Dab Dance ယဉ်ကျေးမှု !
အခုတစ်လောမှာ လက် ၂ ချောင်းကို ထောင့်ကွေးပုံစံ ပြုလုပ်
ပြီး Photo တွေ ရိုက်ကြတာကို Social စာမျက်နှာတွေပေါ်မှာ
အခုရက်ပိုင်းထဲ မြင်တွေ့မိမှာပါ၊ ဒီလိုမျိုး ပြုလုပ်တဲ့ ပုံစံကို Dab Dance လို့ခေါ်ပါတယ်၊ ဒီ Dab Dance ယဉ်ကျေးမှုက အမေရိကန်နိုင်ငံကနေ စတင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အာရှမှာရော၊ မြန်မာပြည်မှာပါ တဖြည်းဖြည်းနဲ့ ပျံ့နှံ့ လာပြီပဲ ဖြစ်ပါတယ်၊
အခုအချိန်မှာတော့ Dab Dance ကို ကမ္ဘာတစ်ဝှမ်းလုံးက
ယဉ်ကျေးမှု တစ်ခုအနေနဲ့ ပြုလုပ်လာကြပါတယ်. Dab Dance
ရဲ့ ပထမအစ ကတော့ အမေရိကန်နိုင်ငံက Rapper တွေက
အစပြုခဲ့တာပဲ ဖြစ်ပါတယ်. အမေရိကန် Rapper တစ်ယောက်
ဖြစ်တဲ့ Migos ရဲ့ 2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့
Look at My Dab (Bitch Dab) ဆိုတဲ့ MTV ကနေ
အစပြုလာတယ်လို့ပဲ ပြောရမှာပါ . အဲ့ဒီ အချိန်ကာလတုန်းကတော့ Dab Dance ကို လူတွေ သိပ်ပြီး စိတ်ဝင်စားခြင်း
မရှိခဲ့ပါဘူး .
ဒါပေမယ့် ပြီးခဲ့တဲ့ တစ်လ လောက်ကနေစပြီး
တော့ ဘောလုံးအကျော်အမော်တွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ လူကာကူ၊ နေမာ တို့လိုကစားသမားတွေရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံ တဲ့ ပုံစံက
Dab Dance နဲ့ ဖြစ်လာတဲ့အခါမှာတော့ လူတွေဟာ Dab Dance ကို စိတ်ဝင်စားလာကြပါတယ် . Dab Dance ဟာ
တစ်ဦးတည်းဖြစ်စေ , အဖွဲ့လိုက်ပဲ ဖြစ်စေ ပြုလုပ်တဲ့အခါမှာ
ပျော်ရွှင်ဖွယ်ရာ ကောင်းပြီး အသစ်အဆန်းတစ်ခု လဲ ဖြစ်စေမှာပါ. သူငယ်ချင်းတွေနဲ့ ပဲ ဖြစ်ဖြစ် , ကိုယ့် ချစ်သူနဲ့ပဲ ဖြစ်ဖြစ် ,
တစ်ဦးထဲပဲ ဖြစ်ဖြစ် Dab Dance ပြုလုပ်ပြီးတော့ Photo
လေးရိုက်ကြည့်လိုက်ပါ . ပျော်ရွှင်စရာကောင်းပြီး ထူးခြားတဲ့
အမှတ်တရ အချိန် အခိုက်အတန့်လေး တစ်ခုကို ရရှိမယ်ဆိုတာကိုတော့ ရဲရဲကြီး အာမခံလိုက်ပါတယ် .
David Jame
Comments
Post a Comment