ပြတ်ခါနီးစုံတွဲများ ပြန်လည်အဆင်ပြေစေဖို့ ဆောင်ရန်ရှောင်ရန်များ
သူနဲ့အဆင်မပြေတော့ဘူးဆိုရင် ဒီမေးခွန်း ၅ ခုကိုဖြေကြည့်ပါ။
မတွေဝေပါနဲ့ ။ ချစ်သူစုံတွဲတိုင်းအဆင်မပြေဖြစ်တဲ့အချိန်ရှိပါတယ်။ ဒီလိုအဆင်မပြေဖြစ်တဲ့အခိုက်အတန့်က
ရေရှည်အဆင်ပြေဖို့အတွက်လည်းဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် အချိန်မီပြင်ဆင်နိုင်ဖို့အတွက် ဒီအချက်လေးတွေကို ကိုယ့်ကိုယ်ကိုပြန်မေးပါ။
၁။ သူ့ရဲ့ပြောဆိုပြုမူပုံကို ပြောင်းစေဖို့မျှော်လင့်နေမိလား။
- မျှော်လင့်ချက်ဆိုတာ ၂ ယောက်ကြားမှာအန္တရာယ်အရှိဆုံးအရာပါပဲ။ သူနဲ့မတွဲခင်ကတည်းကသူ့အကျင့်တွေကို
သိပြီးသားမဟုတ်လား။ သူကမင်းအလိုရှိတဲ့အတိုင်းစင်းလုံးချောမပြည့်စုံသလို မင်းမှာလဲလိုအပ်ချက်တွေရှိနေပါတယ်။
သူပြောင်းလဲလာခဲ့ရင်လဲ မင်းစိတ်တိုင်းကျဦးမှာမဟုတ်ပါဘူး။ မျှော်လင့်ချက်တွေကို လွှင့်ပစ်လိုက်စမ်းပါ။
ဒါဆိုရင်စိတ်ပင်ပန်းရတာလဲလျော့ပါးသွားပြီး ၂ ယောက်သားအရင်ထက်အဆင်ပြေလာမှာပါ။
၂။ ပြောစရာစကားတွေပျောက်ဆုံးနေပြီလား။
- နှစ်ယောက်သား လေပေးဖြောင့်မှသာ အချစ်ရေးကပျော်စရာကောင်းမှာပါ။ ကိုယ်တစ်ခုခုပြောလိုက်လို့
ကိုယ်နဲ့သဘောထားမတိုက်ဆိုင်မှာ ငြင်းခုံနေရမှာကိုမကြောက်ပါနဲ့။ ဘာကိစ္စပဲဖြစ်ဖြစ် ခေါင်းထဲမှာပဲသိမ်းထားပြီး
အတွေးတွေနဲ့ချာချာလည်မနေသင့်ပါဘူး။ တစ်နေ့တာမှာကြုံရတဲ့ ပျော်စရာ၊ စိတ်ညစ်စရာနဲ့ အသေးအဖွဲလေးတွေကို
၂ ယောက်အတူမျှဝေပါ။ ဒီနည်းအားဖြင့် တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာသလို ပိုရင်းနှီးပြီး
ပွင့်လင်းတဲ့ဆက်ဆံရေးကိုရလာမှာပါ။
၃။ ကိုယ့်ကို ပျော်အောင်ထားပေးစေချင်လား။
- ဒါဟာ သူပျော်ရွှင်အောင် ကြိုးစားပေးပေမယ့်ကိုယ့်ကိုပြန်ဂရုစိုက်မပေးတဲ့အခါ သူ့ကိုမကျေမနပ်ဖြစ်ရာကနေ
အမြင်မကြည်တော့ခြင်းပါ။ အမှန်တကယ်ပျော်ရွှင်ဖို့လိုအပ်နေတာက ကိုယ် ကိုယ်တိုင်ပါ။
သူ့ကိုပျော်အောင်ထားမယ့်အစား ကိုယ့်ဘာသာပျော်အောင်ဂရုစိုက်ပါ။
၎။ စိတ်ကသူ့ဆီမှာမရှိဘဲ တခြားရောက်နေလား။
- နှစ်ယောက်သားတွေ့တဲ့အချိန်မှာ တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ဖြစ်ဘဲ ဖုန်းကိုပဲကြည့်နေတာမျိုး
ပြောတဲ့စကားကိုသေချာနားမထောင်ဘဲ ပြောချင်ရာစွတ်ပြောနေတာမျိုးတွေဖြစ်နေပြီလား။
ဒါက ခနတာဆိုရင်တော့ နှစ်ယောက်ဆက်ဆံရေးကို မထိခိုက်ပေမယ့်ရေရှည်မှာတော့ တစ်ယောက်ကို တစ်ယောက်
စိတ်မ၀င်စားကြောင်းဖော်ပြနေတာပါပဲ။ တွေ့တဲ့အချိန်မှာတခြားကိစ္စတွေကိုမစဉ်းစားဘဲ လက်ရှိအချိန်ကို အာရုံစိုက်ပါ။
အသက်ပုံမှန်ရှုပြီး ကိုယ့်ကိုကိုယ်သတိပေးပါ။ သူပြောတဲ့စကားတွေကိုအလေးအနက်ထားနားထောင်ပါ။
၅။ သူ့ကိုလိမ်မိနေပြီလား။
- လိမ်ညာဖုံးကွယ်တာတွေများလွန်းလာရင် မင်းကိုယ်မင်းတောင် ဘယ်လိုလူမှန်းသိပါဦးတော့မလား။
ရိုးသားခြင်းက ပြသနာတော်တော်များများကို ကုစားပေးနိုင်ပါတယ်။ ရေရှည်တည်မြဲဖို့အတွက် မင်းရဲ့
အရှိအတိုင်းပုံစံကို သူသိမှဖြစ်မှာပါ။ သူ့ကိုမလိမ်ညာပါနဲ့။ လိမ်ညာဖုံးကွယ်ရမယ့်ကိစ္စတွေကိုလည်း တတ်နိုင်သလောက်မလုပ်ပါနဲ့။
Hnin Pwint
Comments
Post a Comment