Forrest Gump ရုပ်ရှင်မှ သင်ယူသင့်တဲ့ သင်ခန်းစာ (၁၄)ခု
Forrest Gump ရုပ်ရှင်ကို တော်တော်များများကြည့်ဖူးမယ်ထင်ပါတယ်။ မကြည့်ဖူးတဲ့သူရှိလျှင်လည်း ကြည့်သင့်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့ ကို စိတ်ထဲမှာ တစ်စုံတစ်ခုခံစားရဖို့ သေချာပါတယ်။ ဒါပေမယ့် အချို့ အချက်လေးတွေကို သတိမပြုမိလိုက်တာရှိလျှင် ရှိပါမယ်။ အောက်မှာရေးထားတဲ့အချက်တွေကတော့ ကျွန်တော်တို့ သတိမပြုမိလိုက်တာတွေထဲကမှ လိုက်နာသင့်တဲ့ ဘ၀သင်ခန်းစာလေးတွေဖြစ်ပါတယ်။
(၁) ရိုးသားဖို့ကို မကြောက်ပါနဲ့ ။
Forrest Gump ဟာ စိတ်ထဲမှာရှိတဲ့အတိုင်းအမြဲတမ်း ဖွင့်ဟပါတယ်။ ပြောဆိုတယ်။ စိတ်ထဲရှိတဲ့အတိုင်း ရိုးရိုးသားသားဆက်ဆံတယ်။ အဲ့ဒီလိုလုပ်ခြင်းက တစ်ခါတစ်ရံ လူတစ်ဖက်သားကို ခံရခက်ခြင်း ဖြစ်စေနိုင်ပေမယ့် သူ့ ရဲ့ ရိုးသားတဲ့အတွင်းစိတ်ကို သိရှိသွားတဲ့အခါမှာတော့ နားလည်မှုပိုမိုရရှိသွားနိုင်ပါတယ်။
(၂) Forrest Gump ဟာ bus car မှတ်တိုင်မှာတွေ့ တဲ့အမျိုးသမီးနဲ့ ပဲဖြစ်ဖြစ်၊ အမေရိကန်သမ္မတနဲ့ ပဲဖြစ်ဖြစ် တန်းတူပဲဆက်ဆံပါတယ်။ လေးစားမှုတူတူပဲထားပါတယ်။ သမ္မတမို့ လို့ ဆိုပြီး ပိုရိုသေပြတာ၊ပိုပြီးရိုးသားပြတာမရှိပါဘူး။ လူကို လူလို့ ပဲ သဘောထားပြီးတန်းတူဆက်ဆံသွားပါတယ်။
(၄) ခံစားမှုကို ဖော်ပြဖို့ မတွန့် ဆုတ်သလို ချစ်ဖို့ ကိုလည်း မတွန့် ဆုတ်ပါဘူး။ ချစ်ရမယ်ဆိုလျှင် ရင်ထဲအသည်းထဲကကို ချစ်လိုက်ပါတယ်။ အဲ့ဒီလိုချစ်လို့ လည်း ခံစားရမှာကို မကြောက်သလို အရမ်းကိုအတွေးခေါင်လွန်းတာလည်း မရှိခဲ့ပါဘူး။
(၅) ဆုံးရှုံးရမှာကိုလည်း မကြောက်ခဲ့ပါဘူး။ သူ့ ဘ၀မှာ သူချစ်ခင်ရတဲ့သူတော်တော်များများသေဆုံးတာနဲ့ ကြုံတွေခဲ့ရပါတယ်။ အဲ့ဒီအခါမှာလည်းသူဟာ အလွန်အမင်းဝမ်းနည်းခြင်းကိုပြခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီဆုံးရှုံးမှုကို အေးအေးဆေးဆေးလက်ခံခဲ့ပါတယ်။ သူ့ အမေပြောထားတဲ့စကားကို သူအမြဲမှတ်ထားခဲ့ပါတယ်။ သေဆုံးခြင်းဆိုတာ ဘ၀ရဲ့  အစိတ်အပိုင်းတစ်ခုပါပဲတဲ့။
(၆) အမြဲလေ့လာသင်ကြားမှုပြုပါတယ်။ သူ့ ကို အရာရှိတစ်ယောက်က ပင်ပေါင်ရိုက်ဖို့ ပြောတော့ သူဟာ ချက်ချင်းပဲထပြီး ပင်ပေါင်ရိုက်လေ့ကျင့်ခဲ့တယ်။ အဲ့ဒီမှာ ပင်ပေါက်ရိုက်အရမ်းတော်တဲ့သူတစ်ယောက်ဖြစ်လာတယ်။ တကယ်လို့ သူဟာ အဲ့လိုမလေ့ကျင့်ခဲ့လျှင် သူပင်ပေါက်ရိုက်တော်တယ်ဆိုတာ မသိနိုင်ပါဘူး။
(၇) တကယ်လို့ မအောင်မြင်ခဲ့လျှင်လည်း စိတ်မပူပါနဲ့ ။ အနည်းဆုံးတော့ သင်ကြိုးစားခဲ့ပြီးပါပြီ။ ဘုရားကျောင်းမှာ သူသီချင်းသွားဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် အဆိုရှင်တော့မဖြစ်လာခဲ့ပါဘူး
(၈) အခြားသူတားနေပေမယ့် ကိုယ့်စိတ်ထဲမှာမှန်တယ်ထင်တာကိုလုပ်ပါ။ သူ့အထက်အရာရှိ Dan က သူ့ကို တိုက်ပွဲထဲမှာထားခဲ့ဖို့ ပြောနေတဲ့ ကြားက အမိန့်ဖီဆန်ပြီး သူမှန်မယ်ထင်တာကိုလုပ်ခဲ့ပါတယ်။ Dan ကို ကယ်ထုတ်ခဲ့တယ်။ နောက်ပိုင်းမှာတော့ Dan ကို သူကယ်တင်ခဲ့တာဟာ မှန်ကန်တယ်ဆိုတာကို သူရော Dan ပါ ပိုပြီးလက်ခံခဲ့ပါတယ်။
(၉) ဘယ်သောအခါမှာ တစ်ပါးသူက သူဟာ သင့်ထက်ပိုတော်တယ်လို့ မပြောခံရပါစေနဲ့။
(၁၀) ပုံမှန်ဆိုတဲ့ အဓိပ္ဗါယ်ဟာဘာလဲ။ သူ့ မိခင်က ကျောင်းဆရာကြီးကိုမေးသလိုပဲ ပုံမှန် ဆိုတာ ဘာလဲ ပေါ့။ လူတစ်ယောက်ဟာ ပုံမှန် ဖြစ်တယ်ဆိုတာ ဘာနဲ့ တိုင်းတာတာလဲ။ ဒါကြောင့် ငါသည် ပုံမှန်လူတစ်ယောက် ဖြစ်ရမည်ဆိုတဲ့အတွေးကို မထားပါနဲ့ ။
(၁၂) ကိစ္စအသေးလေးတွေကအစ အလေးထားပါ၊ တန်ဖိုးထားပါ။
Den ကို ရေခဲမုန့် ယူလာပေးတာကို ကြည့်နိုင်ပါတယ်။ သူ့ မိတ်ဆွေအတွက် ရေခဲမုန့် လေးက အစ တန်ဖိုးထားပြီး ယူလာပေးပါတယ်။
(၁၃) မိမိနှစ်သက်တာကိုလုပ်ပါ။ သင်ကြိုက်နှစ်သက်တဲ့ဘ၀မှာနေပါ။ တစ်ခါတစ်ရံရိုးရှင်းမှုကို နှစ်သက်ပါ။
(၁၄) နောက်ဆုံးမှတ်ထားရမှာကတော့ ဘ၀ဆိုတာ ချောကလက်တွေအများကြီးပါတဲ့ box ကြီးလိုပါပဲ။ အဲ့ဒီ Box ထဲက ဘယ် ချောကလက်ကိုစားဖြစ်မယ်ဆိုတာ သင်မသိနိုင်ပါဘူး။ 
By Ko Hein (Prospect Myanmar)
Ref: http://www.lifehack.org/articles/communication/run-forrest-run-16-life-lessons-can-learn-from-forrest-gump.html
Comments
Popular posts from this blog
အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။
အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ
TeamWork အကြောင်း