အမျိုးသမီးများနှင့် သားအိမ်ကင်ဆာ
အမျိုးသမီးများနှင့် သားအိမ်ကင်ဆာ
ကမ္ဘာပေါ်မှာ 1 မိနစ်တိုင်းမှာ သားအိမ်ကင်ဆာကြောင့် အမျိုးသမီး ၁၀ ယောက် နေ့စဉ်သေဆုံးနေရပါတယ် . အမျိုးသမီးတွေ
အဖြစ်များကြတဲ့ ကင်ဆာရောဂါတွေထဲမှာ သားအိမ်ကင်ဆာဟာ
အလွန်ကြောက်ဖို့ ကောင်းတဲ့ ရောဂါ တစ်ခုလဲဖြစ်ပါတယ်. သားအိမ်ကင်ဆာ ဖြစ်နေပီလားဆိုတာကို သိနိုင်မယ့် လက္ခဏာ တွေကို ပြောပြပေးချင်ပါတယ် . ရောဂါ ကို စောစောစီးစီး သိမယ်ဆို
ရင် ကုသလို့ရနိင်ပါတယ် . ဒီတော့ အချိန်ပေးပြီး ဒါလေးကို ဖတ်
စေချင်ပါတယ် .
1 . မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း
မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex ကိစ္စ လုပ်နေချိန် နဲ့ ပြီးဆုံးတဲ့
အချိန်တွေမှာ သွေးဆင်းတာဟာ ပုံမှန် သွေးဆင်းမှုတွေ
မဟုတ်ပါဘူး . ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်
2 . ကြာရှည် ဖျားနာခြင်း
ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက
မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါ တယ် . ကြာရှည်
ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာ က အခြားရောဂါ ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ် . အကောင်းဆုံးကတော့ ဖျားနာတာ
၇ ရက်ထက်ကျော်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသင့်ပါပြီ.
3 . တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာ
အစရှိတဲ့ လက္ခဏာ တွေကို ခံစားနေရတာ ရက်ကြာလာပြီဆို
ရင်တော့ သတိထားသင့်ပါတယ် . ဒီလို ခံစားရတာဟာ
ရာသီအကြို ဖြစ်နေကြ ဆိုရင်တော့ ကိစ္စမရှိပါဘူး.
ဒါမှ မဟုတ်ဘဲနဲ့ ရက်အတော်ကြာ ခံစားနေရပြီဆိုရင်တော့
နီးစပ်ရာ ဆေးခန်းမှာ အမျိုးသမီး ဆရာဝန်နဲ့ ပြသ စစ်ဆေးကြည့်ပါ. အကြံညဏ်တောင်းပါ .
4 . အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း
ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး .အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်.
5 . မိန်းမအင်္ဂါ အတွင်း ပြောင်းလဲမှုများ
ကိုယ့်ရဲ့ မိန်းမ အင်္ဂါထဲမှာ အနာဖြစ်တာ၊ အရည်ကြည်တွေ ထွက်နေတာ. အရေပြား အရောင်ပြောင်း လဲတာနဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် .
ပေါ့ပေါ့ ဆဆ နေလို့မရပါဘူး .
အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေထဲက တစ်ခုခု သင့်မှာ ဖြစ်နေ
ပြီဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ဆီသွားရောက်ပြီးတော့ တိုင်ပင်ပါ. မရှက်ပါနဲ့ . ရောဂါ မကြီးထွားခင်မှာ အမြစ်ပြတ်အောင် ကုလ လိုက်မယ်ဆိုရင် သိပ်မခံစားရပါဘူး . ရောဂါရင့်လာမှ ကုသမယ်ဆိုရင်တော့ ဝေဒနာ ပိုမိုခံစားရမှာပဲ ဖြစ်ပါတယ်. ကျန်းမာပျော်ရွှင်တဲ့ ဘဝ ကိုပိုင်ဆိုင်ပြီး ပန်းလေးတစ်ပွင့်လို လန်းဆန်းနေတဲ့
အမျိုးသမီးများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.
David Jame
REF : www.health.com

Comments
Post a Comment