ကိုယ့်အပေါ်မနာလိုဖြစ်တဲ့သူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ
သူဟာ သင့်ကိုမနာလိုဖြစ်နေတဲ့အတွက် သင်သူ့ကိုဘာမှလုပ်ပေးနိုင်တာမရှိပါဘူး။ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ သူရဲ့ဝေဖန်တိုက်ခိုက်မှုတွေကို စဉ်းစားပြီးခေါင်းရှုပ်မနေပါနဲ့။
သူပြောသလို ကိုယ်များမှားနေလားလို့သံသယမဖြစ်ပါနဲ့။
လုပ်စရာရှိတာကိုဆက်လုပ်ပါ။ အားပေးဂရုစိုက်နေသူတွေကိုသာအာရုံစိုက်ပါ။ မနာလိုသူတွေကသင်ဟာသူတို့ထပ်သာလို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းကို သတိရပါ။
လုပ်စရာရှိတာကိုဆက်လုပ်ပါ။ အားပေးဂရုစိုက်နေသူတွေကိုသာအာရုံစိုက်ပါ။ မနာလိုသူတွေကသင်ဟာသူတို့ထပ်သာလို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းကို သတိရပါ။
၂။ အပျက်သဘောဆောင်တဲ့မှတ်ချက်တွေ အမုန်းစကားတွေကိုလျစ်လျူ ရှုပါ။
ကိုယ့်မကောင်းကြောင်းပြောတာတွေကိုပြန်ကြားရရင် မသိချင်ယောင်ဆောင်နေဖို့ကခက်ပါတယ်။
မျက်နှာချင်းဆိုင် အော်ဟစ်ပြောဆိုသောင်းကျန်းလိုက်ဖို့ကို နည်းနည်းလေးမှမစဉ်းစားပါနဲ့။
သူတို့ရဲ့အဆိုးမြင်အပြုအမှုနဲ့ခံစားချက်တွေကို သင်အဖက်လုပ်တုံ့ပြန်ဖို့မထိုက်တန်ပါဘူး။
၃။ တိုက်ရိုက်ဦးတည်ဖြေရှင်းပါ။
လျစ်လျူ ရှုလို့မရနိုင်တဲ့အခြေအနေမျိုးမှာ တွေ့ဆုံစကားပြောပါ။ လုပ်ဖော်ကိုင်ဖက်ဖြစ်နေရင် လုပ်ငန်းတစ်ခုတည်းကိုအတူလုပ်ဆောင်နေရတာဖြစ်တဲ့အတွက် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးဖြစ်သင့်ကြောင်းပြောပါ။
၎။ ဝေဖန်တိုက်ခိုက်နေသူကို မပတ်သက်မိအောင်ရှောင်ပါ။
သူသင့်အနားမှာရှိနေသရွေ့ မျက်စိဒေါက်ထောက်ကြည့်နေပြီး ရှုတ်ချကဲ့ရဲ့နေမှာပါ။ သူမရှိတဲ့ပတ်ဝန်းကျင်ကိုပြောင်းပါ။ သူမသွားတဲ့လမ်းကသွားပါ။ကိုယ်နဲ့အဆင်ပြေသူတွေကိုပေါင်းသင်းပါ။ မနာလိုသူနဲ့တွေ့တဲ့အချိန်မှာ ယဉ်ယဉ်ကျေးကျေး စတင်နှုတ်ဆက်ပါ။ သူကလွဲပြီး ကျန်လူတွေအကုန်လုံးနဲ့ပေါင်းသင်းပါ။သူကအပြင်လူတစ်ယောက်အနေနဲ့အထီးကျန်လာပြီး သူ့လုပ်ရပ်တွေကို ပြန်စဉ်းစားပါလိမ့်မယ်။
၅။ အကန့်အသတ်ထားပါ။
မလွှဲသာလို့စကားပြောဖြစ်ရင်သူရဲ့ပြောဆိုရှုံ့ချမှုတွေကို အချိန်အကြာကြီးသည်းခံနားထောင်ပေးနေဖို့မလိုအပ်ပါဘူး။ သိသိသာသာကဲ့ရဲ့တိုက်ခိုက်လာပြီဆိုတာနဲ့ ယဉ်ယဉ်ကျေးကျေးစကားစဖြတ်ပြီး ထွက်သွားလိုက်ပါ။
၆။ ဒီလိုပြောဆိုနေတာကိုမကြိုက်ကြောင်းသိအောင်ပြောပါ။
သင်သူ့ကိုသည်းမခံနိုင်တော့တဲ့အချိန်မှာ မလိုလားအပ်တဲ့အခြေအတင်အကြီးအကျယ်ပြသနာတွေဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့်သိပ်မနောက်ကျခင် ဒီလိုဆက်ဆံတာကို မကြိုက်ကြောင်း၊ ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံစေချင်ကြောင်း၊ ရေရှည်အတွက်လဲသည်းခံမှာမဟုတ်ကြောင်းကို
ပြောဆိုသတိပေးပါ။
Hnin Pwint
Comments
Post a Comment