Freelancer တစ်ယောက်အနေနဲ့ အသက်မွေးတော့မယ်ဆိုရင်...
အမေရိကန်နိုင်ငံမှာ အသေးစားစီးပွားရေးလုပ်ငန်း (၂၈) သန်းခန့် ရှိသည့်အနက် (၂၂) သန်းခန့်က တစ်ဦးတည်းပိုင် စီးပွားရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။
သင်လဲ အခုလို Freelancer အနေနဲ့ ရပ်တည်တော့မယ်ဆိုရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေ ရှိသလို၊ တစ်ယောက်တည်း ရပ်တည်ရတဲ့အတွက် စိန်ခေါ်မှုတွေ နဲ့လည်း ရင်ဆိုင်ရမှာ သေချာပါတယ်။
သင့်ရဲ့ ကိုယ်ပိုင် လုပ်ငန်းမှာ အခက်အခဲတွေ မကြုံတွေ့ရအောင် ယခုဖော်ပြမယ့် အချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားပါ။
၁။ ငွေအသုံးစရိတ်ကို သေချာစီမံထားပါ။
Freelance အလုပ်တွေရဲ့ ဖြစ်နေကျအရာကတော့ လက်ထဲမှာ ပိုက်ဆံ ပြတ်လပ်ခြင်းပဲဖြစ်ပါတယ်။ အလုပ်ကောင်းနေတဲ့ အချိန်မှာ ငွေတွေ အလျှံပယ်ရနေပေမဲ့ အလုပ်မကောင်းတဲ့ ကာလမှာ ဒုက္ခရောက်နေတတ်ပါတယ်။
ဒါကြောင့် ရရှိလာတဲ့ ဝင်ငွေတွေကို အဆင်မပြေချိန်မှာ သုံးစွဲဖို့အတွက် ချန်ထားသင့်ပါတယ်။ ဝင်ငွေရလာရင် အကောင့်ထဲမှာ စုထားဖို့နဲ့ Bill တွေဆောင်ဖို့အတွက် ခွဲခြားစီစဉ်ထားသင့်ပါတယ်။
၂။ ဝန်ဆောင်မှုပေးခြင်းနဲ့ အလုပ်လုပ်ခြင်းကို တစ်လှည့်စီ လုပ်ဆောင်ပါ။
Freelancer တွေဟာ Client ရရှိအောင် သူတို့ရဲ့ ဝန်ဆောင်မှုတွေကို လိုက်ရောင်းရပါတယ်။ Client ရရှိသွားရင်လည်း ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်အောင် အလုပ်တွေပဲ ဖိလုပ်ရပါတော့တယ်။ လက်ရှိအလုပ်ကိုပဲ အာရုံစိုက်နေတဲ့ အချိန်မှာ နောက်ထပ် Project တွေကို မရှာနိုင်တော့ပါဘူး ။ ဒါကြောင့် လက်ရှိ Project ပြီးသွားတာနဲ့ ထိုင်နေရတတ်ပါတယ်။ အလုပ်လုပ်နေချိန်မှာလည်း Project အသစ်တွေရှာဖို့ အချိန်ပေး ပြင်ဆင်ထားသင့်ပါတယ်။
၃။ စည်းကမ်းတကျ အလုပ်လုပ်ပါ။
Freelancer တွေဟာ Project တစ်ခုကို လက်ခံပြီးတာနဲ့ တာဝန်ယူလုပ်ကိုင် ပေးရပါတယ်။ ဒါကြောင့် အလုပ်နဲ့ ပက်သက်တဲ့ စည်းကမ်းတွေကို ကြိုတင်သက်မှတ်ထားပြီး စနစ်တကျ လုပ်ကိုင်သင့်ပါတယ်။ ဒီထက်ပိုပြီး စနစ်ကျချင်ရင်တော့ project management software တွေကို အသုံးပြုနိုင်ပါသေးတယ်။
၎။ အမြဲတမ်း တစ်ယောက်တည်း ရှေ့မဆက်ပါနဲ့။
Freelance အလုပ်တွေဟာ တစ်ယောက်တည်း လုပ်ကိုင်ရတယ်ဆိုပေမယ့် လုပ်ငန်းအောင်မြင်ဖို့ဆိုရင် အခြားလူတွေရဲ့ အကူအညီတွေကို ရယူသင့်ပါတယ်။ သင် မကျွမ်းကျင်တဲ့ လုပ်ငန်းပိုင်းတွေကို အခြားလူဆီ ခွဲဝေပေးသင့်သလို ၊ အခြားလူတွေကလည်း သူတို့မကျွမ်းကျင်တဲ့ အချိန်မှာ သင့်အတွက် အလုပ်တွေ ခွဲဝေပေးမှာဖြစ်ပါတယ်။ Freelancer တစ်ယောက်အတွက် Project များများရှိနေဖို့က အရေးကြီးပါတယ်။ ဒါ့အပြင် ဖိုင် Share လုပ်တဲ့အခါတွေမှာ အဆင်ပြေစေဖို့ Cloud နည်းပညာတွေကို အသုံးပြုသင့်ပါတယ်။
Client အသစ်တွေ ရှာဖွေနိုင်ဖို့ အပြင် ပိုက်ဆံခြွေတာနိုင်ဖို့အတွက် accountant တွေ ၊ ရှေ့နေတွေ ၊ service providers တွေနဲ့ ချိတ်ဆက်ပြီး တိုင်ပင်သင့်ပါတယ်။
Comments
Post a Comment