အလုပ် မ၀င်ခင် ကိုယ်လိုချင်တဲ့ လစာ ကို ဘယ်လို ညှိမလဲ။
ကျွန်တော်
တို့ မြန်မာလူမျိုးတွေက အားနာတတ်တဲ့ အကျင့် ရှိပါတယ်။ တဖက်သား ကို နားလည် ပေးပြီး
အားနာမှာ ရှိတာက ကောင်းမွန်တဲ့ အလေ့ အကျင့်လေးပါ။ ဒါပေမယ့် အဲ့ဒီ အားနာတာကို
နေရာတိုင်းမှာတော့ အကျင့်မဖြစ်စေချင်ပါဘူး။ ဥပမာ အားဖြင့် အလုပ်ရှင်နဲ့ လစာ ကိစ္စ
ညှိကြတဲ့ အချိန်မှာပေါ့။ ကျွန်တော်တို့ မြန်မာ လူမျိုးတော်တော်များများက အလုပ်
ရပြီဆိုယင် လစာကို ညှိရမှာ အားနာကြတယ်။ လစာ ကို သွားညှိမိလိုက်ယင် အလုပ် ရှင်ဘက်က
ငြိုငြင်သွားမလား စိုးရိမ်ကြတယ်။ အလုပ်ရှင်ဘက်ကတော့ အဲ့လို အားနာလေလေ
သဘောကျလေလေပဲ။ တကယ်တော့ ဒါက အရောင်းအ၀ယ်လုပ်တာပါပဲ။ အဲ့ဒီတော့ အလုပ်ရှင်ဘက်ကလဲ
ဝန်ထမ်းကို လစာနည်းနည်း ပေးပြီး လိုချင်တယ်။ ၀န်ထမ်းဘက်ကလည်း ကိုယ့်ကိုကိုယ်
ဈေးမြင့်အောင် အတက်နိုင်ဆုံး ကြိုးစားရမှာဖြစ်တယ်။ (တကယ်လို့ company မှာက
ရာထူးတစ်ခုအတွက် လစာ က ပုံသေ သတ်မှတ်ထားတာဆိုယင်တော့ ညှိလို့ ရမှာ မဟုတ်ပါဘူး)
ဒါဆို
လစာ ညှိဖို့ ဘယ်လိုတွေ ပြင်ဆင်ရမလဲ။
၁။
မိမိကိုယ်ကို ယုံကြည်ချက်ရှိပါ။
ပထမဆုံးကတော့
မိမိကိုယ်ကို ယုံကြည်ချက် ရှိဖို့ ပဲ။ ကိုယ်လျှောက်လိုက်တဲ့အလုပ်ကို ကိုယ်က
အကောင်းဆုံး တာဝန်ယူဆောင်ရွက်နိုင်မယ်၊ အားလုံး ကျွမ်းကျင်မယ်လို့ ထင်ယင်
ယုံကြည်ချက်ပြည့်ပြည့်နဲ့ ကိုယ်လိုချင်တဲ့ လစာကို ညှိကြည့်ပါ။
တချို
့လူတွေရှိတတ်ပါတယ်။ အလုပ်တော့ ရပါပြီတဲ့။ ကိုယ်တကယ် လုပ်နိုင်ပါ့မလား။
အဆင်ပြေပါ့မလားဆိုပြီး ကိုယ့်ကို ကိုယ် ယုံကြည်မှု မရှိဖြစ်တတ်ပါတယ်။ အဲ့ဒီ အခါမှာ ဆိုယင် လစာ ကို
လည်း ညှိဖို့ အားအင် မရှိတော့ပါဘူး။ ပေးသလောက်ပဲ ယူလိုက်မယ်ဆိုတဲ
့အတွေးမျိုးပေါ်လာတတ်တယ်။
တကယ်လို
့ကိုယ့်ဘက်က အကောင်းဆုံး အရည်အချင်းတွေ ပြနိုင်မယ်ဆိုယင် အလုပ်ရှင်ဘက်က ကိုယ့်ကို
လက်လွတ်ခံမှာ မဟုတ်ပါဘူး။ အဲ့ဒါဆိုယင် ၂ ဦး ၂ဖက် အဆင်ပြေမယ့် လစာကို သူတို
့စီစဉ်ပေးပါလိမ့်မယ်။
၂။
အခြား company တွေမှာ ဘယ်လောက် ပေးလေ့ ရှိတယ်ဆိုတာကို စုံစမ်းပါ။
အခြား
company တွေမှာ ကိုယ် လုပ်ရမယ့် အလုပ်နဲ့ ရာထူး ချင်း တူတာတွေ ရှိယင် ဘယ်လောက်
ပေးတတ်တယ် ဆိုတာကို စုံစမ်းပါ။ ကိုယ် လုပ်ရမယ့် company မှာ လည်း အသိ ရှိယင်
ဘယ်လောက် ပေးလေ့ ရှိတယ်ဆိုတာကို စုံစမ်းပါ။ ပြီးယင် အများဆုံး လစာနဲ့ အနည်းဆုံး
လစာကို ချရေးပါ။ ပြီးယင် ကိုယ့် အနေနဲ့ ဘယ်လောက်ကို တောင်းမလဲဆိုတာကို ကိုယ့်
အရည်အချင်းပေါ်မူတည်ပြီး သတ်မှတ်ကြည့်ပါ။
၃။
မညှိခင် အလုပ်ရှင်ဘက်နှစ် အတိုင်းအတာ တစ်ခု အထိ သိကျွမ်းမှု ရအောင် လုပ်ပါ။
ကိုယ့်အကြောင်း ကို လည်း သူသိပါစေ။
လစာ
မညှိခင်မှာ အလုပ်ရှင်ဘက်က တာဝန်ရှိသူနဲ့  ရင်းနှီးမှု အတိုင်းအတာ တစ်ခု ရအောင်
တည်ဆောက်ကြည့်ပါ။ ရင်းနှီးမှု တည်ဆောက်ဆိုတာ အပြင် ထမင်းတူတူသွားစားတာ၊
ဘီယာဆိုင်ထိုင်တာကို ပြောတာမဟုတ်ပါဘူး။ အဲ့လောက် လုပ်နိုင်ယင်တော့ အကောင်းဆုံးပေါ့
။
ဥပမာ
ပြောရယင် offer ရပြီးလို့ လစာ မညှိခင်မှာ email အသွားအလာ များများလုပ်ပေးပါ။
အလုပ်အကြောင်း ပြောဆို ဆက်သွယ်ပါ။ ကိုယ့်မှာ ဘာအရည်အချင်း အတွေ့ အကြုံတွေ
ရှိတယ်ဆိုတာကို တဖက်သူ ပိုပြီး သိအောင်လုပ်ပါ။ အဲ့ဒီအခါမှ ကိုယ်နဲ့ သူကြားမှာ ခံနေတဲ့
အတားအဆီး က နည်းနည်း ပါးသွားပါလိမ့်မယ်။ အဲ့ဒီ အခါကျမှ လစာကို စပြီး ညှိကြည့်ပါ။
၎။
ညှိနေတဲ့ ကာလအတွင်းလည်း ဆက်ဆံမှု ကို အမြဲမပျက် သတိ ရှိနေပါ။
တစ်ခါ
တစ်ရံ ကျတော့လည်း ကိုယ်တောင်းသလောက် အလုပ်ဘက်က မပေးနိုင်တာမျိုး ရှိတယ်။ သူ တို
့ပေးနိုင်တဲ့ နောက်ဆုံးအဆင့်ရောက်နေပြီလားဆိုတာကို လည်း အမြဲ သတိ ပြု နေပါ။
တကယ်လို့ သူတို့ ဘက်က နောက်ဆုံးပေးနိုင်တဲ့ အဆင့်ကို ရောက်နေပြီဆိုယင်တော့
ကိုယ့်ဘက်က လက်ခံနိုင်တဲ့ ပမာဏလား ဆိုတာ စဉ်းစားပါ။ ကိုယ့်ဘက်က လက်ခံနိုင်တဲ့
ပမာဏဆိုယင်တော့ လက်ခံလိုက်ပါတော့။ အဲ့လိုမှ မဟုတ်ပဲ ကိုယ်က ဆက်ပြီး တင်းခံနေယင်
အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။
၅။
ညှိနှိုင်း သမျှကို မှတ်တမ်းတင်ထားပါ။
လစာ
ညှိတဲ့ အကြောင်း အရာ မှန်သမျှ၊ ရက်စွဲ၊ အချိန် အကုန်မှတ်ထားပါ။ email နဲ
့အပြန်အလှန် ဆက်သွယ်ထားတာဆိုယင်တော့ အဆင်ပြေပါတယ်။ email တွေ အားလုံး သိမ်းထားပါ။
ဖုန်းနဲ့ ဆိုယင်တော့ ဖုန်းဆက်ခဲ့တဲ့ အချိန်၊ ဖုန်းပြောခဲ့တဲ့သူနာမည်တွေကို
အကုန်ချရေးပြီး မှတ်တမ်းတင်ထားပါ။
တစ်ခါတစ်ရံမှာ
နှစ်ဦးနှစ်ဖက် လက်ခံခဲ့တဲ့ ကိစ္စတွေက တကယ် စာချုပ်လည်း ချုပ်ရော မပါလာတာတွေ
ရှိတတ်ပါတယ်။
၆။
ကန်ထရိုက်ကို သေချာ မဖတ်ပဲ လက်မှတ် မထိုး မိပါစေနဲ့ ။
လူတော်တော်များများက
HR ရှေ့ မှာ လက်မှတ် ထိုးတော့မယ်ဆိုယင် ကန်ထရိုက် စာချုပ်ကို သေချာမဖတ်ပဲ
လက်မှတ်ထိုးမိကြတယ်။ စာကြောင်း တစ်ကြောင်း ချင်းက အစ သေချာဖတ်ပါ။ နားမလည်ယင်
မေးပါ။ တစ်ခါတစ်ရံ စာချုပ်မှာက ဥပဒေ စကားတွေ သုံးထားတတ်တာတွေ ရှိပါတယ်။
အားလုံးနားလည်ပြီးဆိုမှ
လက်မှတ်ထိုးပါ။
လက်မှတ်ထိုးယင်လဲ
စာချုပ်က တစ်မျက်နှာထက် ပိုယင် စာမျက်နှာတိုင်းကို လက်မှတ်ထိုးပါ။ နောက်ဆုံး
စာမျက်နှာ တစ်ခု တည်းကို ပဲ မထိုးပါနဲ့ ။
စာဖတ်သူအားလုံး
ကိုယ့်အရည်အချင်းနဲ့ ထိုက်တန်တဲ့ လစာ ကို ညှိနှိုင်းနိုင်ကြပါစေ။
အားလုံးကို
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း
(Prospect Myanmar)
Comments
Post a Comment