CV ရေးရာတွင် လုံးဝ ရှောင်ရှားသင့်သော အချက် ၅ ချက်
၁။ CV ကို ဇာတ်လမ်း
ရှည်ကြီး (သို့ ) ပုံပြင် တစ်ပုဒ် ကဲ့ သို့ မပြီးမဆုံးနိုင်ရေးခြင်း
အချို့ အချို့ သော
အလုပ်အတွေ့ အကြုံများသော သူ များ ရဲ့  CV
များကို ဖတ်ကြည့်ပါက ယင်းတို့ ရဲ့  အလုပ် အတွေ့ အကြုံများကို မပြီးမစီး
နိုင်ဖော်ပြတတ်ပါတယ်… တကယ်တမ်းကြတော့ ကိုယ် လျှောက်မယ့် အလုပ်နဲ့ ကိုက်ညီမှု
ရှိမှသာ ဖော်ပြသင့်ပါတယ်… သို့ တည်း မဟုတ် ဖတ်ရသူ အတွက် စိတ်ဝင်စားမှု ကို
မဖြစ်ပေါ်စေတဲ့ အပြင် စိတ်ညစ်မှု၊ စိတ်မရှည်မှုများကို ဖြစ်စေနိုင်ပါသည်။
လျှောက်ထားသော အလုပ်နှင့်ကိုက်ညီသော အချက်များကို ရှည်လျားလှသော စာပိုဒ်ထဲတွင်
လိုက်ရှာ ရသော အခက်အခဲ ကို နားလည်ကြည့်ပါ။
၃။ CV သည် နည်းပညာကို
ရှင်းလင်း ဖော်ပြသည့် လမ်းညွန် ချက်မဟုတ်ပါ။
အချို့ သော CV
များတွင် ကိုယ့် ရဲ့ အတွေ့ အကြုံများထက် အယင် မိမိလုပ်ခဲ့သော အလုပ် ရှိ
အသေးစိပ်လုပ်ငန်းတာဝန်များကို ဖော်ပြတတ်ပါတယ် (ဥပမာ ကားစက်ရုံ မှာလုပ်သော သူ က သူ
လုပ်ခဲ့သော အုပ်ချုပ်မှု အတွေ့ အကြုံကို ဖော်ပြရမယ့် အစား ကားတစ်စီး တပ်ဆင်ပုံကို
အသေးစိပ်ပေါ်ပြထားတာနဲ့ တူပါတယ်)..တစ်ခါတစ်ရံ ကိုယ့်ရဲ့ အတွေ့ အကြုံကို
ဖော်ပြရမယ့်အစား ကိုယ့်အယင်အလုပ်က ဘာတွေ လုပ်သလဲဆိုတာကို
မှားယွင်းဖော်ပြတတ်ပါတယ်.. (ဥပမာ..ကိုယ်က အရောင်းကိုယ်စားလှယ်လုပ်ခဲ့စဉ်က ရခဲ့သော
လူမှုဆက်ဆံရေး၊ အရောင်းမြှင့်တင်မှု အတွေ့ အကြုံတို့ ကို ဖော်ပြရမည့် အစား မိမိ
အလုပ်က ဘယ်လို အရာများ ရောင်းကြောင်း company ရုံးခွဲ ဘယ်လောက်ရှိကြောင်းတို့ ကို
ဖော်ပြတတ်ပါသည်)
အကျဉ်းချုပ်ရသော်
မိမိ အတွေ့ အကြုံကို ဖော်ပြရာမှာ လူတစ်ဦးရဲ့ အရည်အချင်းကို ဖော်ပြရပါမယ်… company
အကြောင်းကို ဖော်ပြခြင်း မဖြစ်ရပါ။
၃။ ကျီးအာသီးနဲ
့တူသော CV
တစ်ခါ တစ်ရံ CV ကို
ကြည့်လိုက်ပါက color printer ဖြင့် သေချာ print လုပ်ထားပြီး (တစ်ခါတစ်ရံ
သားရေဖုံးဖြင့် ဖုံးထားသော) စာအုပ် တစ်အုပ်ကဲ့သို့ ချုပ်ထားသော CV များကို တွေ
့ရတတ်ပါတယ်…
တစ်ခါတစ်ရံမှာလည်း
မင်းသား မင်းသမီး ရှံးမတတ် အိုက်တင် ထုတ်ထားသော ဓါတ်ပုံကို နာမည်ကြီး ဓါတ်ပုံဆရာနဲ
့ရိုက်ထားပြီး ဓါတ်ပုံအောက်မှလည်း ထိုသူ ဘာလုပ်နေတယ် ဆိုတဲ့ စာ ထိုးထားတဲ့ CV
များကို တွေ့ ရတတ်ပါတယ်…..
ဒါပေမယ့် သေချာ
ဖတ်ကြည့်လိုက်သော အခါ မျက်စိပသာဒ အပေါ်ယံအကာက လွဲလို့ အနှစ်ဘာမှ မပါတဲ့ CV
များဖြစ်နေတတ်ပါတယ်…. အဲ့ဒါကို Fluffy CV လို့ ခေါ်ပါတယ်…..
၎။ ပြည့်ရှင်မင်း
ရဲ့  CV
တစ်ခါတစ်ရံမှာလည်း
CV ဖတ်လိုက်တာနဲ့ ဘုရင်တစ်ပါးရဲ့  CV၊ သူရဲကောင်း တစ်ယောက်ရဲ့  CV မျိုးရေးသားထားတာတွေ ရှိပါတယ်…. ဥပမာ
အကယ်လို့ များ ကျွန်တော့်ကို အလုပ်ခန့် ပါက company ရဲ့  ၀င်ငွေအမြတ် ၂၀၀
ရာခိုင်နှုန်းတိုးသွားမည်….အဲ့ဒီလိုမျိုး အသုံးအနှုန်းများကို လည်း
ရှောင်ရှားသင့်ပါတယ်…
၅။ နောက်ဆုံးအနေနဲ
့ပြောရယင်တော့ စာလုံးပေါင်းသတ်ပုံမှန်ပါစေ။ စာလုံးပေါင်းအမှား အယွင်းများ
များပြားလှတဲ့ CV ကို ဖတ်ခြင်းအားဖြင့် အလုပ်လျှောက်သူရဲ့ အရည်အချင်း ၊
ထိုသူရဲ့ အားထုပ်မှုအပေါ် လေ့ လာလို
့ရပါတယ်…..
အထက်ပါ
အချက်များကတော့ CV တစ်စောင်ရေးရာမှာ အဓိကထားပြီး ရှောင်ရမယ့်အချက်များပဲဖြစ်ပါတယ်…
ကိုဟိန်း
(Prospect Myanmar)
Comments
Post a Comment