ဘယ်အခြေအနေမှာမဆို သင်ကြိုးစားခွင့်ရှိတယ်



ဝီလျံဟာ စက်ရုံမှာ တစ်နေ့ကို 10နာရီအလုပ်လုပ်ရတဲ့ အလုပ်ကြမ်းသမားတစ်ဦး ဖြစ်ပါတယ်။ သူဟာ အလုပ်ဘယ်လောက်ဘဲ ပင်ပန်းပါစေ. ညစဉ် ပန်းချီကားတွေဆွဲခဲ့တယ်။ ဆေးဗူးနဲ့ ပန်းချီဆွဲပစ္စည်းတွေဝယိဖို့ အစာအငတ်ခံရတယ်။ ဒါပေမယ့် 3နှစ်လုံးလုံး သူဟာ ပန်းချီကားတွေ နေ့စဉ်ဆွဲခဲ့ပါတယ်။ သူတို့မြို့လေးရဲ့ နွေဦးရာသီ ပန်းချီပြပွဲမှာ နှစ်စဉ် ပန်းချီကားတွေ သွားတင်ချင်ပေမယ့် ပြပွဲစီစဉ်သူတွေက နာမည်ကြီးပန်းချီဆရာ မဟုတ်လို့ လက်မခံကြပါဘူး။ ဝီလျံဟာ အားမလျော့ဘဲ စာအုပ်ဆိုင်တစ်ဆိုင်မှာ သူ့ပန်းချီကားလေးတွေ ချိတ်ဆွဲထားဖို့ ဆိုင်ပိုင်ရှင်ကို သနားခံခဲ့တယ်။ တစ်နေ့မှာ စာအုပ်လာဝယ်တဲ့ ပြင်သစ်နိုင်ငံသား တစ်ဦးက သူ့ပန်းချီကားတွေကို တွေ့ပြီး ပြင်သစ်က ပန်းချီပြခန်းပိုင်ရှင်နဲ့ ချိတ်ဆက်ပေးရာကနေ အောင်မြင်မှု ရခဲ့ပါတယ်။

သင်ဟာ ဘယ်လိုအလုပ်မျိုး လုပ်ကိုင်နေရသည် ဖြစ်စေ. သင့်ဝါသနာပါရာအလုပ်နဲ့ အိပ်မက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ ကြိုးစားပါ ။ဝါသနာပါရာ အလုပ်ကို ထပ်ခါထပ်ခါ လုပ်ကိုင်ပါ။ အောင်မြင်မှုတွေက သင့်ကို လက်ကမ်းကြိုနေပါလိမ့်မယ်။တစ်ခါတစ်ရံ ကိုယ်ဝါသနာပါရာ အလုပ်ကို အသက်မွေးဝမ်းကြောင်းအတွက် မလုပ်ရပေမယ့် အားလပ်ချိန်ရတိုင်း ကြိုးစားပါ။ အခွင့်အလမ်းတွေကို အမြဲတမ်း ရှာဖွေနေပါ။ ယခုလို နည်းပညာတိုးတက်နေတဲ့ ခေတ်မှာ အဆက်အသွယ် အခွင့်အလမ်းတွေကို ရှာဖွေရတာ ပိုမို လွယ်ကူလာပါပြီ။


အနည်းဆုံးတော့ သင့်အိပ်မက်တွေကို social media ပေါ်မှာ page တစ်ခု ပြုလုပ်ပြီး အခြားသူတွေကို ပြသလို့ရနေပါပြီ။ ယနေ့ဘဲ စပြီးကြိုးစားလိုက်ပါတော့။ ပန်းချီဆွဲတာကို စိတ်ဝင်စားလား။ ပန်းချီဆွဲပြီး page လေးတစ်ခုမှာတင်ပြီး ပြသလို့ ရပါပြီ။ ၀ယ်မယ့်သူမရှိယင်တော့ အားပေးမယ့် ပရိတ်သတ်တော့ရှိလာမှာပါ။ Design လုပ်ရတာစိတ်ဝင်စားလား။ Design လေးတွေလုပ်ပြီး page ပေါ်တင်လို့ ရပါတယ်။ စာရေးရတာစိတ်ဝင်စားလား။ ဆောင်းပါးလေးတွေရေးပြီး page လေးတစ်ခုလုပ်ကာတင်လို့ ရပါတယ်။ မိမိကိုယ်တိုင် page တစ်ခုကိုစတင်တည်ထောင်ဖို့ အခက်အခဲရှိတယ်ဆိုလျှင်တော့ ကျွန်တော်တို့ Prospect Myanmar Page ကကြိုဆိုပါတယ်။ သင့်ရဲ့ ဝါသနာ၊လက်ရာတွေကို Prospect Myanmar Page မှာ တင်နိုင်ပါတယ်။

Wai Myat Noe 

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

TeamWork အကြောင်း