Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။
မနေ့ က တင်လိုက်တဲ့ email အသုံးပြုပုံ post မှာ စာဖတ်သူ တစ်ယောက် လာမေးထားတဲ့အတွက် Gmail မှာ signature ပြုလုပ်ပုံကို ရေးလိုက်ပါတယ်။ သိပ်မခက်ပါဘူး။
အဲ့ဒါဆိုယင် email setting ကို ရောက်သွားမယ်။ General tab ကို ရွေးပြီးသား ဖြစ်နေပါမယ်။ အောက်ကပုံမှာ ပြထားတဲ့ အတိုင်းပေါ်နေပါ့မယ်။ 
General tab အောက်ကို scroll down လုပ်ပြီး ဆင်းသွားလိုက်ပါ။
Signature ဆိုတာ တွေ့ ရပါမယ်။ ပုံမှန်ဆိုယင်တော့ No Signature ဆိုပြီး ရွေးထားပါတယ်။ သင့်အနေနဲ့ signature ထည့်ချင်တယ်ဆိုယင် No Signature အောက်မှာ ရှိတဲ့ checkbox ကို ရွေးလိုက်ပြီး အောက်မှာ ပေးထားတဲ့ အကွက်ထဲမှာ မိမိ ပေါ်စေချင်တဲ့ အကြောင်းအရာ (အများအားဖြင့်တော့ မိမိနာမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ website) စသည်တို့ ကို ထည့်တာများပါတယ်။
အားလုံးရေးပြီးသွားယင် အောက်ဆုံးကို သွားပြီး save changes ကို click လိုက်ပါ။ ဒါဆိုယင်တော့ ပို့ လိုက်တဲ့ email တိုင်းရဲ့  အောက်မှာ သင် ဖေါ်ပြချင်တဲ့ စာသား တစ်ခု အမြဲ ပါသွားပါလိမ့်မယ်။ 
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar) 
Comments
Popular posts from this blog
အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။
အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ