အလုပ်အင်တာဗျူးဖြေလျှင် ရှောင်ကြဉ်သင့်သောအချက်များ
အင်တာဗျူးအတွင် အလုပ်လျှောက်သူက ကိုယ်လျှောက်မည့် company က ဘာလဲ၊ ဘာလုပ်တာလဲ ဆိုတာ ပြန်ပြီးမေးမိခြင်း။ လျှောက်ထားသော အလုပ်များ ရောထွေးပြီး company အကြောင်းမှားပြောမိခြင်း
အဲ့ဒီ အမှားကို မကျူးလွန်မိရန်အတွက် အင်တာဗျူးသို့ မသွားခင် ကိုယ် သွားရမယ့် အင်တာဗျူး အလုပ်အကိုင်ကို သေချာ သိအောင် လေ့လာ စုံးစမ်းသွားရပါမည်။
အမှား (၂) အင်တာဗျူး အပြီးတွင် ကိုယ်ဖက်က ဘာမှ မေးခွန်းပြန်မမေးပဲ ထွက်လာခြင်း
အများအားဖြင့် အင်တာဗျူးတော်တော်များများ တွင် အင်တာဗျူးအပြီးမှာ ဘာမေးခွန်းပြန်ပေးချင်လဲ လို့ အင်တာဗျူးလာဖြေသူအား မေးတတ်ပါတယ်…. အကယ်လို့ များ မိမိတွင် မေးစရာ မေးခွန်း မရှိယင်တောင် နောက်ဆုံးအနေနဲ့ ”ဒီနေရာကို ဘာကားလိုင်းနဲ့ လာလို့ ရလဲ…. Bus car ရှိလား… အလုပ်က ferry ပေးလား စသဖြင့်မေးသင့်ပါတယ် “
ဒီထက်ပိုပြီး မေးချင်ယင်တော့ company ရဲ့  market ထဲမှာ ရှိနေတဲ့ အနေအထား…. ကိုယ့် ခံစားခွင့် ရှိနိုင်မည့် ဌာနတွင်း သင်တန်းများ အကြောင်းမေးမြန်းနိုင်ပါတယ်…
အမှား (၃) မေးတာကို ဖြေပြီးတာနဲ့ နှုတ်ဆိတ်နေခြင်း
တစ်ခါတစ်လေ အင်တာဗျူးဖြေတာကို စာမေးပွဲ နှုတ်ဖြေ ဖြေသကဲ့သို့ မှတ်ယူပြီး အဖြေကို ဖြေပြီးတာနဲ့ နှုတ်ဆိတ်နေတတ်ပါတယ်… တကယ်တော့ အင်တာဗျူး ဖြေဆိုချိန်အတွင်း အသက်ဝင်နေဖို့ လိုပါတယ်…တစ်ခါတစ်လေ မိမိကိုယ်ကို စဉ်းစားဖို့ အချိန်ပေးရသလို အင်တာဗျူးသူကိုလည်း စဉ်းစားဖို့ အဖြေပေးရတတ်ပါတယ်… အဲဒီအခါမှာ အဖြေကို တုံးတိ ဖြေလိုက်ခြင်းက အင်တာဗျူးမေးသူကိုလည်း စဉ်းစားချိန်မရအောင် လုပ်လိုက်သလိုဖြစ်ပြီး စွဲဆောင်မှု မရှိသလို ဖြစ်သွားပါတယ်…
ဥပမာ
အင်တာဗျူးမေးသူ။ နောက် ၅ နှစ်အတွင်း မင်းကိုယ် မင်း ဘယ်လို အခြေအနေမျိုး မှာ ရှိနေချင်လဲ။
အင်တာဗျူးဖြေသူ။ ဒီအလုပ်မှာ ငွေစာရင်းကိုင် ဒါမှ မဟုတ် ငွေစာရင်းကြီးကျပ်သူ ဖြစ်ချင်ပါတယ်.
အင်တာဗျူးမေးသူ။ ၀ိုး….. ဒါက အရမ်းကောင်းတဲ့ ရည်ရွယ်ချက်ပဲ……. လို့ အင်တာဗျူးမေးတဲ့ သူက စဉ်းစားမိမယ်ထင်ပါသလား …….
အင်တာဗျူးမေးတဲ့ သူ ရဲ့  စိတ်ထဲကို အဖြေက တုံးတိကြီး ၀င်သွားတဲ့ အတွက် သူ ပေးချင်တဲ့အမှတ်ကလဲ တုံးတိပဲ ဖြစ်ပါလိမ့်မယ်…
ဥပမာ ၂
အင်တာဗျူးမေးသူ။ နောက် ၅ နှစ်အတွင်း မင်းကိုယ် မင်း ဘယ်လို အခြေအနေမျိုး မှာ ရှိနေချင်လဲ။
အင်တာဗျုးဖြေသူ။ ကျွန်တော့် မှာ အချိန် သတ်မှတ်ထားတာ တော့ မရှိပါဘူး…ဒါပေမယ့် ကျွန်တော်က ကြယ်တွေကို လေ့လာတဲ့ astrologer ကြီးဖြစ်ချင်တာဗျ…. ကျွန်တော် ငယ်ငယ်လေးကတည်း က အဲ့ဒါတွေကို စိတ်ဝင်စားခဲ့တာ… တစ်ချိန်ချိန်မှာတော့ ကျွန်တော့် ၀ါသနာကို အကောင်အထည် ဖော်ဖြစ်လိမ့်မယ်ထင်ပါတယ်…
အင်တာဗျူးသူ။ ဒါပေမယ့် မင်းအခု လုပ်မှာက accountant လေ။
အင်တာဗျူးဖြေသူ။ ဟုတ်ပါတယ်…ခုနက ဟာက ကျွန်တော့် ၀ါသနာကို ပြောတာပါ… ပြီးတော့ တစ်ချိန်ချိန်မှာ ဖြစ်ချင်တာကို ပြောတာ…..
ကျွန်တော် အထက်တန်း ဘ၀တည်းက ကျွန်တော့် အဖွား ဆိုင်မှာ ကူညီယင် ငွေတွက်ပေး ငွေ ကိုင်ပေးတာတွေ လုပ်ခဲ့ပါတယ်… ကျွန်တော့် ဘွဲ့ ကို လည်း accountant နဲ့ ပဲ ရခဲ့တယ်…ကျွန်တော်က အဲ့လို တွက်ချက်နေရာတာကို လည်း သဘောကျပါတယ်… ၀ယ်တာ ခြမ်းတာ …ခန့် မှန်းတာ တွေပေါ့…. ဒါကြောင့် အလုပ်အနေနဲ့ ကတော့ ဒီ finance field မှာ ပဲ ထူးထူးချွန်ချွန်လုပ်ဖြစ်မှာပါ….အဲဒါနဲ့ တစ်ထပ်တည်းပဲ ကျွန်တော် ၀ါသနာပါတဲ့ ကြယ်တွေကို လည်း ကြည့်ဖစ်မှာပါ….
အဖြေ ၂ မျိုးက ကွားခြားပါတယ်…. ဒုတိယ အဖြေ က အူကြောင်ကြောင်နိုင်လှတယ် ဆိုပေမယ့် စိတ်ဝင်စားဖို့ ပို ကောင်းပါတယ်.. အဲ့ဒါအပြင် ပထမအဖြေကို စဉ်းစားနေတုန်း နှုတ်ဆိတ်နေခြင်း မရှိပဲ အသက်ဝင်နေပါတယ်…..
အမှား (၄)။ ဘာမှ သင်ယူမှု မရှိပဲ အင်တာဗျူး မှထွက်လာခြင်း
အဖြေ ၂ ခုကို ယှဉ်ပြပါ့မယ်…
ဥပမာ (၁)
မေးသူ။ မင်း Microsoft word အကြောင်းသိသလောက်ပြောပြပါဦး။
ဖြေသူ။ မသိပါဘူး ခင်ဗျ….ဒါပေမယ့် ကျွန်တော်က သင်ယူရတာမြန်ပါတယ်…သင်လိုက်ယင် ရမယ်လို့ ထင်ပါတယ်..
.ဥပမာ (၂)
မေးသူ။ မင်း Microsoft word အကြောင်းသိသလောက်ပြောပြပါဦး။
ဖြေသူ။ အဲ့ဒါ ကွန်ပြူတာ software အမျိုးအစားလားခင်ဗျ။
မေးသူ။ အင်း…ဟုတ်ပါတယ်… စာရိုက်စာစီတဲ့ ဟာမျိုးပေါ့…
ဖြေသူ။ အော်…ဟုတ်ကဲ့…. အဲ့ဒီ software ကို ကျွန်တော့် အလုပ် မှာ အဓိက သုံးရမှာလားခင်ဗျ…. ကျွန်တော် စာစီ စာရိုက်ဆိုယင် Page maker တော့ သုံးတတ်ပါတယ်….
မေးသူ။ ရုံး မှာတော့ ၂ မျိုးစလုံးသုံးပါတယ်… Page maker သုံးတတ်ယင် သဘောတရားတော့ တူတာတွေ ရှိပါတယ်..
ဖြေသူ။ ကျွန်တော် Page maker တော့ ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ပါတယ်… အဲ့ဒီတော့ Microsoft word ကို လည်း မြန်မြန် သင်ယူလို့ ရနိုင်မယ်ထင်ပါတယ်….ကျွန်တော့် ကို လည်း ကူညီသင်ပြပေးမယ် လို့ ထင်ပါတယ်…အဓိက ဘာတွေ ကွာခြားလဲ မသိဘူး ခင်ဗျ……ဘယ်လို မျိုးဆို ဘာကို သုံးရမလဲ ဆိုတာ မျိုးတွေတော့ အလုပ်ဝင်ယင် လေ့ လာနိုင်မယ်ထင်ပါတယ်…
ဥပမာ (၁) နဲ့ (၂) ကို ယှဉ်ကြည့်ပြီး ကိုယ့်ဖာ သာ အကဲ ဖြတ်ကြည့်ပါ…..
အမှား (၅)။ အသနားခံခြင်း
အင်တာဗျူးမေးသူ ရဲ့  မျက်လုံး၊ မျက်နှာအား အစဉ်အမြဲ ကြည့်ပြီး မျက်ရိပ်မျက်ကဲ ကြည့်ကာ သူ မျက်နှာ မဲ့သွားတာနဲ့ ပြောနေတာ ရပ်လိုက်တာမျိုး…. သူ မကြိုက်တာ ပြောမိမှာ ကြောက်နေတာမျိုး ဖြစ်စရာမလိုပါ…..စကားတိုင်းကို အင်တာဗျုးဖြေမည့် သူ ကျေနပ်အောင် ကြိုးစားနေစရာမလိုပါ….. ဒါပေမယ့် ကိုယ့်ဖက်က အရည်အချင်း မပြည့်ပဲ အဲ့လို အသနားခံ..ကျေနပ်အောင် ပြောပြီး အလုပ် ရအောင်ကြိုးစားယင်တော့ နောက်ပိုင်း အလုပ်ခွင်မှာ အစဉ်မပြေနိုင်ပါ…အဲ့လို မျိုးအသနားခံ တာကို ကျေနပ်ပြီး အလုပ်ခန့် တဲ့ အလုပ်ရှင်သည် လည်း နိုင်လိုမင်းထက် လုပ်လိုသော အလုပ်ရှင်မျိုးပင်ဖြစ်ပါလိမ့်မယ်..
အဲ့ဒီအတွက် မိမိသည် မိမိကိုယ့်ကို ယုံကြည်ချက်အပြည့်ဖြင့် မေးသမျှကို အကောင်းဆုံးဖြေနိုင်မည်လို့ မျှော်လင့်ပါက ဘာမှ ကြောက်စရာမလို ပါ….ယုံကြည်ချက် အပြည့်ဖြင့်သာ ဖြေဆိုနိုင်ရန်လိုအပ်ပါသည်…..
(မှတ်ချက်။ ယုံကြည်ချက် လွန်လွန်းပြီးလဲ ဘ၀င်မြင့် သွားသည့် ပုံစံမပေါက်ရန်လည်း အရေးကြီးလှပေသည်)
Prospect Myanmar
Comments
Post a Comment