နောက်လိုက်ကောင်းတို့ မည်သည်………………………….

ဒီနေ့  တော့ နောက်လိုက်တွေ (followership) အကြောင်း ပြောပြချင်ပါတယ်။ တစ်ခါတစ်လေလဲ upward management ဆိုပြီး တွေ့ ရတတ်ပါတယ်။ အထက်ကို ပြန်ပြီး စီမံခန့် ခွဲခြင်းပေါ့။ ကျွန်တော်တို့ လူတော်တော်များများက ခေါင်းဆောင်ပဲ ဖြစ်ချင်ကြတာပါ။ နောက်လိုက်လို့ ကြားလိုက်ယင် သိပ်ပြီး စိတ်မပါကြတော့ဘူး….ကိုယ် ခေါင်းဆောင်မလုပ်ရယင် အားစိုက်မှု လျော့သွားတတ်ကြတယ်။ ကျွန်တော် ဆိုယင် ငယ်ငယ်ကတည်း က စာသင်ခန်းထဲ မှာ မော်နီတာပဲလုပ်ချင်တာ။ သူငယ်ချင်းတွေနဲ့ ကစားယင်လဲ ခေါင်သူကြီးပေါ့။ ဖြစ်တဲ့ အခါလည်း ဖြစ်တယ်…မဖြစ်တဲ့အခါလည်း မဖြစ်ဘူး…ဖြစ်တဲ့ အခါဆိုယင်တော့ ပျော်တာပေါ့။ မဖြစ်တဲ့အခါ ဆိုယင်တော့ သိပ်ပြီး ကစားရတာ စိတ်မပါချင်တော့ဘူး။ ဒါပေမယ့် ခေါင်းဆောင်ဆိုတာ နောက်လိုက်မရှိယင် ခေါင်းဆောင် မဖြစ်နိုင်ပါ။ ကိုယ့်ကိုကိုယ် ခေါင်းဆောင်နိုင်မှု (self leadership) ဆိုတာကိုတော့ ခန မေ့ထားကြရအောင်။ ပြီးတော့ နောက်လိုက်ကောင်း မရှိယင်လည်း ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုကတော့ ဘယ်သူမှ အလုပ်ခွင်ကို စ၀င်ဝင်ချင်း၊ အဖွဲ့ အစည်း တစ်ခုကို စ၀င်ဝင်ချင်း ခေါင်းဆောင်နေရာ မရနိုင်ပါဘူး (ချွင်းချက်တွေ တော့ ရှိတာပေါ့)။ အားလုံး ဟာ နောက်...