Online ပေါ်ကနေ ပညာရပ်များလေ့လာကြရအောင်
အခုလို တိုးတတ်လာတဲ့ Digital ခေတ်ကြီးထဲမှာ Online ပေါ်ကနေ သင်တန်းတတ်တာတွေ၊ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်တွေကို လေ့လာတာမျိုးတွေ၊ Online ပေါ်ကနေ ကျောင်းတတ်ပြီး ဘွဲ့ယူတာမျိုးတွေဟာ အရမ်းကို လွယ်ကူလာပါပြီ၊ဒီလို လေ့လာတဲ့နေရာမှာ အချို့နေရာတွေက အခမဲ့ရှိသလို၊အချို့နေရာတွေက MasterCard , Visa Card တို့နဲ့ ငွေပေးချေပြီး တတ်ရတာမျိုးတွေလဲရှိပါတယ်၊ Online နေသင်ယူတာနဲ့ Offline မှာ သင်ယူတာက ဘာတွေကွာခြားမှုရှိမလဲ? Online ကနေသင်ယူတာက Offline ထက် ဘာတွေပိုကောင်းလဲဆိုတာကို ကျနော်တို့ လေ့လာကြည့်ရအောင်.
1.ကိုယ်အဆင်ပြေရာကို အလွယ်တစ်ကူ ရွေးချယ်နိုင်တယ်၊
ဟုတ်ပါတယ်၊ Online ပေါ်ကနေသင်ယူတာဟာ မိမိ အဆင်ပြေရာကို လွယ်ကူစွာ ရွေးချယ်နိုင်ပါတယ်၊ ကျနော်အခုတတ်နေတဲ့ themuse.com မှာဆိုရင် အတန်းတစ်ခုထဲမှာကို ဘွဲ့အစုံယူလို့ရပါတယ်၊ ကိုယ်အဆင်ပြေမယ့် ဘာသာရပ်ကို ရွေးချယ်နိုင်ပါတယ်၊ အခုအချိန်မှာ လူအများဆုံး သင်ယူနေတဲ့ ဘာသာရပ်တွေကတော့ business management, nursing, computer programming, marketing, communications, human resources management ဘာသာရပ်တွေ ဖြစ်ပါတယ်၊ ဘွဲ့ယူမယ်ဆိုရင်လည်း ဘွဲ့လွန်၊ ဘီအေ၊ ဘီအက်စ်စီ စတဲ့ bachelor ဘွဲ့၊ မာစတာဘွဲ့၊ MBA, J.D, Ph.D အစရှိတာတွေကို ရွေးချယ်ပြီး ယူနိုင်ပါတယ်၊
2.ငွေကုန်ကြေးကျသက်သာမှုရှိခြင်း၊
Online ကနေ သင်ယူတာဟာ အရမ်းကို ငွေကုန်ကြေးကျသက်သာပါတယ်၊ ကျနော်အခု တတ်နေတဲ့ business management ဆိုရင် အကုန်လုံးအပြီးအစီးကို $100 ကျော်လေးဘဲ ကျပါတယ်၊ ပြီးတော့ Online ကနေသင်တာ ဖြစ်လို့ ကျူရှင်တွေ,Guide တွေဆိုတာ မရှိပါဘူး၊ နောက်ပြီး စာအုပ်ဖိုးတွေ ကုန်ကျစရိတ်ဆိုတာလဲ မရှိပါဘူး၊သင်ခန်းစာအများစုဟာ PDFတွေနဲ့ လာတာဖြစ်လို့ Download ချပြီး ဖတ်ရုံပါပဲ၊ ဒီတော့ ငွေကုန်ကျေးကျ အရမ်းကို သက်သာလွန်းပါတယ်၊
3.အချိန်ကို ရွေးချယ်နိုင်ခြင်း၊
အပြင်မှာ သင်ယူမယ်ဆိုရင် ကျနော်တို့တွေဟာ အတန်းချိန်ပုံမှန်တတ်ရတာမျိုးတွေ၊ စာသင်ခန်းထဲမှာ ထိုင်နေရတာမျိုးတွေရှိပါတယ်၊ နောက်ပြီး သင်တန်းအများစုကလဲ ရန်ကုန်မှာဆိုတော့ သင်တန်းကိုသွားတဲ့အတွက်ကို လမ်းမှာ အချိန်တစ်ခုပေးနေရပါတယ်၊ Online မှာဆိုရင် ဒါမျိုးတွေ မရှိပါဘူး၊ ကိုယ်အားမယ့် အချိန်အပိုင်းအခြားတစ်ခုကို ရွေးချယ်ထားနိုင်ပါတယ်၊ ကျနော်ဆိုရင် ည ၈ နာရီကနေ ၁၀ နာရီအထိကို ရွေးချယ်ထားပါတယ်၊
4.အမှတ်သတ်မှတ်ချက်တွေ၊အတန်းကန့်သက်ချက်တွေမရှိပါဘူး၊
၁၀ တန်းကို အမှတ်ဘယ်လောက်နဲ့အောင်မှ၊ဘာဘွဲ့ရထားပြီးမှ တတ်လို့ရတယ်ဆိုတာမရှိပါဘူး၊ ကိုယ်ကြိုက်တဲ့ ဘာသာရပ်ကို တတ်နိုင်ပါတယ်၊ အမှတ်ကန့်သတ်ချက်လုံးဝ မရှိပါဘူး၊ တစ်ခုတော့ ရှိတာပေါ့၊ English လို သင်ရတာဆိုတော့ English လိုတော့ 4 Skill ရမှ အဆင်ပြေမှာပါ၊
5.လွတ်လပ်မှုရှိခြင်း၊
Online မှာသင်ရတာက အရမ်းကို လွတ်လပ်မှုရှိပါတယ်၊ Assignment တွေဘာတွေ တင်ရင်လဲ အရမ်းကို ကောင်းပါတယ်၊ သူတို့ သတ်မှတ်ထားတဲ့ရက်အတွင်းမှာ တင်ပေးနိုင်ဖို့ပဲလိုပါတယ်၊ ဖိအားတွေ လုံးဝ မရှိပါဘူး၊ တစ်ကယ်လို့ သူတို့တောင်းတဲ့ရက်မှာ မပေးနိုင်ဘူးဆိုရင်တောင်မှ အကြောင်းပြလို့ရပါတယ်၊ နေမကောင်းဖြစ်နေလို့ပါတို့၊ ခရီးသွားနေလို့ အစရှိသဖြင့် အကြောင်းပြလို့ရပါတယ်၊
6.အင်တာနက်ရှိရုံနဲ့သင်ယူနိုင်ခြင်း၊
ကိုယ်က ဘယ်နေရာဘဲ ရောက်နေ ရောက်နေ အင်တာနက်လိုင်းရှိတာနဲ့ သင်ယူနိုင်ပါတယ်၊ဒီတော့ သင်ခန်းစာတွေကို ပုံမှန်သင်ကြားဖို့အတွက် laptop တစ်လုံးနဲ့ အင်တာနက်လိုင်း ရှိဖို့ပဲလိုအပ်ပါတယ်၊
ကျနော်ပြောသွားတဲ့ အချက်တွေကတော့ လက်ရှိမှာ ကျနော်ကိုယ်တိုင် အဆင်ပြေနေတဲ့ အချက်လေးတွေ ဖြစ်ပါတယ်၊ ဒီတော့ အပြင်မှာ သင်တန်းတတ်ဖို့အတွက် အဆင်မပြေသူတွေ၊ အချိန်မပေးနိုင်သူတွေလဲ ဒီစာကို ဖတ်ပြီးတော့ Online မှာ သင်ယူဖို့ကို ကြိုးစားကြည့်ပါ၊
ရေးသားသူ- David Jame
Which websites are the best to learn? Would you mind sharing me?
ReplyDelete