ဝန်ထမ်းဘ၀မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေ လိုက်နာသင့်သည့်အချက်များ
(၁) ကိုယ့်လုပ်ငန်းမှာ မိသားစုဝင်များ ပါဝင်ပါစေ။
ကိုယ်က ၀န်ထမ်းဖြစ်နေတဲ့အတွက် ကိုယ်စတင်ထားတဲ့ လုပ်ငန်းကို အချိန်ပြည့်ပါဝင်ဆောင်ရွက်နိုင်မှာမဟုတ်ပါ။ အဲ့ဒီအတွက် ယုံကြည်စိတ်ချရတဲ့ မိသားစုဝင်တစ်ဦးဦး ကိုပါ ကိုယ့်လုပ်ငန်းထဲမှာ ပါဝင်ဆောင်ရွက်ပါစေ။ ဒါမှသာ စိတ်ချလက်ချလွှဲအပ်သွားနိုင်မှာပါ။
မနက် ၉ ကနေ ညနေ ၅ အထိ ၀န်ထမ်းဘ၀ ရုံးသွားရပါတယ်။ အဲ့ဒါဆို ရုံးကပြန်လာလို့ ညဖက် ကိုယ်ပိုင်အချိန်ဟာ ကိုယ့်လုပ်ငန်းကို ပေးရမှာပါ။ အားလပ်ချိန်တွေကို ကိုယ်ပိုင်လုပ်ငန်းအတွက်ဖဲ့ မပေးချင်ဘူးဆိုလျှင်တော့ တော်တော်ခက်ခဲပါမယ်။
(၃) ရုံးမှာ ကိုယ်ပိုင်လုပ်ငန်းကိစ္စများကို မဆောင်ရွက်ပါနဲ့ ။
ရုံးရောက်တာနဲ့ ကိုယ်လုပ်စရာရှိတာကိုလုပ်ပါ။ ကိုယ့်လုပ်ငန်းအတွက်ပဲ စိတ်ရောက်နေတာနဲ့ ဝန်ထမ်းဘ၀ တာဝန်တွေကို မထိခိုက်ပါစေနဲ့ ။
(၄) စက္ကန့် တိုင်းအချိန်တိုင်းကို အကျိုးရှိစွာအသုံးပြုပါ
နေ့ လည်စာစားချိန်၊ မနက်ရုံးမသွားမှီအချိန်တွေကိုအကျိုးရှိစွာအသုံးချပါ။ Bus car ပေါ်မှာ လမ်းမှာ traffic ပိတ်နေတဲ့အချိန်တွေကို အကျိုးရှိစွာအသုံးချပါ။
(၅) စည်းမကျော်ပါနဲ့ ။
ရုံးရဲ့ ဖုန်းကို အသုံးပြုပြီး ကိုယ့်စီးပွားရေးအတွက် အသုံးချတာ၊ ရုံးချိန်မှာ ကိုယ့်လုပ်ငန်းအတွက် လုပ်နေတာတွေကို ရှောင်ကြဉ်ပါ။ ရုံးပိုင်ပစ္စည်းများကို ကိုယ်ပိုင်လုပ်ငန်းအတွက်အသုံးပြုခြင်းရှောင်ကြဉ်ပါ
(၆) ရိုးသားပါ။
သင့်မှာ တခြားပြင်ပအလုပ်ရှိတယ်ဆိုတာကို သင့်အထက်အရာရှိကို အသိပေးစရာရှိတာပေးပါ။ သင့်ရဲ့ ရုံးတာဝန်များကို မထိခိုက်နိုင်တဲ့အလုပ်ဆိုလျှင် အထက်အရာရှိတော်တော်များများက ခွင့်ပြုတတ်ပါတယ်။ ကံကောင်းလျှင် အကြောင်းတစ်ခုခုတိုက်ဆိုင်လျှင် သင်လုပ်ငန်းရှိနေတဲ့အတွက် အဲ့ဒါကို ပါ ထည့်သွင်းစဉ်းစားပြီး သင်အဆင်ပြေဖို့ စီစဉ်မှုတွေပေးပါလိမ့်မယ်။
Prospect Myanmar 
Comments
Popular posts from this blog
အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။
အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ
Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။