Facebook ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် Dustin Moskovitz
Dustin ဟာ အင်တာနက်စွန့် ဦးတီထွင်သူတစ်ယောက်ဖြစ်ပြီး
Mark Zukerberg, Eduardo Saverin, Andrew McCollum တို့ နဲ့ အတူ Facebook ကိုပူးပေါင်းတည်ထောင်ခဲ့သူဖြစ်ပါသည်။
၂၀၀၈ မှာတော့ သူဟာ Facebook ကနေ ထွက်ခွါခဲ့ပြီး Asana application ကို Justin နဲ့ အတူ
တည်ထောင်ခဲ့ပါတယ်။ 2011 မတ်လမှာတော့ Dustin ကို အသက်အငယ်ဆုံး ဘီလျီယံနာအဖြစ်
Forbes ကသတ်မှတ်ပေးခဲ့ပါတယ်။ အဲ့ဒီလို ဘီလျီယံနာဖြစ်စေတဲ့ အချက်ကတော့ သူပိုင်ဆိုင်ထားတဲ့
Facebook က share တွေကြောင့်ဖြစ်ပါတယ်။ သူဟာ Facebook မှာ share 2.34% ပိုင်ဆိုင်ထားပါတယ်.
သူ့ ရဲ့ နောက်ကြောင်းကို ကြည့်မယ်ဆိုလျှင်တော့
Moskovitz ဟာ ဖလော်ရီဒါမှာကြီးပြင်းခဲ့ပါတယ်။
ဇူကာဘတ်ထက် ၈ ရက်ငယ်ပါတယ်။ Moskovitz ဟာလည်း ဂျူးလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ သူ့ ရဲ
့ ဖခင်ကတော့ စိတ်ရောဂါဆရာဝန်တစ်ဦးဖြစ်ပြီး မိခင်ကတော့ ကျောင်းဆရာမနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
အထက်တန်းကျောင်းပြီးနောက်မှာ Moskovitz ဟာ Harvard တက္ကသိုလ်ကို တတ်ရောက်ခဲ့ပြီး
economic ဘာသာရပ်ကို အထူးပြုယူခဲ့ပါတယ်။ Facebook စတင်ပြီးနောက်ပိုင်းမှာတော့ သူနဲ
့Mark Zukerberg ဟာ Palo Alto ကိုပြောင်းရွှေ့ ခဲ့ပြီး Facebook မှာ အချိန်ပြည့်လုပ်ခဲ့ပါတယ်။
Dustin ဟာ ဇူကာဘတ်တို့ နှင့်အတူ
Facebook ကို February 2004 မှာစတင်ခဲ့ပါတယ်။ အစပိုင်းမှာတော့ thefacebook.com လို
့နာမည်ပေးထားခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Harvard ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့
social network တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်တာပါ။
၂၀၀၄ June မှာတော့ Zukerberg, Hughes
and Dustin Moskovitz တို့ ဟာ ကျောင်းကနေ တစ်နှစ်အနားယူပြီး Facebook ကို
California သို့ ပြောင်းရွှေ့ ခဲ့ပါတယ်။ အဲ့ဒီမှာ
ဝန်ထမ်း ၈ ဦးငှားပြီး Facebook က လုပ်ကိုင်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ Sean
Parker က သူတို့ နဲ့ လာရောက်ပူးပေါင်းခဲ့ပါတယ်။
Dustin Moskovitz ဟာ Facebook ရဲ့ ပထမဦးဆုံး Chief Technology Officer ဖြစ်ခဲ့ပြီး
နောက်ပိုင်းမှာ enginnering department ရဲ
့ vice president ရာထူးယူခဲ့ပါတယ်။
သူဟာ နည်းပညာဝန်ထမ်းတွေကို ဦးဆောင်ပြီး
Facebook ရဲ့ တည်ဆောက်မှုကို ဦးစီးခဲ့ပါတယ်။
ဒါ့အပြင် Facebook ရဲ့ mobile platform ပေါ်ကို
ချဲ့ ထွင်ဖို့ အတွက် strategy ကိုလည်း ဦးဆောင်ခဲ့ပါတယ်။
၂၀၀၈ အောက်တိုဘာမှတော့ Dustin Moskovitz
ဟာ Facebook ကနေ ထွက်ခွါခဲ့ပြီး Facebook ရဲ
့engineering manager ဖြစ်တဲ့ Justin နဲ့ ပူးပေါင်းကာ Asana ဆိုတဲ့ company
ကိုထူထောင်ခဲ့ပါတယ်။
Dustin ဟာ mobile photo sharing application
တစ်ခုဖြစ်တဲ့ Path အတွက်လည်း မတည်ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ Path ကို
ဦးဆောင်နေတာကတော့ Facebook ရဲ့ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့
David Morin ဖြစ်ပါတယ်။
Distin Moskovitz နဲ့ သူ့ ချစ်သူ Cari
Tuna တို့ ဟာ Good Ventures ဆိုတဲ့ အဖွဲ့ အစည်းတစ်ခုကိုလည်းထူထောင်ခဲ့ပါတယ်။ Good Ventures
ဟာ လူမှုရေးလုပ်ငန်းများလုပ်ကိုင်တဲ့ အဖွဲ့ တော်တော်များများနဲ့ မိတ်ဖတ်အဖွဲ့ အနေနဲ
့လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Good Ventures ဟာ ငှက်ဖျားတိုက်ဖျက်ရေး၊ သန်ကောင်ကာကွယ်ရေး
အစရှိတဲ့ လူမှုရေးအဖွဲ့ အစည်းတွေကို ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမှုပြုခဲ့ပါတယ်။
Dustin Moskovitz ဟာ သူ့ ရဲ့ ချစ်သူ Cari Tuna နဲ့ လက်ထပ်ခဲ့ပါတယ်။ Cari
Tuna ကတော့ Good Ventures မှာ အချိန်ပြည့်ဦးစီးလုပ်ကိုင်နေပါတယ်။
Ko Hein (Prospect Myanmar)
Ref: wiki
Comments
Post a Comment