နေ့စဉ်စက်ဘီးနင်းပြီး ၉ နှစ်ကြာအောင် အင်္ဂလိပ်စကားပြော သွားရောက်လေ့ကျင့်ခဲ့သူ


အသက် (၅၂)နှစ်ရှိပြီဖြစ်တဲ့ အလီဘာဘာ သူဌေးကြီး Jack Ma ဟာ လက်ရှိအနေအထားအရ ဒေါ်လာ ၂၉ ဘီလီယံ ချမ်းသာကြွယ်ဝနေပြီဖြစ်ပါတယ်။

အခုချိန်မှာ အောင်မြင်နေပေမယ့် Jack Ma ရဲ့ငယ်ဘဝကတော့ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဇွဲရှိရှိ ကြိုးစားခဲ့တာကြောင့် Jack Ma ရဲ့ လက်ရှိဘဝဟာ အောင်မြင်နေပြီဖြစ်ပါတယ်။

Prospect Myanmar ကနေ Jack Ma ရဲ့ ငယ်ဘဝကြိုးစားမှုတွေထဲက အတုယူသင့်တဲ့ အကြောင်းအရာတစ်ခုကို ဖော်ပြပေးချင်ပါတယ်။

Jack Ma ဟာ အသက် (၁၂)နှစ် အရွယ်ကစလို့ နေ့စဉ် ၄၅ မိနစ်ကြာအောင် စက်ဘီးနင်းပြီး အမေရိကန် ဟိုတယ်တစ်ခုဆီကို အရောက်သွားလေ့ရှိပါတယ်။

အခုလို အပင်ပန်းခံပြီး သွားရတဲ့အကြောင်းအရင်းကတော့ နိုင်ငံခြားသားတွေနဲ့ တွေ့ပြီး အင်္ဂလိပ်စကားပြော လေ့ကျင့်ဖို့ပဲဖြစ်ပါတယ်။
Jack Ma ဟာ ကမ္ဘာလှည့်ခရီးသည်တွေကို မြို့အနှံ့လိုက်ပို့ပြီး အခမဲ့ Tour Guide လုပ်ပေးခဲ့ပါတယ်။
အင်္ဂလိပ်စာကို (၉)နှစ်ကြာအောင် လေ့လာပြီးတဲ့ နောက်မှာတော့ ပြည်တွင်းက ကျောင်းတစ်ခုမှာ အင်္ဂလိပ်စာဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။
Jack Ma ဟာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကို ယခုလို အာရုံစိုက် ကြိုးစားဖြေရှင်းရင်း အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ Jack Ma လို ဇွဲကောင်းပြီး ရည်မှန်းချက်ကြီးမားတဲ့ လူတစ်ယောက်ဟာ အခုချိန်မှာ ချမ်းသာကြွယ်ဝနေတယ်ဆိုတာကတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။

Jack Ma ဆီက ရနိုင်မယ့် ဘဝသင်ခန်းစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
☑ စိတ်ရှည်ရှည်ထားပြီး ကြိုးစားအားထုတ်ပါ။
☑ ကိုယ်တိုင်သင်ယူလေ့လာတတ်အောင် လေ့ကျင့်ပါ။
☑ ရည်မှန်းချက် ကြီးကြီးထားပြီး သေးသေးလေးက စလုပ်ပါ။
☑ အမြဲမပြတ် သင်ယူလေ့လာနေပါ။

---------------------------

Linn Linn Maung (Prospect Myanmar)

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

TeamWork အကြောင်း