တစ်ယောက်တည်း သီးသန့်နေသူတွေရဲ့ အားသာချက်များ
သင်က တစ်ယောက်တည်း သီးသန့်နေရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်ဆိုရင် အခုဖော်ပြပေးမယ့် အားသာချက်တွေကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
၁။ စိုးရိမ်ပူပန်မှုတွေ လျော့နည်းနေပါလိမ့်မယ်။
လူတွေရဲ့ နေ့စဉ်ဘဝက စိတ်ဖိစီးမှုတွေ၊ စိတ်ရှုပ်စရာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်တည်း အေးဆေးစွာဖြတ်သန်းတတ်တဲ့ လူတွေအတွက်ကတော့ မလိုအပ်တဲ့ စိတ်ရှုပ်စရာတွေကို အလွယ်တကူ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ သီးသန့်နေထိုင်တဲ့အတွက် စိတ်ပင်ပန်းစရာမလိုဘဲ စိုးရိမ်မှုတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
၂။ မှတ်ဥာဏ် ပိုကောင်းပါလိမ့်မယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်ယောက်တည်း ဖြတ်သန်းတတ်တဲ့ လူတွေဟာ ပိုကောင်းပြီး ကြာရှည်ခံတဲ့ မှတ်ဥာဏ်တွေကို ပိုင်ဆိုင်ကြတယ်လို့ ဆိုထားပါတယ်။
၃။ ဖန်တီးနိုင်စွမ်းတွေ မြင့်မားပါလိမ့်မယ်။
တစ်ယောက်တည်း သီးသန့်နေထိုင်လိုသူတွေဟာ ဖန်တီးမှုတွေကိုလဲ အောင်မြင်စွာ ပြုလုပ်နိုင်ကြပါတယ်။ သီးသန့်နေချိန်မှာ မိမိတကယ် လိုချင်တဲ့ အရာကို သေချာအာရုံစိုက်နိုင်တာကြောင့် အရည်အသွေးရှိတဲ့ အရာတွေကို ပိုမိုဖန်တီးလာနိုင်တယ်လို့ ဆိုပါတယ်။
၎။ ကိုယ့်ကိုကိုယ် နားလည်လာပါလိမ့်မယ်။
တစ်ယောက်တည်း နေတတ်တဲ့ သူတွေဟာ ကိုယ့်အကြောင်းကိုယ် ပိုနားလည်လာပြီး ကိုယ်ဘာလိုချင်တယ်ဆိုတာလည်း ပိုသိလာကြပါတယ်။ ကိုယ့်ကိုကိုယ် နားလည်လာပြီဆိုရင် အောင်မြင်မှုနဲ့ နီးစပ်လာပြီလို့ ဆိုနိုင်ပါတယ်။
၅။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ရွေးချယ်နိုင်ပါလိမ့်မယ်။
တစ်ယောက်တည်း သီးသန့်နေလိုသူတွေဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအပေါ် သေချာအာရုံစိုက်နိုင်ကြပါတယ်။ အခက်အခဲ စိန်ခေါ်မှုတွေကိုလည်း အနှောက်အယှက်မရှိ ခေါင်းအေးအေးထားပြီး ထိရောက်စွာ ဖြေရှင်းနိုင်ကြတယ်လို့ ဆိုထားပါသေးတယ်။
Comments
Post a Comment