ဘ၀အတွက်ရွေးချယ်မှု



မိန်းကလေး တစ်ယောက်က သူ့ အမေကို မေးတယ်၊

“ အချစ်ဆိုတာ ဘာလဲဟင် မေမေ ”
သူ့ အမေ က အဖြေကို ဒီတိုင်းမဖြေဘဲနဲ့ ဥပမာလေးနဲ့ ဖြေတယ်၊
သမီးရဲ့ မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုအရှေ့မှာ ရှိတဲ့ ဂျုံခင်းဆီကိုသွားပါ၊ အကြီးဆုံး ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ၊ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ သမီး ဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးလို့တော့ မရဘူးနော် ၊

ဒါနဲ့ ကောင်မလေးဟာ ဂျုံခင်းဆီသွားလိုက်တယ်၊ ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ် ၊ ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့
သူ စဉ်းစားလိုက်မိတယ်၊ ဒီလိုနဲ့ ထပ်သွားရင်း ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူမ တွေ့လိုက်ပြန်တယ်၊
ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူမထင်နေမိတယ်၊
ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက် မကြီးဘူးဆိုတာ စတင် သဘောပေါက်လာတော့တယ်။ အကြီးဆုံးဂျုံစေ့ကို သူ မခူးဆွတ်ခဲ့မိမှန်း သိသွားတဲ့ အချိန်မှာ
သူမဟာ နောင်တရလာတယ် ၊ ဒါနဲ့ သူမ ဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့
သူ့ အမေ ဆီိ ပြန်လာပါတယ်၊ အမေ က သူမ ကိုပြောတယ်၊

“အချစ်ဆိုတာ ဒီဥပမာ လေးလိုပါပဲ ၊ သမီး ဟာ ပိုမိုကောင်းမွန်တဲ့အချစ်ကို ဆက်လက်ရှာဖွေနေတယ်၊
ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကို လွဲသွားကြောင်း နောင်တစ်ချိန်ရောက်မှ သဘောပေါက်လာတယ်”
“ဒါဆိုရင် လက်ထပ်ခြင်းကရော…”လို့ ကောင်မလေး ကမေးပြန်တယ်။

အမေက ပြန်ပြောပါတယ်၊
ပထမ မေးခွန်းလိုပဲ ဒီမေးခွန်းကို ဖြေဖို့အတွက် စပါးခင်းဆီသွားလိုက်ပါ ၊ ပြီးရင် အကြီးဆုံး စပါးတစ်စေ့ယူပြီး ပြန်လာပါ၊ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ သမီး ဟာ စပါးခင်းထဲကို တစ်ကြိမ်သာဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်၊

ကောင်မလေး ဟာ စပါးခင်းဆီသွားလိုက်တယ်၊
အခုတစ်ခေါက်မှာတော့ သူမ ဟာ ပထမကိစ္စတုန်းကလို အမှားမျိုးမလုပ်မိဖို့ ဂရုစိုက်တယ်၊ စပါးခင်းအလယ် ရောက်တဲ့အခါ သူမ စိတ်ကျေနပ်လောက်တဲ့ အလယ်အလတ် စပါးစေ့တစ်စေ့ ခူးဆွတ်ရင်း အမေ့ ဆီ ပြန်လာပါတယ်၊ အမေ က သူမ ကို ပြောတယ်၊
ဒီ တစ်ခေါက်မှာတော့ သမီးဟာ စပါးစေ့တစ်စေ့ ခူးခဲ့တယ် ၊ သမီးဟာ သင့်တော်ကောင်းမွန်တဲ့ စပါးတစ်စေ့ကို ရှာဖွေခဲ့တယ်၊ ပြီးတော့ ဒီစပါးစေ့ဟာ မင်းရခဲ့သမျှ အကောင်းဆုံးအစေ့လို့ ယုံကြည်စိတ်ချမှုရှိတယ်၊ လက်ထပ်ခြင်းဆိုတာ ဒီလိုမျိုးပါပဲ၊

ကျွန်တော်တို့ဟာ အကောင်းဆုံးအချစ်ကိုတွေ့ဖို့၊ အကောင်းဆုံး အချစ်ကိုရရှိဖို့ ရှာဖွေနေခဲ့ကြတယ်၊
ကိုယ့်ဆီရောက်လာတဲ့ အကောင်းဆုံးအချစ်ကိုတော့ ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ ဒီထက်ပိုကောင်းမယ်ထင်တဲ့ အချစ်ကို ဆက်လက်ပြီး ရှာဖွေနေကြတယ်။ နောင်တစ်ချိန်ရောက်မှ ကျွန်တော်တို့ဟာ အကောင်းဆုံး အချစ်ကို လက်လွှတ်ခဲ့ကြောင်း သိမြင်လာတော့တယ်။ ကျွန်တော်တို့ဟာ လက်ထပ်ဖို့အတွက် ကိုယ်နဲ့ သင့်တော်မယ့်သူ တစ်ယောက်ကို ရှာဖွေကြပါတယ်။ အကောင်းဆုံးမဟုတ်ပေမယ့် သင့်တော်သူတစ်ယောက်ကို တွေ့တဲ့အခါ လက်ထပ်လိုက်တော့တယ်။ ဒါဟာ ကျနော်တို့ ဘ၀ အတွက် အကောင်းဆုံးရွေးချယ်မှုလား? မတတ်သာလို့ ရွေးချယ်လိုက်ရတာလား? ဘာပဲ ဖြစ်ဖြစ်ပါ၊ ကျနော်တို့ ရွေးချယ်မှုဟာ ကျနော်တို့ ဘ၀ အတွက် အကောင်းဆုံး ဖြစ်ဖို့တော့ လိုအပ်ပါတယ်၊


Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

TeamWork အကြောင်း