ကြောက်မက်ဖွယ်ရောဂါကူးစက်ပုံကို အခြေပြုရိုက်ကူးထားသော နာမည်ကျော် ရုပ်ရှင် (၅) ကား

၁။ Contagion ၂၀၁၁ တုန်းက ထွက်ရှိခဲ့တဲ့ Director Steven Soderberh ရိုက်ကူးထားတဲ့ကားကောင်းတစ်ခုပါ။ မင်းသမီး ကိတ်ဝင်းစလက်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Formites တွေကတဆင့်ပြန်နှံ့ လာတဲ့ virus တွေအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ကားတစ်ခုလည်းဖြစ်ပါတယ်။ ၂။ Outbreak ၁၉၉၅ ခုနှစ်တုန်းက အရမ်းလူကြိုက်များခဲ့တဲ့ ရှပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့ မျောက်တစ်ကောင်မှာပါလာတဲ့ Ebola virus ကနေ မြို့ တစ်မြို့ နီးပါး ကူးစက်သွားပုံကို ကြောက်စရာကောင်းလောက်အောင်ရိုက်ကူးထားတဲ့အတွက် အလွန်ပဲ အသက်ဝင်လှပါတယ်။ ၃။ 28 Days Later အလွန်ကူးစက်ပျံ့ နှံ့မှုပြင်းထန်တဲ့ virus တစ်မျိုးကို မတော်တဆပျံ့ နှံ့သွားရာက လူအသိုင်းအ၀ိုင်းတစ်ခုလုံးကို ဖြိုခွဲသွားသည့်အထိ ဖြစ်သွားသောဇာတ်အိမ်ကိုတည်ဆောင်ထားပါတယ် ၄။ Carriers ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အသက်ရှုလမ်းကြောင်းကနေ ကူးစက်နိုင်တဲ့ ပြင်းထန်တဲ့ virus ပိုး ပြန်နှ့ံသွားနေတဲ့အချိန်ကာလအတွင်းမှာ ညီအစ်ကိုနှစ်ယောက်ရဲ့ အသက်ရှင်ဖို့ ကြိုးစားအားထုတ်ပုံကို ဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်ဖြစ...