သင့်မှာ အသုံးစရိတ် ပိုက်ဆံ နည်းနေတဲ့ အချိန် (လကုန်ရက်နီးလာသည့် အချိန်) မှာ လုပ်သင့်တဲ့ အချက်များ
ဒီလမှာအသုံးစရိတ်များသွားလို့ နောက်လ လစာ မရခင် ကျန်တဲ့ ရက်ကလေးတွေကို ဘယ်လို ဖြတ်ကျော်ကြမလဲ။ မစားမသောက် မလှုပ်မယှက်နေလို့ လည်း မဖြစ်နိုင်ပါ။ မိမိ တစ်ယောက်တည်းဆိုယင် တော်ပါသေးတယ်။ မိသားစုတွေ ရှိလာလျှင်တော့ သူတို့ ကိုလည်း မစားကြနဲ့ ၊ မသောက်ကြနဲ့ ၊ ဘာမှ မလုပ်ကြနဲ့ လို့ ပြောလို့ မရပေ။ ဒါဆို ဘယ်လိုနည်းနဲ့ ကျော်ဖြတ်ကြမလဲ။ ပျော်စရာလေးလည်း ဖြစ်၊ ပိုက်ဆံ လည်း ကုန်ကျမှု မများပဲ အချိန်ကုန်ကျော်ဖြတ်နည်း များကို အောက်မှာ ရေးလိုက်ပါတယ်။ (မှတ်ချက်။ ။ အချက်အားလုံးသည် လူတိုင်းအတွက်တော့ အသုံးဝင် ချင်မှ အသုံးဝင်ပေမည်။ နေရာ ဒေသပေါ်လိုက်ပြီးလည်း ကွာခြားမှု ရှိနိုင်ပါတယ်)။ ၁။ DVD ခွေအရောင်းဆိုင် ကို သွားပြီး ခွေတွေ ၀ယ်မယ့် အစား သင့်မှာ ရှိတဲ့ ရုပ်ရှင်DVD အဟောင်းများကို ပြည်လည် မွှေနှောက်ပါ။ သင် မေ့နေလောက်ပြီး ဖြစ်တဲ့ဇာတ်ကားကောင်းများ ပြန်လည် တွေ့ ရှိပြီး ကြည့်ရှုနိုင်ပါတယ်။ ကံကောင်းလျှင် ၀ယ်ထားပြီး မကြည့်ရသေးတဲ့ ဇာတ်ကားများ တောင်တွေ့ ရှိနိုင်ပါသေးတယ်။ ၂။ သင့်၏ ကားကို ကိုယ်တိုင် ရေးဆေးကြောပါ။ ဆိုင်မှာ သွားမဆေးပါနဲ့ ။ ကိုယ်လက်လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ အချိန်လည်း အကုန်မြန်ပါလိမ့်မယ်။ ပိုက်ဆံ...