာကတော့

၁။ အီဂျစ် ပိရမစ်ကြီးများ
၂။ တခ်ျမဟာ
၃။ Grand Canyon
၎။ ပနားမား တူးမြောင်း
၅။ အင်ပါယာအဆောက်အအုံကြီး
၆။ တရုတ်ပြည်ကမဟာတံတိုင်း
၇။ ဘာမြူဒါ တြိဂံနယ်မြေ တို့ပဲဖြစ်ပါတယ်။
အတန်းဒေါင့်စွန်းတစ်နေရာက ကျောင်းသူလေးကတော့ အဖြေလွှာကို မအပ်သေးဘဲ အချိန်
တော်တော်ကြာအောင်စဉ်းစားနေပါတယ်။

ဆရာမကအခက်အခဲရှိနေလားလို့မေးလိုက်ပါတယ်။ ကျောင်းသူလေးက ဟုတ်ကဲ့ ကြီးကျယ်အံ့သြစရာတွေက
အများကြီးဆိုတော့ စဉ်းစားရခက်နေပါတယ် လို့ပြန်ဖြေပါတယ်။ ဆရာမက ကောင်းပါပြီ အခုဖြေထားတာကို
ပြနိုင်မလား လိုအပ်တာကိုလည်း ဖြည့်ပေးမှာပေါ့ လို့ပြန်ပြောလိုက်ပါတယ်။ ကျောင်းသူလေးဖြေထားကတော့

၁။ အမြင်
၂။ အကြား
၃။ အထိအတွေ့
၎။ အရသာ
၅။ ခံစားချက်
၆။ ပျော်ရွှင်မှု
၇။ ချစ်ခြင်းမေတ္တာ တို့ပဲဖြစ်ပါတယ်။

ကျောင်းသူလေးရဲ့အဖြေကို ဆရာမဖတ်ပြပြီးတဲ့နောက် စာသင်ခန်းတစ်ခန်းလုံး တိတ်ဆိတ်သွားပါတယ်။
ဟုတ်ပါတယ်။ ကျောင်းသူလေးရဲ့အဖြေက ရိုးရှင်းပြီး ကျွန်မတို့ပိုင်ဆိုင်ထားပြီးသားအရာတွေပါပဲ။ ဒီအရာတွေသာ
မရှိရင် အသက်ရှင်ရခြင်းဟာ အဓိပ္ပာယ်မပြည့်စုံတော့ပါဘူး။
ဒီကျောင်းသူလေးရဲ့ဖြေလွှာကပေးတဲ့သင်ခန်းစာဟာ ကမ္ဘာပေါ်ကအကြီးကျယ်အခမ်းနားဆုံး တန်ဖိုးအကြီးဆုံးအရာတွေဟာလူလက်နဲ့ဖန်တီးလုပ်ယူလို့မရဘူးဆိုတာပါပဲ။

Hnin Pwint

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။