Facebook ကို ပူးတွဲတည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Eduardo Saverin အကြောင်း


Social Network ဆိုတဲ့ရုပ်ရှင်ကြည့်ဖူးလျှင်တော့ Eduardo Saverin ကိုသိပါလိမ့်မယ်။ Mark Zukarberg ရဲ့ သူငယ်ချင်း၊ Facebook စတင်ဖို့ ငွေအရင်းအနှီးထုတ်ပေးတဲ့သူ၊နောက်တော့ Facebook ကနေ Mark ZukerBerg ရဲ့ ကန်ထုတ်ခြင်းကို ခံရတဲ့ပြီး နောက်ပိုင်း Mark ZukerBerg ကိုတရားပြန်စွဲခဲ့တဲ့သူ၊ အမှုတွေရင်ဆိုင်ပြီးနောက်ပိုင်း Facebook မှာ ပူးတွဲတည်ထောင်သူရာထူးကိုပြန်ရခဲ့ပြီး Facebook ရဲ့ ရှယ်ယာ အချို့ ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
လူတော်တော်များများက Facebook ဆိုလျှင် ZukerBerg တစ်ယောက်တည်းကိုပဲ ပြေးမြင်တတ်ကြတဲ့ အတွက် Eduardo Saverin အကြောင်းလေးရေးချင်ပါတယ်။

Saverin ဟာ ဘရာဇီးနိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပြီး ချမ်းသာတဲ့ ဂျူး-ဘရာဇီးမိသားစုကမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ ရဲ့ အဖေကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊ shpping လုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေကိုလုပ်ကိုင်ပါတယ်။ သူ့ အမေကတော့စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူ့ အဖိုးကတော့ ရိုးမေးနီးယားနိုင်ငံမှာ Tip Top ဆိုတဲ့ ကလေးအထည် Brand တွေရောင်းတဲ့ Retail Shop chain ကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ 
၁၉၉၃ ခုနှစ်မှတော့ သူတို့ မိသားစုဟာ အမေရိကန်နိုင်ငံ မီယာမီမြို့ ကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။

Saverin ဟာ မီယာမီမှာ အထက်တန်းကျောင်းအောင်မြင်ပြီးနောက် Harvard တက္ကသိုလ်ကိုတတ်ရောက်ခဲ့ပါတယ်။ Harvard မှာတတ်နေတုန်း နာမည်ကြီး Phoenix SK Club ရဲ့ အဖွဲ့ ဝင်တစ်ယောက်ဖြစ်ခဲ့သလို Harvard Investment Association ရဲ့  President အနေနဲ့ လည်း လုပ်ခဲ့ပါသေးတယ်။ Harvard မှာ ကျောင်းတတ်နေယင်းနဲ့ ပဲ ဘရာဇီးနိုင်ငံရဲ့ လျော့ပါးလှတဲ့ trading စည်းမျဉ်းတွေကိုအသုံးပြုပြီး ရေနံ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြုပ်နှံမှုပြုလိုက်တာကနေ ဒေါ်လာ ၃ သိန်းလောက် ရရှိလိုက်ပါတယ်။ ၂၀၀၆ မှာတော့ Harvard ကနေ Economic bachelor degree ကိုရခဲ့ပါတယ်။
အဲ့ဒီအချိန်အတွင်းမှာပဲ Mark Zukerberg နဲ့ တွေ့ ခဲ့ကြတယ်။ Harvard ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့ social networking sites တစ်ခုမရှိတာကို စဉ်းစားမိပြီး သူတို့ နှစ်ဦးဟာ Facebook ကို ၂၀၀၄ ခုနှစ်မှာစတင်တည်ထောင်ခဲ့ကြပါတယ်။ Facebook ရဲ့ ပူးတွဲတည်ထောင်သူအနေနဲ့ Saverin ဟာ Facebook ရဲ့ Chief Financial Officer ရာထူးနဲ့ 
Business Manager ရာထူးကို ယူထားခဲ့ပါတယ်။

Facebook အောင်မြင်လာတဲ့နောက်ပိုင်းမှာတော့ Saverin ရဲ့  share တွေကို Mark Zukerberg က တခြားသူကို လွှဲပြောင်းရောင်းချပြီး Saverin ကို Facebook ကနေ ကန်ထုတ်လိုက်တာကစပြီး Mark နဲ့ Saverin ကြား ပြဿနာစခဲ့ပါတယ်။
2012 May 15 မှာ Saverin ကို ဘယ်လိုကန်ထုတ်လိုက်ပြီး သူ့ ရဲ့ share တွေကိုဘယ်လို လွှဲပြောင်းလိုက်ကြောင်းဖြစ်စဉ်ကို အသေးစိပ်ရေးသားထားတဲ့ email တစ်စောင်ကို Zukerberg ထဲကနေ Business Insider အဖွဲ့ အစည်းက ရရှိခဲ့ပါတယ်။

Facebook နဲ့ Saverin အကြားအပြန်အလှန်တရားစွဲဆိုမှုတွေဖြစ်ခဲ့ကြပြီးနောက် အပြင်ကိုမပေါက်ကြားဖို့ ကတိပြုထားတဲ့ သဘောတူညီမှု တွေရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Saverin ကို Facebook ရဲ့ co-founder အနေနဲ့ ပြန်လည်သတ်မှတ်ထားခဲ့ပါတယ်။ Saverin အနေနဲ့ လည်း ဒီသဘောတူညီချက်တွေကိုအပြင်ကိုပြန်မပြောဖို့ လက်မှတ်ရေးထိုးပေးခဲ့ရပါတယ်။

Facebook နောက်ပိုင်း Saverin ရဲ့ လုပ်ငန်းတွေကတော့
၂၀၁၀ မှာတော့ Saverin နဲ့ မက်ဆီကန် စွန့် ဦးတီထွင်တစ်ဦးဖြစ်တဲ့ Aldo Alvarez တို့ ဟာ Aporta ဆိုတဲ့ Charity လုပ်ငန်းတွေအတွက်ရည်ရွယ်ထားတဲ့ Online portal တစ်ခု တည်ထောင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ Saverin ဟာ ဒေါ်လာ သန်း ၁၄၀ ကျော်ကို အာရှနိုင်ငံတွေဖက်မှာအသုံးပြုဖို့ မြှုပ်နှံခဲ့ပါတယ်။ အဲ့ဒီထဲမှာမှာ အာရှအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Ninja Van လုပ်ငန်းကို ဒေါ်လာ သန်း ၃၀ မြုပ်နှံခဲ့ပါတယ်။
Social Network ဇာတ်လမ်းမှာတော့ Saverin နေရာမှာ သရုပ်ဆောင် Andrew Garfield ကပါဝင်ခဲ့ပြီး Golden Globe Award မှာ အကောင်းဆုံးဇာတ်ပို့ သရုပ်ဆောင်အနေနဲ့ nomination ပါဝင်ခဲ့ပါတယ်။

Saverin ဟာ မက်ဆာချူးဆက်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းတော်တော်များများပိုင်ဆိုင်တဲ့ အင်ဒိုနီးရှားဖွား တရုတ်မိသားစုက အမျိုးသမီးတစ်ဦးဖြစ်သူ Elaine နဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး 2015 June မှာလက်ထပ်ခဲ့ပါတယ်။
Saverin ဟာ ၁၉၉၈ ခုနှစ်မှာ စင်ကာပူမှာနေထိုင်ချင်တဲ့အတွက် အမေရိကန်နိုင်ငံအဖြစ်ကို စွန့် လွှတ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်း စင်ကာပူနိုင်ငံမှာနေထိုင်ခဲ့ပါတယ်။ ဒီလိုနိုင်ငံသား စွန့် လွှတ်မှုတွေကြောင့်လည်း အခွန်ကိစ္စတွေမှာ တော်တော် ပြဿနာတွေရှင်းလိုက်ရပါသေးတယ်။

ဒါကတော့ Facebook cofunder တစ်ယောက်ဖြစ်တဲ့ Eduardo Saverin အကြာင်းပဲဖြစ်ပါတယ်။ Facebook လို့ ဆိုလိုက်လျှင် Zukerberg တစ်ယောက်တည်းကိုပဲ ပြေးမြင်မိကြတဲ့အတွက် အခြားတည်ထောင်သူတွေကိုပါသိရအောင်ရေးလိုက်တာပါ။ တခြားသော ပူးတွဲတည်ထောင်သူတွေဖြစ်တဲ့ Dustin Moskovitz တို့ ရဲ့ အကြောင်းတွေလည်းရေးပေးပါဦးမယ်

Ref: Wikipedia
Ko Hein (Prospect Myanmar)

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။