Posts
Showing posts with the label Entrepreneur
ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ အသက်ငယ်လွန်းတယ်ဆိုတာမရှိ
Image
ငါအသက်ငယ်သေးလို့ လုပ်ငန်းတစ်ခုတည်ထောင်ဖို့မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။ ပတ်ဝန်းကျင်ကပြောလာရင် လည်းနားမယောင်ပဲကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကအယူအဆတွေထဲမှာ အသက်ငယ်သေးရင်ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးဘူး မိဘအုပ်ထိန်းမှုအောက်မှာပဲရှိသင့် တယ်လို့ထင်ကြပါတယ်။ အသက်ငယ်သေးရင်အစွမ်းအစမရှိသေးဘူးလို့အထင်အမြင်သေးတတ်ကြပါတယ်။ ဒါပေမယ့် အသက်ဘယ်လောက်ငယ်ငယ်စီးပွားရေးစလုပ်လို့ရနေပါပြီ။ ကိုယ်ပိုင်လုပ်ငန်းကိုပြောတာပါ။ အောက်မှာရေးထားတဲ့ အချက်တွေကတော့ အသက်ငယ်ပေမယ့် စီးပွားရေးလုပ်ငန်းစတင်ချင်သူတွေ အတွက် အကျိုးရှိစေမယ့် လိုက်နာစရာအချက်လေးတွေပဲဖြစ်ပါတယ်။ (၁) လေ့လာသင်ယူပါ။ အတွေ့အကြုံမရှိသေးလို့ဆိုပြီးလက်လျော့ရင်တော့ အတွေ့အကြုံဘယ်တော့မှရလာမှာမဟုတ်ပါဘူး။ ငယ်ရွယ် သေးတဲ့အခါမှာပိုပြီးလေ့လာသင်ယူနိုင်စွမ်းရှိပါတယ်။ အမှားတွေတော့ရှိမှာပါပဲ ဒါပေမယ့် ငယ်ရွယ်သေးတဲ့ အတွက်အမှားထဲကနေသင်ယူနိုင်ပြီး အမှားပြင်နိုင်ဖို့အချိန်ပိုရမှာဖြစ်ပါတယ်။ အတွေးအမြင်သစ်တွေ အကြံဥာဏ်အသစ်တွေပိုများတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ (၂) ပိုက်ဆံစုပါ။ ဝင်ငွေမရှိသေးတဲ့အချိန်မှာဘယ်လိုစီးပွားရေးလုပ်မလဲ။ မုန့်ဖ...
ဝန်ထမ်းဘ၀မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေ လိုက်နာသင့်သည့်အချက်များ
Image
ငွေအရင်းနဲနဲဖြင့် စီးပွားရေးလုပ်ငန်းစတင်နည်း
Image
စီးပွားရေးလုပ်ငန်း တစ်ခု စတင် အကောင်အထည်ဖော်ဖို့ ငွေအရင်းအနှီးအတိုင်းအတာ တစ်ခုအထိတော့ လိုအပ်တာပါပဲ။ အဲ့ထက်ပိုပြီးအရေးကြီးတာက လုပ်ငန်းစတင်ပြီးမှ နောက်ပိုင်းမှာ ဆက်လက်လည်ပတ်ဖို့ အရင်းအနှီး မရှိတော့တာပါပဲ။ ဒီဆောင်းပါးမှာ ငွေအရင်းနဲနဲ နဲ့ စီးပွားရေးလုပ်ငန်းကို စတင်နိုင်မယ့် နည်းလမ်းများကို ရေးသွားမှာပါ။ (၁) ဈေးကွက်ရှိပြီးသား ၀ယ်လိုအားရှိပြီးသား စီးပွားရေးလုပ်ငန်းကို ရွေးချယ်ပါ။ သင့်အနေနဲ့  အခြားသူတွေ မလုပ်သေးတဲ့ လုပ်ငန်းသစ်တစ်ခုကို အကောင်အထည်ဖော်မယ်ဆိုလျှင် ဈေးကွက်အခြေအနေ၊ သုံးစွဲသူ အခြေအနေ အစရှိတာတွေကို လေ့လာမှုတွေ၊ သုတေသနတွေ လုပ်ရတော့မှာပါ။ အဲ့ဒီအတွက် ကုန်ကျစရိတ်တွေ များမှာပါ။ အဲ့ဒီလို မဟုတ်ပဲ သင့်မှာ ထူးခြားတဲ့ marketing idea တွေ ရှိတယ်ဆိုလျှင်တော့ ဈေးကွက်ရှိပြီးသား စီးပွားရေးလုပ်ငန်း ကိုပဲ ရွေးချယ်သင့်ပါတယ်။ ဒါပေမယ့် သင်လုပ်ရမှာက အခြား သူတွေထက်ပိုထူးတဲ့ အကြံဥာဏ်တွေ ၀န်ဆောင်မှုတွေကို ထပ်ဖြည့်ရမှာပါ။ နောက်တစ်ခုကတော့ သင့်ဝန်ဆောင်မှု အပေါ် စိတ်ချယုံကြည်ပြီး ရေရှည်သုံးစွဲမယ့် အမာခံသုံးစွဲသူများ ရှိလာအောင် ကြိုးစားပါ။ ထိုသူတွေကနေ တဆင့် အခြားသူတွေကို သင့် ၀န်ဆောင်မှု အကြောင်...
Facebook ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် Dustin Moskovitz
Image
Dustin ဟာ အင်တာနက်စွန့် ဦးတီထွင်သူတစ်ယောက်ဖြစ်ပြီး Mark Zukerberg, Eduardo Saverin, Andrew McCollum တို့ နဲ့ အတူ Facebook ကိုပူးပေါင်းတည်ထောင်ခဲ့သူဖြစ်ပါသည်။ ၂၀၀၈ မှာတော့ သူဟာ Facebook ကနေ ထွက်ခွါခဲ့ပြီး Asana application ကို Justin နဲ့ အတူ တည်ထောင်ခဲ့ပါတယ်။ 2011 မတ်လမှာတော့ Dustin ကို အသက်အငယ်ဆုံး ဘီလျီယံနာအဖြစ် Forbes ကသတ်မှတ်ပေးခဲ့ပါတယ်။ အဲ့ဒီလို ဘီလျီယံနာဖြစ်စေတဲ့ အချက်ကတော့ သူပိုင်ဆိုင်ထားတဲ့ Facebook က share တွေကြောင့်ဖြစ်ပါတယ်။ သူဟာ Facebook မှာ share 2.34% ပိုင်ဆိုင်ထားပါတယ်. သူ့ ရဲ့ နောက်ကြောင်းကို ကြည့်မယ်ဆိုလျှင်တော့ Moskovitz ဟာ ဖလော်ရီဒါမှာကြီးပြင်းခဲ့ပါတယ်။ ဇူကာဘတ်ထက် ၈ ရက်ငယ်ပါတယ်။ Moskovitz ဟာလည်း ဂျူးလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူ့ ရဲ့  ဖခင်ကတော့ စိတ်ရောဂါဆရာဝန်တစ်ဦးဖြစ်ပြီး မိခင်ကတော့ ကျောင်းဆရာမနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အထက်တန်းကျောင်းပြီးနောက်မှာ Moskovitz ဟာ Harvard တက္ကသိုလ်ကို တတ်ရောက်ခဲ့ပြီး economic ဘာသာရပ်ကို အထူးပြုယူခဲ့ပါတယ်။ Facebook စတင်ပြီးနောက်ပိုင်းမှာတော့ သူနဲ့ Mark Zukerberg ဟာ Palo Alto ကိုပြောင်းရွှေ့ ခဲ့ပြီး Facebook မှာ အချိန်ြ...
Facebook ကို ပူးတွဲတည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Eduardo Saverin အကြောင်း
Image
Social Network ဆိုတဲ့ရုပ်ရှင်ကြည့်ဖူးလျှင်တော့ Eduardo Saverin ကိုသိပါလိမ့်မယ်။ Mark Zukarberg ရဲ့ သူငယ်ချင်း၊ Facebook စတင်ဖို့ ငွေအရင်းအနှီးထုတ်ပေးတဲ့သူ၊နောက်တော့ Facebook ကနေ Mark ZukerBerg ရဲ့ ကန်ထုတ်ခြင်းကို ခံရတဲ့ပြီး နောက်ပိုင်း Mark ZukerBerg ကိုတရားပြန်စွဲခဲ့တဲ့သူ၊ အမှုတွေရင်ဆိုင်ပြီးနောက်ပိုင်း Facebook မှာ ပူးတွဲတည်ထောင်သူရာထူးကိုပြန်ရခဲ့ပြီး Facebook ရဲ့ ရှယ်ယာ အချို့ ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လူတော်တော်များများက Facebook ဆိုလျှင် ZukerBerg တစ်ယောက်တည်းကိုပဲ ပြေးမြင်တတ်ကြတဲ့ အတွက် Eduardo Saverin အကြောင်းလေးရေးချင်ပါတယ်။ Saverin ဟာ ဘရာဇီးနိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပြီး ချမ်းသာတဲ့ ဂျူး-ဘရာဇီးမိသားစုကမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ ရဲ့ အဖေကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊ shpping လုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေကိုလုပ်ကိုင်ပါတယ်။ သူ့ အမေကတော့စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူ့ အဖိုးကတော့ ရိုးမေးနီးယားနိုင်ငံမှာ Tip Top ဆိုတဲ့ ကလေးအထည် Brand တွေရောင်းတဲ့ Retail Shop chain ကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။  ၁၉၉၃ ခုနှစ်...