လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် ဒီလိုနေမယ်!
လုပ်ငန်းခွင်မှာ အမြဲတမ်းအဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့်ဖို့ တိုက်တွန်းချင် ပါတယ်၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်မှ ကျန်တဲ့ ကိစ္စတွေမှာပါ သင်အဆင်ပြေမှာပါ၊ ကဲ အောက်မှာ သင် ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ နည်းလမ်းလေးတွေကို အကြံပေးထားပါတယ်၊ ဖတ်ကြည့်လိုက်ပါအုံး၊
1 . ကိုယ့်ကိုအဆိုးမြင်တဲ့ သူတွေနဲ့ ဝေးဝေးနေပါ။ အကောင်းမြင်သူတွေ ကြားမှာနေပါ။ မတတ်သာလို့ ဆက်ဆံရမယ်ဆိုရင်တောင် အလိုက်အထိုက်သာ ဆက်ဆံပါ၊ အဆိုးမြင်တဲ့သူတွေနဲ့ ဝေးဝေးနေတော့ သူတို့ ဝေဖန်သံတွေကို မကြားရတော့ပါဘူး၊ ဒါဟာ သင့်ကို စိတ်ချမ်းသာစေမှာပါ၊
2 . သူများပြောတိုင်း ခေါင်းမညိတ်ပါနဲ့ ၊ သူများပေးတိုင်း အလကားရတယ်ဆိုပြီး မယူပါနဲ့ ၊ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ ၊ ငြင်းစရာရှိလျှင် လိမ္မာစွာ ငြင်းပယ် လိုက်ပါ၊ ဒါဟာ ကိုယ့်မှာရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ် တတ်စေပြီးတော့ ပျော်ရွှင်စေပါတယ်၊
3 . အောင်မြင်မှု ရလိုဇောနဲ့ သူများတွေကို လိုက်ပြီး မနာလိုစိတ်တွေနဲ့ ပြိုင်ဆိုင်တာရှောင်ပါ၊ တကယ် ကြိုးစားသူတိုင်း အတွက် အောင်မြင်မှု ဆိုတာ အဝေးကြီးမှာ မဟုတ်ပါဘူး၊ လက်တစ်ကမ်းမှာပဲ ရှိပါတယ်၊ဒီ အချက်ဟာ သင့်ကို စိတ်ဖိစီးမှုတွေ လျော့ပါးစေပြီးတော့ လောဘ ကို အတောသတ်နိုင်စေမှာ ဖြစ်ပါတယ်၊
4 . လူတစ်ဖက်သား အထင်ကြီးအောင် ဟန်ဆောင်တာတွေ မလုပ်ပါနဲ့၊ အရှိကို အရှိအတိုင်းပဲ နေထိုင်ပါ ၊ ကိုယ့်ရဲ့ အရည်အချင်းနဲ့ လူတွေ လက်ခံလာအောင် နေထိုင်လုပ်ကိုင်ပါ၊ ဒါဟာ သင့်ကို ကြွားတတ်တဲ့ အကျင့်ကို ပျောက်စေပြီးတော့ သင့်မှာ ရှိတဲ့ အရည်အချင်းတွေကို ထွက်ပေါ်လာစေမှာပါ၊
5 . နေရာတကာ ကိုယ်သိ၊ ကိုယ်တတ် လုပ်တတ်တဲ့ အကျင့်ကို ဖျောက်ပါ၊ လူတိုင်းမှာ အရည်အချင်း တစ်ခုစီ ရှိပါတယ်၊ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ပါ၊ ဒီအချက်ဟာ သင့်ကို အဖွဲ့အစည်းနဲ့ လုပ်ကိုင်တတ်စေပြီး အောင်မြင်မှု ကို ပိုမိုရရှိစေမှာပဲ ဖြစ်ပါတယ်၊
ဒီလို အသေးအဖွဲ ကိစ္စတွေကို လုပ်ငန်းခွင်မှာ ပြုလုပ်ကြည့်ပါ၊ လုပ်ငန်းခွင်ထဲမှာ သင်ဟာ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်တဲ့ လူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာပါလိမ့်မယ်၊
Comments
Post a Comment