SEO ဆိုတာဘာလဲ။

Digital marketing လောကနဲ့ကျွမ်းဝင်တဲ့သူတွေကတော့ SEO ဆိုတာကိုနားလည်ပါလိမ့်မယ်။ 
SEO ရဲ့အရှည်ကောက်ကတော့ Search Engine optimization လို့ ခေါ်ပါတယ်။ ကိုယ့် ရဲ့ website ကို google လိုမျိုး search engine တွေက သိအောင် ပြုလုပ်ရပေးတာမျိုးဖြစ်ပါတယ်။


ဘာလို့ search engine တွေက သိအောင်ပြုလုပ်ပေးရတာလဲ။
Website တစ်ခုဖန်တီးပြီးတာနဲ့အဲ့ဒီwebsite ကို လူတွေ ရှာဖွေပြီး ၀င်ကြည့်ကြလိမ့်မယ်လို့ မှတ်ယူထားရင် မှားပါလိမ့်မယ်။ ကိုယ့် website က brand တစ်ခုဖြစ်နေရင်တော့ လူတွေက အဲ့ဒီ website နာမည်ကို browser မှာရိုက်ပြီး ရှာကြပါလိမ့်မယ်။ တကယ်လို့ ကိုယ့် website က brand တစ်ခုမဟုတ်ဘူးဆိုရင်တော့ အဲ့ဒီလို ရှာဖွေ့ကြလိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။
အဲ့ဒါဆိုရင် ကိုယ့် website ကိုလူတွေတွေ့ အောင်ဘယ်လိုလုပ်မလဲ။ လူတွေဝင်ကြည့်အောင်ဘယ်လိုလုပ်မလဲ။ အလွယ်ဆုံးနည်းကတော့ social media တွေပေါ်ကနေ ကိုယ့် website ကို share တာဖြစ်ပါတယ်။ ဒါဆိုရင်တော့ social media ကနေ website ကို လူတွေရောက်လာပါလိမ့်မယ်။
ဒါပေမယ့် social ပေါ်ကနေ ရောက်လာတဲ့ လူတွေအပြင် အခြားနေရာကနေလည်း ရောက်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ search engine ပေါ်မှာ ကိုယ့် website နဲ့သက်ဆိုင်တဲ့ အရာတစ်ခုခုကို လူတွေရှာတဲ့အခါမှာ search engine မှာ ကိုယ့် website ကိုတွေ့ပြီး ၀င်ကြည့်တာမျိုးတွေပါ။
ဥပမာ လူတစ်ယောက်က မုန့် ဟင်းခါးချက်နည်းကို google မှာ ရှာတယ်ဆိုပါစို့ ။ ကိုယ့် website က မြန်မာမုန့် လုပ်နည်းတွေအကြောင်းရေးထားတဲ့ website ပေါ့။ မုန့်ဟင်းခါးချက်နည်းလည်းပါတယ်ဆိုပါစို့ ။
အဲ့ဒီလူ က google မှာ ရှာတဲ့အချိန်မှာ ကိုယ့် website ကို အဲ့ဒီလူမြင်အောင်လုပ်ပေးဖို့ အတွက် google က ကိုယ့် website ကိုသိနေဖို့ လိုပါတယ်။ google က ကိုယ့် website ကိုသိအောင် လုပ်ရတဲ့လုပ်ဆောင်ချက်တွေကို SEO လုပ်တယ်လို့ မှတ်ယူနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ website ပေါင်းသန်းပေါင်းများစွာရှိပါတယ်။ နေ့ စဉ်နဲ့သိန်းနဲ့ချီတဲ့ website အသစ်တွေ ထွက်ပေါ်နေပါတယ်။ အဲ့ဒီ website တွေကြားမှာ ကိုယ့် website ကို google က ဖော်ပြပေးဖို့ လုပ်ဆောင်ရတာဟာ အပြိုင်များသလို ခက်လည်းခက်ခဲပါတယ်။
မြန်မာပြည်မှာ SEO ဆိုတာကို လုပ်ငန်းတော်တော်များများက အသုံးမပြုကြသေးပါဘူး။ အသုံးမပြုဘူးဆိုတာကလည်း Facebook marketing လောက်နဲ့အဆင်ပြေနေတဲ့အတွက် SEO မလိုသေးဘူးလို့ လည်းထင်နေတာပါပါတယ်။ ဒါ့အပြင် လုပ်ငန်းပေါ်မှာလည်းမူတည်ပါသေးတယ်။
သင့်လုပ်ငန်းကို website တစ်ခုဖန်တီးပြီး SEO လုပ်ဖို့ လိုနေပြီလားဆိုတာကို သိချင်ရင် ဒီ blog က ဆောင်းပါးမှာ သွားပြီးဖတ်ရှုနိုင်ပါတယ်။ ဖတ်ရန်- သင့်ရဲ့လုပ်ငန်းက SEO လိုမလား 

သင့်လုပ်ငန်းဟာ SEO လိုနေပြီဆိုရင်တော့ website တစ်ခုကို အရင်ဆုံးဖန်တီးရပါမယ်။ website ဖန်တီးပြီးရင်တော့ SEO specialist တစ်ယောက်နဲ့တိုင်ပင်ပြီးဖြစ်စေ၊ SEO ကို ကိုယ်တိုင်လေ့လာပြီး ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ 

Comments

Post a Comment

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

TeamWork အကြောင်း