ရာထူးတိုးတော့မယ့် လက္ခဏာများ


ကိုယ်ဟာအလုပ်မှာကြိုးကြိုးစားစားလုပ်ကိုင်နေပေမယ့်လည်း အပြောင်းအလဲကဘယ်တော့များမှလာမလဲလို့မျှော်နေရပြီလား။
ဒီအချက်လေးတွေနဲ့ကြုံတွေ့နေပြီဆိုရင်တော့ မကြာခင်သတင်းကောင်းကြားရတော့မှာပါ။

၁။ အရင်ကတတ်ရောက်ခွင့်မရှိခဲ့တဲ့အစည်းအဝေးတွေကိုဖိတ်ကြားခံရတယ်။
ဒါကကောင်းတဲ့လက္ခဏာပါပဲ။ အထူးသဖြင့် တခြားဌာနအသီးသီးကလူကြီးတွေ မန်နေဂျာတွေနဲ့ အရေးကြီး
ပုဂ္ဂိုလ်တွေပါဝင်တဲ့အစည်းအဝေးတွေကိုဖိတ်ကြားခံရခြင်းဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့လုပ်ကိုင်နိုင်စွမ်းကို 
လက်ခံယုံကြည်ကြောင်းအချက်ပြတာပါပဲ။ ဒီလိုအစည်းအဝေးတွေမှာအရည်အချင်းကိုအပြောင်မြောက်ဆုံး
အသုံးချပြနိုင်မယ်ဆိုရင်တော့ အခွင့်အရေးကောင်းတွေမကြာခင်မှာရောက်လာတော့မှာပါ။

၂။ အရင်ထက်ပိုတာဝန်ပေးခံရတယ်။ 
အထက်လူကြီးယုံကြည်မှုကိုရလိုက်တာပဲဖြစ်ပါတယ်။ ဒီအချိန်မှာပိုပင်ပန်းကောင်းပင်ပန်းနိုင်ပါတယ်။ 
တစ်ချိန်တည်းမှာပဲကိုယ်မသိမတတ်သေးတဲ့ ကိစ္စရပ်တွေကိုသင်ယူလုပ်ကိုင်ခွင့်ရနေတာကိုသိထားသင့်ပါတယ်။

၃။ ကိုယ့်ရဲ့အထက်လူကြီးရာထူးတိုးချိန်။
ကိုယ်ဟာသူ့ရဲ့လက်ထောက်အနေနဲ့အချိန်တော်တော်ကြာအောင်တာဝန်ကျေနိုင်ပြီးတော့ 
သူ့ရဲ့ယုံကြည်ရသူတစ်ဦးလည်းဖြစ်မယ်ဆိုရင် သူရာထူးတိုးလို့လစ်ဟာသွားတဲ့ နေရာဟာ
ကိုယ်နဲ့အကိုက်အညီဆုံးဖြစ်နေမှာပါ။

၎။ ရေရှည်စီမံကိန်းကိုမေးမယ်။
Boss က ကိုယ့်ရဲ့မိသားစုအကြောင်း၊ ရည်မှန်းချက်တွေအကြောင်းကို လေးလေးနက်နက်မေးမြန်း
လာပြီဆိုရင် သင့်ကိုပိုကြီးတဲ့တာဝန်နဲ့အခွင့်အရေးပေးပြီး မြေတောင်မြှောက်သင့် မမြှောက်သင့်ကို အကဲခတ်နေတယ်လို့ဆိုနိုင်ပါတယ်။

၅။ ရာထူးကြီးသူတွေနဲ့ ထမင်းလက်ဆုံစားဖို့ဖိတ်ကြားခံရမယ်။
Boss ကယုံကြည်မှုတိုးလာတာနဲ့အမျှ ရင်းရင်းနှီးနှီးဆက်ဆံလာသလို သင့်ရဲ့အောင်မြင်မှုကိုလဲအသိအမှတ်ပြုလာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် နေ့လည်စာစားဖို့ဖိတ်ခေါ်ခြင်း ကော်ဖီချိန်မှာစကားစမြည်ပြောခြင်းတို့ဖြင့် သူ့ရဲ့အသိအမှတ်ပြုခြင်းကို ဖော်ပြနိုင်ပါတယ်။

၆။ Training အသစ်တွေထည့်ပေးတယ်။
ဒါဟာ Boss ကသင့်ရဲ့အရည်အသွေးတိုးတတ်လာအောင် ရင်းနှီးမြုပ်နှံခြင်းပဲဖြစ်ပါတယ်။ သင့်မှာတိုးတတ်လာနိုင်တဲ့
အလားအလာရှိလို့ပါ။ 
နောက်တစ်ချက်ကတော့ သင်ကနေတခြားတစ်ယောက် သို့မဟုတ် တခြားတစ်ဖွဲ့ကို လုပ်ငန်းဆိုင်ရာသင်တန်းပြန်လည်ပို့ချခိုင်းခြင်းဖြစ်ပါတယ်။
Boss အနေနဲ့ သင်ဟာ သင်ပြနိုင်တဲ့အရည်အချင်းရှိသူအနေနဲ့မြင်လို့ဒီလိုတာဝန်ပေးရခြင်းဖြစ်ပါတယ်။
မင်းရာထူးတိုးသွားတဲ့အခါ ကျန်ခဲ့တဲ့နေရာကိုအစားထိုးခန့်အပ်ဖို့ ပြင်ဆင်ခြင်းလည်းဖြစ်နိုင်ပါသေးတယ်။

၇။ အထူးအရေးပေးဆက်ဆံတယ်။
အထက်လူကြီးက မျက်နှာသာပေးဆက်ဆံရုံမက လုပ်ဖော်ကိုင်ဖက်အချင်းချင်းကပါ လေးလေးစားစားပြောဆိုနေပြီလား။
ကိုယ်တိုင်ကမသိပေမယ့် တခြားသောဝန်ထမ်းတွေက ကိုယ်ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ရာထူးတိုးနိုင်ချေရှိကြောင်း
သတင်းကြားထားပြီးသားဖြစ်နေနိုင်ပါတယ်။

၈။ ကိုယ့်အမြင်အယူအဆကိုမေးတယ်။
ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုမေးမြန်းခြင်းဟာ ကိုယ့်ရဲ့ အတွေ့အကြုံ၊ အသိပညာ နဲ့ အရည်အချင်းကိုလေးစားခြင်းဖြစ်ပါတယ်။

၉။ လူဘုံအလယ်မှာချီးမွမ်းခံရတယ်။
သင့်ချီးမွမ်းကြောင်း Email ကိုအထက်လူကြီးနှင့်တကွ အခြားသောရာထူးကြီးသူတွေကိုပါ copy တွဲပြီး
ပို့တယ် နောက်ပြီး အပြင်မှာလဲမကြာခဏချီးမွမ်းပြောဆိုတယ်ဆိုရင်တော့ Boss ကသင့်ကိုအကောင်းမြင်
ထောက်ခံသူများလာအောင် ကြိုးစားနေခြင်းဖြစ်နိုင်ပါတယ်.

၁၀။ Company ကိုတိုးချဲ့နေတဲ့အချိန်
Company ကိုပိုကျယ်ပြန့်လာအောင် အခွဲများဖွင့်ချိန် ရုံးခန်းသစ်များတိုးချဲ့နေချိန်မှာသင်နဲ့ပိုမိုကိုက်ညီတဲ့နေရာတစ်ခု
ကိုပြောင်းရွှေ့ ရနိုင်ပါတယ်။ ဒီအချိန်မှာလုပ်သက်နုနယ်သေးတယ်ဆိုရင်တောင် ရာထူးတိုးနိုင်ချေရှိပါတယ်။

၁၁။ Manager တွေကအာရုံစိုက်လာတယ်။
အထက်လူကြီးတွေက သင့်ရဲ့အကြံဥာဏ်တွေနဲ့ ထင်မြင်ယူဆချက်တွေကိုအလေးပေးဆွေးနွေးလာရုံ
သာမက အမှတ်မထင်တွေ့ချိန်မှာပါနှုတ်ဆက်ဖြစ်တယ်ဆိုရင် ဒါဟာသင့်ကိုစောင့်ကြည့်နေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

၁၂။ တာဝန်ယူရတာပိုများလာမယ်။
ကိုယ့်ထပ် စီနီယာရဲ့အလုပ်ကိုတွဲဖက်ကူညီနေရတယ်ဆိုရင် လုပ်ကိုင်ရတဲ့ တာဝန်ပိုများလာတဲ့အတွက်
လစာတိုးလာဖို့ကိုလည်းမျှော်လင့်နိုင်ပါတယ်။
အထက်ပါအချက်တွေနဲ့တော်တော်များများကြုံတွေ့နေရပြီဆိုရင်တော့ သတင်းကောင်းကြားရနိုင်ချေများပါတယ်။

ဒါပေမယ့် သတင်းကောင်းကိုမျှော်နေရင်း လုပ်ကိုင်နေဆဲအလုပ်တွေကို မလစ်ဟင်းအောင် ဂရုစိုက်ဖို့လိုပါတယ်။

Hnin Pwint 

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

TeamWork အကြောင်း