လူငယ်များအတွက် အလီဘာဘာသူဌေးကြီး ဂျက်မားရဲ့ အကြံပေးစကား



ကမ္ဘာကြီးမှာ အပြောင်းအလဲတွေဟာနေ့ စဉ်ဖြစ်ပေါ်နေပြီး ဒီအပြောင်းအလဲတွေအားလုံးက သင့်ကို စောင့်နေမှာမဟုတ်ပါဘူး။ Gas မီးခြစ်စတင် တီထွင်လိုက်တဲ့အချိန်မှာ ယမ်းမီးခြစ်တွေဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဂဏန်းပေါင်းစက်တွေ ပေါ်ပေါက်လာတာနဲ့ ပေသီးတွေ ခေတ်ကုန်သွားခဲ့တယ်။ Digital Camera တွေ လူတွေသုံးလာကြတဲ့ အချိန်မှာ Film နဲ့ ရိုက်ရတဲ့ camera တွေ ခေတ်ကုန်သွားကြတယ်။ အင်တာနက်ကနေ ပစ္စည်းတွေရောင်းချမှု အားကောင်းလာတာနဲ့ အမျှ သမားရိုးကျ ဈေးရောင်းချမှုတွေ ကျဆင်းကုန်တယ်။ smart phone တွေကနေ မြန်နှုန်းမြင့် အင်တာနက်ကိုသုံးလာနိုင်တာနဲ့ အမျှ အိမ်မှာထိုင်ပြီး ကွန်ပြူတာအသုံးပြုတာတွေ နည်းလာတယ်။ Wechat တို့ WhatsApp တို့ ပေါ်လာတာနဲ့ အမျှ Phone မှာပါတဲ့ text message ပို့ တဲ့ ဝန်ဆောင်မှုကို သုံးတာနည်းပါးလာတယ်။

ဒီလိုမျိုးတွေ ဖြစ်ပေါ်လာတာကို ဘယ်သူကတော့ ဘယ်သူ့ စီးပွားရေးကို လွှမ်းမိုးလိုက်ပြီ၊ ဘယ်သူ့ အိုင်ဒီယာယူသွားပြီး၊ ၀ါးမျိုးလိုက်ပြီ ဆိုပြီး အပြစ်တင်လို့ မရပါဘူး။ ဒီလိုမျိုးတွေ ဖြစ်ပေါ်လာတာဟာ အပြောင်းအလဲတွေနဲ့ အိုင်ဒီယာအသစ်တွေအပေါ်မှာ အလွယ်တကူနဲ့ အဆင်ပြေပြေ လက်ခံအသုံးပြုလာနိုင်တဲ့၊ အသုံးပြုချင်လာတဲ့ လူတွေရဲ့ အကျင့်ကြောင့်ပဲ ဖြစ်ပါတယ်။
အကယ်လို့ များ ကျွန်တော့်ရဲ့ အောင်မြင်မှုလျှို့ ဝှက်ချက်ကို ပြောပြပါလို့ မေးလာလျှင် ဒီလိုပဲဖြေမှာပါ။ “ ကျွန်တော့် အောင်မြင်မှုလျှို့ ဝှက်ချက်က အရမ်းကို ရိုးရှင်းပါတယ်။ တခြားလူတွေ ရပ်ကြည့်နေတဲ့ အချိန်မှာ ကျွန်တော်က ထပြီးလုပ်လိုက်တာပါပဲ”……

အချိန်ကို သင်ဘယ်လိုအသုံးချခဲ့သလဲဆိုတာပေါ်မူတည်ပြီး သင့်ရလဒ်တွေ ထွက်ပေါ်လာမှာပါ။ သင်ဟာ သောက်စားမူးယစ်ခြင်းနဲ့ အချိန်ကုန်ခဲ့လျှင် သင်အရက်သမားဖြစ်လာပါလိမ့်မယ်။ သင်ဟာ အမြဲတမ်း စောဒကတတ်ခြင်း၊ အပြစ်တင်ခြင်းနဲ့ အချိန်ကုန်ခဲ့လျှင် သင်ဟာ အဆိုးမြင်သမားတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ သင်ကိုယ့်သင် လှပအောင်နေခဲ့လျှင် သင်ဟာ လှပတဲ့ သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ သင်ဟာ ကျန်းမာရေးလိုက်စားခဲ့လျှင် ကျန်းမာရေးကောင်းသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ သင်ဟာ လေ့လာသင်ကြားမှုတွေပြုခဲ့လျှင် ပညာဥာဏ်ပြည့်စုံသူတစ်ယောက်ဖြစ်လာပါ့လိမ့်မယ်။ သင်ဟာ သင့်မိသားစုကို အချိန်တွေပေးခဲ့လျှင် သင်ချစ်တဲ့သူများနဲ့ ပိုမိုနွေးထွေးစွာ ဆက်ဆံနိုင်ပါလိမ့်မယ်။


Prospect Myanmar 

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

TeamWork အကြောင်း