Posts
Showing posts with the label Productivity
SEO ဆိုတာဘာလဲ။
Image
Digital marketing လောကနဲ့ကျွမ်းဝင်တဲ့သူတွေကတော့ SEO ဆိုတာကိုနားလည်ပါလိမ့်မယ်။  SEO ရဲ့အရှည်ကောက်ကတော့ Search Engine optimization လို့ ခေါ်ပါတယ်။ ကိုယ့် ရဲ့ website ကို google လိုမျိုး search engine တွေက သိအောင် ပြုလုပ်ရပေးတာမျိုးဖြစ်ပါတယ်။ ဘာလို့ search engine တွေက သိအောင်ပြုလုပ်ပေးရတာလဲ။ Website တစ်ခုဖန်တီးပြီးတာနဲ့အဲ့ဒီwebsite ကို လူတွေ ရှာဖွေပြီး ၀င်ကြည့်ကြလိမ့်မယ်လို့ မှတ်ယူထားရင် မှားပါလိမ့်မယ်။ ကိုယ့် website က brand တစ်ခုဖြစ်နေရင်တော့ လူတွေက အဲ့ဒီ website နာမည်ကို browser မှာရိုက်ပြီး ရှာကြပါလိမ့်မယ်။ တကယ်လို့ ကိုယ့် website က brand တစ်ခုမဟုတ်ဘူးဆိုရင်တော့ အဲ့ဒီလို ရှာဖွေ့ကြလိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ အဲ့ဒါဆိုရင် ကိုယ့် website ကိုလူတွေတွေ့ အောင်ဘယ်လိုလုပ်မလဲ။ လူတွေဝင်ကြည့်အောင်ဘယ်လိုလုပ်မလဲ။ အလွယ်ဆုံးနည်းကတော့ social media တွေပေါ်ကနေ ကိုယ့် website ကို share တာဖြစ်ပါတယ်။ ဒါဆိုရင်တော့ social media ကနေ website ကို လူတွေရောက်လာပါလိမ့်မယ်။ ဒါပေမယ့် social ပေါ်ကနေ ရောက်လာတဲ့ လူတွေအပြင် အခြားနေရာကနေလည်း ရောက်နိုင်ပါသေး...
Workaholic တစ်ယောက်ရဲ့ လက္ခဏာ (၁၀)ချက်
Image
စစ်တမ်းတွေအရ သာမန် လူတစ်ယောက်ဟာ သူ့ ဘ၀ တစ်သက်တာရဲ့ စုစုပေါင်း နာရီ ကိုးသောင်းလောက်ကို အလုပ်အတွက် ကုန်ဆုံးလေ့ ရှိပါတယ်။ အစည်းအဝေး တစ်ခု စီစဉ်ဖို့ အတွက် လိုအပ်တာတွေ ဆွေးနွေးတိုင်ပင်ဖို့ လုပ်တဲ့    အစည်းအဝေး ၁၀ ခုလောက် တက်နေရာတာမျိုး ကြုံဖူးမှာပါ။ အဲ့ဒါတွေဟာ သင့်ရဲ့  အချိန်တွေကို တကယ်ကို ကုန်ဆုံးစေနိုင်ပါတယ်။ သင့်ရဲ့ အချိန်တွေသာ ကုန်ဆုံးနေပေမယ့် အလုပ်ရှင်တော်တော်များများကတော့ သင့်ရဲ့ အလုပ် ဘ၀နဲ့ ကိုယ်ပိုင်ဘ၀ကို မျှတအောင် စီစဉ်ပေးဖို့ ရာ ခေါင်းထဲ မှာ မရှိပါဘူး။ ဒါကြောင့်မို့ လို့  အလုပ်နဲ့ ကိုယ်ပိုင်ဘ၀ မျှတအောင် စီစဉ်ပေးဖို့ ရာ တာဝန်ရှိတာကတော့ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ အခု ဖော်ပြမယ့်အချက် ၁၀ ချက် ကတော့ workaholic တွေရဲ့ အားနည်းချက် ၁၀ ချက်ပါပဲ။ အဲ့ဒီ workaholic တွေရဲ့ အားနည်းချက် ၁၀ ချက်ကို high performer တွေနဲ့ နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။ ၁။ Workaholic တွေက အရေအတွက်ကို ဦးစားပေးတယ်။ Workaholic တွေက အလုပ်တစ်ခု ပြီးမြောက်ဖို့ အတွက် သူတို့ လုပ်ခဲ့ရတဲ့ အချိန်တွေကို ဂုဏ်ယူနေကြချိန်မှာ high performer တွေကတော့ နောက်ဆုံး ရလဒ်ကို ပဲ ကြည့်...
Middle Management position မှာဘယ်လိုရှင်သန်မလဲ။
Image
အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။
Image
သင့်ဘ၀မှာ တစ်ကြိမ်ကြိမ်မှာ လက်ရှိအလုပ်ကနေထွက်ပြီးအခြားအလုပ်တစ်ခုပြောင်းဖို့ ကြုံတွေ့လာရမယ့်အချိန်တွေရှိနိုင်ပါတယ်။ အဲ့ဒီအခါမှာ ကိုယ်အလုပ်ထွက်မယ့်အကြောင်းကို အသိပေးမယ့် အလုပ်ထွက်စာရေးရပါတော့မယ်။ အဲ့ဒီအလုပ်ထွက်စာမှာဘာအချက်တွေပါဝင်သင့်တယ်ဆိုတာအောက်မှာ ဆက်လက်ဖတ်ရှုကြည့်ပါ။ (၁) ကိုယ့်အလုပ်ရှင် (သို့) အထက်အရာရှိကိုကျေးဇူးတင်ကြောင်းပြောပါ။ သင်က အလုပ်အပေါ်ဘယ်လောက်ပင်စိတ်ကုန်နေပါစေ၊အထက်အရာရှိကိုဘယ်လောက်ပင်မုန်းတီးနေပါစေ အလုပ်ထွက်စာမှာတော့ သင့်ကို လက်ရှိအလုပ်မှာတာဝန်ပေးထားတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောဆိုလိုက်ပါ။ ဘယ်လောက်ကြီးပဲဆိုးတဲ့အလုပ်ပတ်ဝန်းကျင်ဖြစ်ပါစေ ဒီအလုပ်ကနေသင်ယူနိုင်ခဲ့တယ်၊ တိုးတတ်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာကိုဖော်ပြပေးပါ။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်းကောင်းမွန်တဲ့လုပ်ငန်းခွင်ရခဲ့ကြောင်းဖော်ပြလိုက်ပါ။ (၂) ဘာကြောင့်အလုပ်ထွက်ရတယ်ဆိုတာကို ဖော်ပြရပါမယ်။ အသေးစိပ်ရေးစရာမလိုပါဘူး။ နောက်တစ်ခုကတော့ စိတ်ညစ်လို၊ သူဌေးကို မကြိုက်လို့ အစရှိတာတွေ တော့မရေးသင့်ပါဘူး။ ကျောင်းပြန်တတ်စရာရှိလို့ ၊ မိဘကို ကူစရာရှိလို့ အစရှိတာမျိုးရေးသင့်ပါတယ်။ (၃) ၀န်ထမ်းအပြောင်းအလဲကို ကူညီမ...
Steve Job ထံမှ ရရှိသော ဘ၀နှင့်လုပ်ငန်းခွင် သင်ခန်းစာ (၁၀)ခု
Image
၁။ ဈေးရောင်းရာတွင် ကိုယ်ချင်းစာ တရားထားရှိပါ။ ဈေးရောင်းရာမှာတင်မကပဲ ၀န်ဆောင်မှု တစ်ခုခု ပေးရာတွင်ဖြစ်ဖြစ်၊ အကြံပေးလုပ်ငန်းလုပ်ရာတွင်ဖြစ်ဖြစ် အရေးအကြီးဆုံးက ကိုယ့် customers အပေါ်မှာ ကိုယ်ချင်းစာတရားထားပြီး နားလည်နိုင်ဖို့ ပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင် သူ့ နေရာမှာ ၀င်နေပြီး သင်ပေးနေတဲ့ ၀န်ဆောင်မှု ကို ပြန်လည်သုံးသပ်ကြည့်ပါ။ သင့်ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ဖို့ အကြံဥာဏ်ကောင်းများ ပိုမိုရရှိလာပါလိမ့်မည်။ ၂။ ကိုယ်လုပ်လို့ ပျော်သည့် အလုပ်ကိုသာလုပ်ပါ။ Steve jobs သည် သူ့ ဘ၀တစ်လျှောက်လုံးတွင် Company ကို ဦးဆောင်ခြင်းမှလွဲပြီး ကျန်သည့်အအချိန်တွင် သူ့ စိတ်ဝင်စားသည့် နည်းပညာပိုင်းကို သာလုပ်ကိုင်ခဲ့ပါသည်။ လူတိုင်းမှာ အဆင်နေတဲ့ အလုပ်နဲ့ အဆင်မပြေတဲ့ အလုပ်ရှိနေနိုင်ပေမယ့် သင့်ကိုယ်သင် မေးရမှာက ဒီအလုပ်ဟာ သင်လုပ်ချင်တဲ့အလုပ်လား ဆိုတာပါပဲ။ လုပ်နေတဲ့အလုပ်မှာ ပျော်ရဲ့ လားဆိုတာကို မေးသင့်ပါတယ်။ သင့်ကို ပျော်ရွှင်စေတဲ့ အလုပ်မှာသာ လုပ်ပါ။ ၃။ သင့် ရောင်းကုန်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ဒါပေမယ့် သုံးရ အခက်အခဲဆုံးနဲ့ ဈေးအကြီးဆုံး မဖြစ်ပါစေနဲ့ ။ နည်းပညာကုန်ပစ္စည်းတေ...
ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ အသက်ငယ်လွန်းတယ်ဆိုတာမရှိ
Image
ငါအသက်ငယ်သေးလို့ လုပ်ငန်းတစ်ခုတည်ထောင်ဖို့မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။ ပတ်ဝန်းကျင်ကပြောလာရင် လည်းနားမယောင်ပဲကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကအယူအဆတွေထဲမှာ အသက်ငယ်သေးရင်ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးဘူး မိဘအုပ်ထိန်းမှုအောက်မှာပဲရှိသင့် တယ်လို့ထင်ကြပါတယ်။ အသက်ငယ်သေးရင်အစွမ်းအစမရှိသေးဘူးလို့အထင်အမြင်သေးတတ်ကြပါတယ်။ ဒါပေမယ့် အသက်ဘယ်လောက်ငယ်ငယ်စီးပွားရေးစလုပ်လို့ရနေပါပြီ။ ကိုယ်ပိုင်လုပ်ငန်းကိုပြောတာပါ။ အောက်မှာရေးထားတဲ့ အချက်တွေကတော့ အသက်ငယ်ပေမယ့် စီးပွားရေးလုပ်ငန်းစတင်ချင်သူတွေ အတွက် အကျိုးရှိစေမယ့် လိုက်နာစရာအချက်လေးတွေပဲဖြစ်ပါတယ်။ (၁) လေ့လာသင်ယူပါ။ အတွေ့အကြုံမရှိသေးလို့ဆိုပြီးလက်လျော့ရင်တော့ အတွေ့အကြုံဘယ်တော့မှရလာမှာမဟုတ်ပါဘူး။ ငယ်ရွယ် သေးတဲ့အခါမှာပိုပြီးလေ့လာသင်ယူနိုင်စွမ်းရှိပါတယ်။ အမှားတွေတော့ရှိမှာပါပဲ ဒါပေမယ့် ငယ်ရွယ်သေးတဲ့ အတွက်အမှားထဲကနေသင်ယူနိုင်ပြီး အမှားပြင်နိုင်ဖို့အချိန်ပိုရမှာဖြစ်ပါတယ်။ အတွေးအမြင်သစ်တွေ အကြံဥာဏ်အသစ်တွေပိုများတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ (၂) ပိုက်ဆံစုပါ။ ဝင်ငွေမရှိသေးတဲ့အချိန်မှာဘယ်လိုစီးပွားရေးလုပ်မလဲ။ မုန့်ဖ...
ကိုယ့်အပေါ်မနာလိုဖြစ်တဲ့သူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ
Image
၁။ သိပ်မခံစားပါနဲ့ သူဟာ သင့်ကိုမနာလိုဖြစ်နေတဲ့အတွက် သင်သူ့ကိုဘာမှလုပ်ပေးနိုင်တာမရှိပါဘူး။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ သူရဲ့ဝေဖန်တိုက်ခိုက်မှုတွေကို စဉ်းစားပြီးခေါင်းရှုပ်မနေပါနဲ့။ သူပြောသလို ကိုယ်များမှားနေလားလို့သံသယမဖြစ်ပါနဲ့။ လုပ်စရာရှိတာကိုဆက်လုပ်ပါ။ အားပေးဂရုစိုက်နေသူတွေကိုသာအာရုံစိုက်ပါ။ မနာလိုသူတွေကသင်ဟာသူတို့ထပ်သာလို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းကို သတိရပါ။ ၂။ အပျက်သဘောဆောင်တဲ့မှတ်ချက်တွေ အမုန်းစကားတွေကိုလျစ်လျူ ရှုပါ။ ကိုယ့်မကောင်းကြောင်းပြောတာတွေကိုပြန်ကြားရရင် မသိချင်ယောင်ဆောင်နေဖို့ကခက်ပါတယ်။ မျက်နှာချင်းဆိုင် အော်ဟစ်ပြောဆိုသောင်းကျန်းလိုက်ဖို့ကို နည်းနည်းလေးမှမစဉ်းစားပါနဲ့။ သူတို့ရဲ့အဆိုးမြင်အပြုအမှုနဲ့ခံစားချက်တွေကို သင်အဖက်လုပ်တုံ့ပြန်ဖို့မထိုက်တန်ပါဘူး။ ၃။ တိုက်ရိုက်ဦးတည်ဖြေရှင်းပါ။ လျစ်လျူ ရှုလို့မရနိုင်တဲ့အခြေအနေမျိုးမှာ တွေ့ဆုံစကားပြောပါ။ လုပ်ဖော်ကိုင်ဖက်ဖြစ်နေရင် လုပ်ငန်းတစ်ခုတည်းကိုအတူလုပ်ဆောင်နေရတာဖြစ်တဲ့အတွက် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဖြစ်သင့်ကြောင်းပြောပါ။ ၄။ ဝေဖန်တိုက်ခိုက်နေသူကို မပတ်သက်မိအောင်ရှောင်ပါ။  သူသင့္အနားမွာရိွေ...
အလုပ်အင်တာဗျူးဖြေလျှင် ရှောင်ကြဉ်သင့်သောအချက်များ
Image
အမှား (၁): အဓိက ကျသော အကြောင်းအရာများကို လျစ်လျုရှူမိခြင်း အင်တာဗျူးအတွင် အလုပ်လျှောက်သူက ကိုယ်လျှောက်မည့် company က ဘာလဲ၊ ဘာလုပ်တာလဲ ဆိုတာ ပြန်ပြီးမေးမိခြင်း။ လျှောက်ထားသော အလုပ်များ ရောထွေးပြီး company အကြောင်းမှားပြောမိခြင်း အဲ့ဒီ အမှားကို မကျူးလွန်မိရန်အတွက် အင်တာဗျူးသို့ မသွားခင် ကိုယ် သွားရမယ့် အင်တာဗျူး အလုပ်အကိုင်ကို သေချာ သိအောင် လေ့လာ စုံးစမ်းသွားရပါမည်။ အမှား (၂) အင်တာဗျူး အပြီးတွင် ကိုယ်ဖက်က ဘာမှ မေးခွန်းပြန်မမေးပဲ ထွက်လာခြင်း အများအားဖြင့် အင်တာဗျူးတော်တော်များများ တွင် အင်တာဗျူးအပြီးမှာ ဘာမေးခွန်းပြန်ပေးချင်လဲ လို့ အင်တာဗျူးလာဖြေသူအား မေးတတ်ပါတယ်…. အကယ်လို့ များ မိမိတွင် မေးစရာ မေးခွန်း မရှိယင်တောင် နောက်ဆုံးအနေနဲ့ ”ဒီနေရာကို ဘာကားလိုင်းနဲ့ လာလို့ ရလဲ…. Bus car ရှိလား… အလုပ်က ferry ပေးလား စသဖြင့်မေးသင့်ပါတယ် “ ဒီထက်ပိုပြီး မေးချင်ယင်တော့ company ရဲ့  market ထဲမှာ ရှိနေတဲ့ အနေအထား…. ကိုယ့် ခံစားခွင့် ရှိနိုင်မည့် ဌာနတွင်း သင်တန်းများ အကြောင်းမေးမြန်းနိုင်ပါတယ်… အမှား (၃) မေးတာကို ဖြေပြီးတာနဲ့ နှုတ်ဆိတ်နေခြင်း တစ်ခါတစ်လေ အင်တာဗျူးဖြေတာကို စာမေ...
အလုပ်အရှာတော်တဲ့သူတွေမှာတွေ့ရတတ်တဲ့ အချက် (၁၀)ချက်
Image
အလုပ်တစ်ခု ရဖို့ ရာ အရမ်းကို ခက်ခဲ့ပါတယ်။ အခုလို အပြိုင်အဆိုင်များတဲ့ ခေတ်မှာ ပိုပြီး ခက်ခဲ့ပါတယ်။ ကိုယ်က ပညာတွေ တတ်နေပါစေဦး၊ ဘွဲ့ တွေအများကြီးရနေပါစေဦး၊ အလုပ်ရှာဖို့ နည်းလမ်းမမှန်လျှင် အခက်ကြုံရပါတယ်။ ဒါပေမယ့် အချို့ လူတွေအတွက်ကျတော့ အလုပ်ရှာတာဟာ လွယ်ကူပြန်ရော။ သူများတွေ အလုပ်တစ်ခု ရဖို့ ခက်နေတဲ့အချိန်မှာ ထိုသူတွေ အဖို့ က ၃ခု ၄ ခု တပြိုင်နက်ရတတ်ပြီး ကြိုက်ရာရွေးယူရုံပါပဲ။ အဲ့ဒါဆိုလျှင် သူတို့ မှာ ဘာလျှို့ ဝှက်ချက်တွေ ရှိလို့လဲ။ အောင်မှာဆက်ပြီး လေ့လာကြည့်ရအောင်။ ၁။ အလုပ်ရှာခြင်းကို အချိန်ပြည့်အလုပ်၊ တကယ့်အလုပ် ကဲ့သို့ အားစိုက်လုပ်ခြင်း။ တော်တော်များများဟာ အလုပ်ရှာတဲ့အခါမှာ အားစိုက်ထုတ်မှုနည်းတတ်တယ်။ အလုပ်တစ်ခုတွေ့ လျှင်လည်း သေချာမလေ့လာပဲ CV form ကောက်တင်လိုက်တာများပါတယ်။ အလုပ်ခေါ်တဲ့ information တွေကိုလည်း ကိုယ်တိုင် အားထည့်လိုက်ရှာတာနည်းတယ်။ အရှာတော်တဲ့သူတွေကတော့ အလုပ်ရှာခြင်းကိုလည်း တကယ့်အလုပ်တစ်ခုပုံစံ အားစိုက်လုပ်တယ်။ အွန်လိုင်းပေါ်မှာ သေချာ ရှာတယ်။ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကနေလည်း စုံစမ်းတယ်။ အလုပ်တစ်ခုတွေ့ လျှင် အဲ့ဒီအလုပ်နဲ့ ကိုက်ညီမယ့် cover letter၊ CV form က...
Email ယဉ်ကျေးမှု (သို့ ) Email တစ်စောင်ကိုဘယ်လိုရေးမလဲ
Image