ပုဂံခေတ်က စွန့်ဦးတီထွင်သမားတစ်ယောက်အကြောင်း !


ပုဂံခေတ်က စွန့်ဦးတီထွင်သမားဆိုလို့ အံ့သြသွားကြမယ်ထင်ပါတယ်. မအံ့သြသွားကြပါနဲ့ . ပုဂံခေတ်မှာ တကယ်ရှိခဲ့ပါတယ်.
စွန့်ဦးတီထွင်သမား ဆိုတာက သူများတွေနဲ့မတူတဲ့ လမ်းသစ်
တစ်ခုကို ဖေါက်ထွက်မယ်,ဒီ လမ်းအသစ်နဲ့ပဲ အောင်မြင်မှု ပန်းတိုင်ကို လျှောက်လှမ်းနိုင်တယ်ဆိုရင် ဒီလူကို စွန့်ဦးတီထွင် သမား တစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်. တခြားလူတော့
မဟုတ်ပါဘူး . ပုဂံခေတ်က စွန့်ဦးတီထွင်သမားဆိုတာကတော့
အနော်ရထာမင်းကြီးရဲ့ သူရဲကောင်းလေးဖော်ထဲက တစ်ဦးအပါအဝင် ဖြစ်တဲ့ ငလုံးလက်ဖယ် ပဲဖြစ်ပါတယ်.
မြန်မာ့သမိုင်းကို ပြန်လှန်ကြည့်မယ်ဆိုရင် လူတော်တော်များများသိကြတာက ငလုံးလက်ဖယ်ဆိုတာက အနော်ရထာမင်းကြီးရဲ့ သူရဲကောင်းပါ . ဘယ်လိုဖြစ်လို့ စွန့်ဦးတီထွင်သမား ဖြစ်သွားရတာလဲလို့ ဒွိဟ တွေဖြစ်သွားနိုင်ပါတယ်. ကျနော်တို့တွေ သိကြတာက ငလုံးလက်ဖယ်ဆိုတာက ခွန်အားဗလ ကြီးမားတယ် , နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်တယ်လို့ သိကြပါတယ်.ငလုံးလက်ဖယ်ဟာ အနော်ရထာမင်းကြီးက သူကောင်းမပြုစဉ်အခါက 
သာမန် လယ်သမားလေးတစ်ဦးဖြစ်ပါတယ်. ပုပ္ပါးအရပ် ဇာတိဖြစ်ပြီးတော့ ဆင်းရဲပါတယ်. သူ့နာမည် အရင်းက ငလုံးပါ .
လက်တစ်ဖက်က ပယ်နေလို့ (ကပ်နေတာကို ဆိုလိုတာပါ ) ငလုံးလက်ဖယ်လို့ ခေါ်ကြတာပါ . ဆင်းရဲတဲ့ လယ်သမား တစ်ဦးဖြစ်
ပေမယ့် ငလုံးလက်ဖယ် ဟာ ညဏ်ပညာ အလွန် ထက်မြက်ပါတယ်.

အရင်ခေတ်က ပုပ္ပါးအရပ်ဟာ အလွန် မိုးခေါင်,ရေရှားတဲ့
ဒေသပါ . တစ်နှစ်ပတ်လုံးမှာ မိုးတွင်းကာလပဲ စပါးစိုက်ပျိုးနိုင်ပါတယ် . ဒါကြောင့် ကျန်တဲ့အချိန်မှာ လယ်သမားတွေဟာ ဘာအလုပ်မှ လုပ်ကိုင်လို့မရပါဘူး .မိုးတွင်း ရှာထားသမျှကို တစ်နှစ်ပတ်လုံး လောက်ငှအောင် ချွေတာအသုံးပြုကြပါတယ်. ပြီးတော့ အဲ့ဒီ အချိန်က အရည်းကြီးတွေ အုပ်စိုးနေတဲ့ အချိန်ဖြစ်ပြီးတော့ 
လူတွေဟာ အရည်းကြီးအယူဝါဒတွေကိုသာ ကိုးကွယ်နေတဲ့
အချိန် ဖြစ်ပါတယ် .

ဒီလိုမျိုး မိုးခေါင်ရေရှားလို့ ဆန်ရေစပါး ရှားပါးတဲ့ ခေတ်ကာလ
မှာ လယ်သမားလေး ငလုံး ဟာ သူများတွေနဲ့ မတူတဲ့ အတွေးအခေါ်တွေကို တွေးတောကြံစည်တတ်တဲ့သူလည်းဖြစ်ပါတယ်.
အခုလို တနှစ်တာကာလလုံးမှာ စပါးကို မိုးရာသီ ပဲ စိုက်ပျိုးလို့ရတာကို သူဟာ ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာကို နည်းလမ်း
ရှာဖွေပါတယ်. ဒီမှာ ဘာကို သွားတွေ့လဲဆိုတော့ လယ်သမားဆိုတာက ရေ ကို အဓိကအားထားပြီး ဆန်စပါး ကို စိုက်ပျိုးရတာဖြစ်တယ်. ရေဆိုတာကလည်း အခုအချိန်မှာက မိုးရာသီ တစ်ခုပဲရတယ်. ဒီတော့ ကျန်တဲ့ အချိန်တွေမှာပါ ရေ ကို ရအောင် သူ လုပ်ပါတယ်. ဘာလုပ်လဲ ဆိုတော့ မိုးတွင်းမှာ ရွာတဲ့ မိုးရေကို သိုလှောင်ဖို့အတွက် လုပ်ပါတယ်. နောက် တစ်ခုကတော့ ရေရှိတဲ့အရပ်ကနေ ရေကို သွယ်ယူတာပါပဲ .

ငလုံး ဟာ သူ့ရဲ့ လယ်ကွက်တွေအနီးမှာ ရေကန်တစ်ကန်တူး
ပြီးတော့ ဧရာဝတီမြစ်ရေအတွင်းက ရေတွေကို မြောင်းဖောက်
သွယ်ယူကာ လှောင်ထားပါတယ်. ဒီလို လုပ်တာကို ကျန်တဲ့ လယ်သမားတွေက လှောင်ပြောင်ကြပါတယ် . မဖြစ်နိုင်တာကို လုပ်နေတယ်, အရည်းကြီးတွေကို မပူဇော်ရင် လယ်ကွက်တွေက
နေ စပါးတွေ မဖြစ်ထွန်းနိုင်ဘူး အစရှိသည်ပေါ့. သူ့ကို အရူးတစ်ယောက်လို လှောင်ပြောင်ကဲ့ရဲ့ကြပါတယ်. ဒါကတော့ အခု ဒီဘက်ခေတ်မှာ ဖြစ်နေတဲ့ ပုံစံအတိုင်းပါပဲ. စွန့်ဦးတီထွင်သမားတွေက အသစ်အဆန်းတစ်ခုခုကို ထလုပ်ပြီဆိုရင် မဖြစ်နိုင်ပါဘူး,

အောင်မြင်မှာ မဟုတ်ဘူး ဆိုပြီး ဝိုင်းကဲ့ရဲ့ကြပါတယ်. အောင်မြင်
သွားပြီဆိုရင်တော့ ဒီ အသစ်အဆန်းကို သူတို့ လိုက်လုပ်ကြပါတယ်.
မိုးရာသီ ကုန်ဆုံးလို့ ရေရှားတဲ့ရာသီကို ရောက်တဲ့ အခါမှာ 
ကျန်တဲ့ လယ်သမားတွေဟာ ထုံးစံအတိုင်း ဒုက္ခရောက်ပါတယ်.
စပါးစိုက်စရာ ရေမရှိတဲ့အတွက် စားဖို့သောက်ဖို့ အခက်အခဲ ဖြစ်ကြပါတယ်. ဒီအချိန်မှာ ငလုံး ကတော့ ကြိုးစားမှုရဲ့ ရလဒ်ကို ခံစားနေရပြီပဲ ဖြစ်ပါတယ်.သိုလှောင်ထားတဲ့ ရေတွေနဲ့ စပါးတွေ 
စိုက်တယ်. မိုးရာသီ မဟုတ်လဲ သူဟာ စပါးတွေကို တနှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီးတော့ သာသာယာယာ နေထိုင်နိုင်သွားပါတယ်.
ဒီ သတင်းက ပုဂံနေပြည်တော်က အရှင်နော်ရထာ ဆီရောက်သွားတဲ့ အခါမှာတော့ ငလုံးဟာ သူကောင်းပြုခြင်းကို ခံရပါတယ်.
နေပြည်တော်အတွင်းမှာ ဆည်မြောင်းတွေ , ကန်တွေ တူးဖော်ဖိုအတွက်ကို ငလုံးဟာ ဘုရင်ကို အကြံပေးပြီးတော့ ကိုယ်တိုင်လဲ
ကြီးကြပ်ကာ လုပ်ဆောင်ခဲ့ပါတယ်. မြန်မာ့သမိုင်းမှာတော့ ပထမဦးဆုံး ဆည်မြောင်းတွေ တူးဖော်ခဲ့တဲ့ အချိန်လို့ ပြောလို့ရပါတယ်.
ဒီအဖြစ်အပျက်လေးမှာ ကျနော်တို့ ဘာကို သင်ခန်းစာယူလို့ရနိုင်မလဲဆိုတော့ ဘယ်ကိစ္စမှာ မဆို အဆင်မပြေဘူးလို့ အော်နေတာနဲ့တော့ ဘာမှဖြစ်မလာဘူး . မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရား အပေါ် ယုံကြည်သက်ဝင်ပြီး ဆုတောင်းတာကလဲ
တပိုင်းပါ. ကိုယ်တိုင်ကလဲ ကြိုးစားဖို့လိုအပ်ပါတယ်. ကိုယ်တိုင်က လမ်းသစ်ဖောက်မယ်ဆိုရင်တော့ လူအများရဲ့ လှောင်ပြောင်ခြင်းနဲ့ ဝေဖန်မှုကိုတော့ ခံရမှာပါပဲ . ဘယ်လိုပဲ ဝေဖန်ခံရပါစေ .
ကိုယ်လျှောက်မယ့် လမ်းကို ပန်းတိုင်ရောက်တဲ့အထိ လျှောက်လှမ်းပါ . အောင်မြင်ခြင်းဆိုတဲ့ အရာကို မုချ ခံစားရမှာပဲဖြစ်ပါတယ်.

စာကြွင်း > ( 2008 လောက်က ဖတ်ဖူးသော စာတပုဒ်ကို ကိုးကား
ပြီး ပြန်လည်ရေးသားခြင်းဖြစ်ပါသည် . တစ်စုံတစ်ရာ အမှားပါခဲ့ ပါက ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျ . )


Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

TeamWork အကြောင်း