CV ကောင်း တစ်ခု အတွက် လိုအပ်သော အခြေခံ အချက် ၅ ချက်
အလုပ်ရှင်တော်တောင်များများ က CV တစ်ခုကို ရွေးမလား မရွေးဘူး လား ဆုံးဖြတ်ရာမှာ
အချိန် ၁မိနစ်ထက် ပိုပေးလေ့ မရှိပါ။ ဒါကြောင့် မိမိ ရဲ့  CV မှာ အရေးမကြီးတာတွေနဲ့ ပြည့်နေပါက အရေးကြီးသော
အပိုင်းများကို သူတို့ ဦးစားပေး ဖတ်ဖြစ်မည် မဟုတ်ပါ။
ကြေငြာထားသော အလုပ်များကို လျှောက်မယ်ဆိုပါက ကြေငြာမှာ ရေးထားသော လမ်းညွန်ချက်များကို
သေးချာစွာ လေ့လာပါ (ဥပမာ email နဲ့ ပို့ ရမလား…ကိုယ်တိုင် တင်ရမလား… application
form လိုသေးလား.. cover letter ရေးရမှာလား….. သူတို့ ပေးထားတဲ့ form ထဲမှာ ဖြည့်ရမလား)
တိကျသေချာမှု ရှိပါစေ….. မိမိရဲ
့ CV သည် ကိုယ့်မှာ ဘယ်လောက်ပဲ ရေးစရာများများ A4 ၂ မျက်နှာထပ် မပိုပါစေနဲ့ …..အများဆုံး
၎ မျက်နှာထပ် မရှည်ပါစေနဲ့ …..
သင်က ဘွဲ့  ရထားပြီးသားသူ ဖြစ်ပါက ဘွဲ့ ကို ဖော်ပြယင် လုံလောက်ပါပီ….
မမေးထားပဲ အထက်တန်းကျောင်း တက်ခဲ့တာကို ဖော်ပြရန်မလိုပါ….
အကယ်လို့ များ သင့်မှာ ဖော်ပြစရာ အလုပ်အကိုင် အတွေ့ အကြုံနည်းပါးတယ်ဆိုပါက
မိမိရဲ့  ပညာအရည်အချင်း. တက်ရောက်ခဲ့သော သင်တန်းများ…လူမှုရေးလုပ်ငန်းများ စသည်တို
့ကို ဖော်ပြနိုင်ပါတယ်..
၂။
တိုတိုတုတ်တုတ် ဖြစ်ပါစေ။
စာကြောင်းများကို
ဖြစ်နိုင်လျှင်တိုတို ရေးပါ… ရှင်းရှင်းလင်းလင်းရေးပါ။ ရှုပ်ထွေးလှတဲ
့အသုံးအနှုန်းများ မသုံးပါနဲ့ …လျှောက်တဲ့အလုပ်နဲ့ ကိုက်ညီမယ့် အချက်များကို သာ
ဖော်ပြပေးပါ။ ဖြစ်နိုင်လျှင် ဥပမာ ပေးပါ။
မိမိ
အတွေ့ အကြုံများ တိုးတက်လာတာတဲ့ အညီ CV ကို လည်း update လုပ်ပါ။ မလိုအပ်တော့ သော
လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့သော အချက်များကို ဖျက်ပြစ် ရန် ၀န်မလေးပါနဲ့ ။
၃။
အလုပ် တစ်ခု လျှောက်ရန်ပြင်ဆင်တိုင်း CV ကို အလုပ်နဲ့ ကိုက်ညီအောင် ပြုပြင်ပါ။
လျှောက်မည့် အလုပ်နဲ့ ကိုက်ညီသော မိမိရဲ့  အားသာချက်၊ အတွေ့ အကြုံများကို မြင်သာ အောင်ဖော်ပြပါ။
လျှောက်မည့် အလုပ်နဲ့ ကိုက်ညီသော မိမိရဲ့  အားသာချက်၊ အတွေ့ အကြုံများကို မြင်သာ အောင်ဖော်ပြပါ။
လျှောက်မည့်
အလုပ်နှင့်မကိုက်ညီသော သင်တန်းများ လုပ်ငန်းအတွေ့ အကြုံများကို မဖော်ပြပါနဲ့ ။
(ဥပမာ accountant အလုပ် လျှောက်ရာတွင် translation experience ကို
ဖော်ပြရန်မလိုပါ)
တကယ်လို
့များ မိမိရဲ့  ပညာသင်သက်တမ်း တစ်လျှောက် (သို့ ) အလုပ်လုပ်နေသည့် ကာလ တစ်လျှောက်
တွင် အချိန် ကာလ အတိုင်းအတာ တစ်ခု အထိ ကွာဟ ချက်ရှိပါက ဘာကြောင့် ကွာဟရသည်ကို
ရှင်းပြပါ။ (ဥပမာ အလုပ် တစ်ခုနှင့်  တစ်ခုကြားတွင် သင်တန်းတက်ခြင်း၊ မိဘ
လုပ်ငန်းကို ကူညီခြင်း… လူမှုရေး လုပ်ငန်းအတွက် volunteer လုပ်ခြင်း)… နောက်ပြီး
အဲ့ဒီ အချိန်ကွာဟချက်အတွင်း မိမိ အတွက် ဘာအကျိုးအမြတ်ရခဲ့သလဲကို ဖော်ပြပေးပါ။ ဥပမာ
သင်တန်းမှ အသိပညာများပို ရခြင်း။ လူထုအကြားမှာ volunteer လုပ်ခြင်းကြောင့်
လူထုအကြောင်းပိုမိုနားလည်လာခြင်း)
CV
form ကို မတင်မီနောက်ဆုံးအနေနဲ့ အလုပ်ခေါ်စာမှာ ဖော်ပြထားတဲ့ လိုအပ်ချက်တွေ
ပြည့်စုံပြီးလား တစ်ခေါက် ထပ်စစ်ဆေးပါ။
ရွေးခံရလိုစောနဲ
့CV မှာ အတုအယောင် အချက်အလက်တွေ မဖြည့်ပါနဲ့ ..တကယ်ကျွမ်းကျင်တဲ့ interviewer နဲ
့တွေ့ ယင် အလိမ်ပေါ်တတ်ပါတယ်..
၎။
CV မှာ အချက်များ ဖော်ပြတဲ့အခါ လိုက်လျောညီထွေမှုရှိပါစေ။
မိမိရဲ
့ ကျွမ်းကျင်မှု၊ လုပ်ဆောင်နိုင်မှုတွေကို ပီပီသသ ရှင်းရှင်းလင်းလင်းဖော်ပြပါ။
အဲ့ဒီအခါမှာ မိမိရဲ့ အားသာချက်တွေ ကို အလွယ်တကူသိသာနိုင်ပါတယ်။
လျှောက်မယ့်
အလုပ်နဲ့ ကိုက်ညီမယ့်အချက်အလက်များကို အယင်ဖော်ပြပါ (ဥပမာ ကွန်ပြူတာ
စာစီစာရိုက်အလုပ်အတွက်ကို ကွန်ပြူတာ သင်တန်းများ တက်ခဲ့တယ်ဆိုတဲ့ အချက်ကို
စောစောပိုင်းတွင်ပေါ်လွင်အောင် ဖော်ပြပါ)
စာလုံးပေါင်း
သတ်ပုံမှန်ကန်ပါစေ။
Email
နဲ့ ပို့ ရမယ့် CV ကို မပို့ ခင် အယင် print ထုတ်ပြီး ဖတ်ကြည့်ပါ…. အဲ့ဒီအခါ မှာ
ကွန်ပြူတာမှာ သတိမထားမိတဲ့ အမှားတွေ…. စာကြောင်းမညီတာတွေ တွေ့ ရပါလိမ့်မယ်…
စာလုံး
အရွယ်အစား ကိုက်ညီမှု ရှိပါစေ (ဥပမာ ခေါင်းစဉ်ကို စာလုံး အရွယ် ၁၄ ထားမယ်ဆိုပါက
ခေါင်းစဉ်တိုင်း ၁၄ ဖြစ်ပါစေ)
အထက်ပါ
အချက်များသည် CV တစ်ခု စရေးတော့မည် ဆိုပါက လိုအပ်သော သတိထားရမည့်
အချက်များဖြစ်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Comments
Post a Comment