Social Media ​တွေက​ပေးတဲ့ စိတ်​ဓာတ်​ကျဆင်းမှု

တစ်​စုံတစ်​​ယောက်​ဟာ ကိုယ့်​ထက်​သာလွန်​တဲ့ စားဝတ်​​နေ​ရေးမျိုး ပိုင်​ဆိုင်​ထားရင်​ အားကျတဲစိတ်​ဖြစ်​​ပေါ်​​လေ့ရှိတာဟာ သဘာဝပါပဲ ...

မိသားစုက သင့်​မြတ် ​ စီးပွား​ရေးကအဆင်​​ပြေ ပညာ​ရေးကလို​လေ​သေးမရှိ ​ပျော်​ရွှင်​​နေကြတဲ့သူ​တွေ social media ​တွေ​ပေါ်ကို ဓာတ်​ပုံ​တွေတင်​ကြတိုင်း "ငါ့ကျမှ ဘာလို့အဆင်​မ​ပြေ ဖြစ်​​နေရသလဲ" ဆိုတဲ့ ခံပြင်းတဲစိတ်​၀င်​လာတာမျိုးကို​တော့ လူ​တော်​​တော်​များများ ကြုံဖူးကြမည်...


တစ်​စုံတစ်​​ယောက်​ရဲ့ဘ၀ ​နေထိုင်​မှုပုံစံကို အားကျခြင်းဟာ မဆန်း​ပေမယ့်​ အခြားသူတစ်​​ယောက်​​ကြောင့်​ သင့်​ဘ၀ကို မ​ကျေမနပ်​အပြစ်​တင်​​နေစရာမလိုပါဘူး

(၁) ​ဘယ်​သူမှ မပြည့်စုံပါဘူး

ဒါဟာ လူတိုင်း နားလည်​ထားပြီးသားအရိုးရှင်းဆုံး 
အသိတစ်​ခုဖြစ်​ပါလျက်​ ကျွန်​​တော်​တို့်​ဟာ တကယ့်​အ​ခြေအ​နေမှာ​တော့ ဒီစကားကို ​တွေးမိဖို့​မေ့​လျော့​နေတတ်​ကြပါတယ်​..

စီးပွား​ရေးပြည့်​စုံတဲ့သူမှာ ကျန်းမာ​ရေးချို့တဲ့​နေတာ ရှိ​ကောင်းရှိနိုင်​တယ်
ပညာ​ရေးပြည့်​စုံ​နေတဲသူ​တွေမှာ မိသားစုအခက်​အခဲ​တွေရှိ​နေနိုင်​တယ်​..
သူတင်​လိုက်​တဲ့ ဓာတ်​ပုံတစ်​ပုံမှာ ​ပျော်​ရွှင်​ခြင်း​တွေ
တွေ့​နေနိုင်​​ပေမယ့်​ လူတစ်​​ယောက်​ရဲ့ဘ၀ကို​တော့
စာတစ်​​ကြောင်း ဓာတ်​ပုံတစ်​ပုံက အလုံးစုံမ​ဖော်​ပြနိုင်​ပါဘူး..

(၂) သင့်​ဘ၀အတွက်​ အဆင်​သင့်​ရှိ​နေပါ​စေ

ကြိုးကြိုးစားစား​နေထိုင်​​နေကြတဲသူတိုင်းအတွက်
အခွင့်​အ​ရေးတစ်​ခုဟာ ​သေချာ​ပေါက်​​ရောက်​လာမှာပါ..တစ်​ခါတစ်​​လေမှာ ဘ၀ဟာအသက်​ရှူစရာ ထွက်​​ပေါက်​မရှိရ​လောက်​​အောင်​မွန်းကြပ်​လာတတ်​ပါတယ်​...ဒါဟာမ​ကောင်းတဲ့လက္ခဏာရယ်​လို့မြင်​​နေတာထက်

သင့်​ဘ၀အတွက်​ လမ်း​ကြောင်းတစ်​ခုတည့်​တည့်​မတ်​မတ်​ဖြစ်​​အောင်​ အခြား​သော တံခါး​ပေါက်​​တွေကို ကံကြမ္မာ က ပိတ်​ပစ်​လိုက်တာမျိုးလည်းဖြစ်​နိုင်​ပါတယ်​...ဒီလိုအ​ခြေအ​နေမျိုးမှာ တခြားသူ
တစ်​စုံတစ်​​ယောက်​ရဲ့ဘ၀ကို အားကျ​နေခြင်းထက်
မိမိဘ၀အ​ပေါ်မှာ ပိုလို့အာရုံစိုက်​သင့်​ပါတယ်​..
ဘ၀က သင်​​အောင်​မြင်​လာဖို့အတွက်​ အခွင့်​အ​ရေး​တွေကိုဖန်​တီး​တော့မှာမို့လို့ပါ။

(၃) ​ပျော်​ရွှင်​ခြင်း ဟာသင့်​လက်​ထဲမှာပါ..

အရာရာဘယ်​​လောက်​ပြည့်​စုံ ပြည့်​စုံ သင့်​စိတ်​ထဲမှာ မ​​ကျေနပ်​တတ်​ရင်​ အချိန်​တိုင်းစိတ်​ဆင်းရဲ​နေရဦးမှာပါ..
အလားတူပါပဲ ..အဘက်​ဘက်​ကဘယ်​လိုပဲချို့ယွင်း​နေပါ​စေ အ​ကောင်းမြင်​တတ်​တဲစိတ်​​လေးသာရှိရင်
ပျော်​ရွှင်​ရမှာပါ...

ပိုက်​ဆံကဖန်​တီးတဲ့အ​ပျော်​ဟာ ခဏတာပါ
သင်​ကိုယ်​တိုင်​ ဘ၀ကို အ​ကောင်းမြင်​တတ်​ပါမှ ​နေ​ပျော်​လာမှာမို့ပါ...

လောကကြီးကအချိန်​တိုင်းလှပ​နေမှာမဟုတ်​ပါဘူး
ဒီအရာကို သင်​​ပြောင်းလဲပစ်​လို့လည်းမရပါဘူး
သို့​သော်​ငြား သင့်​ရဲ့ စိတ်​သ​ဘောထားကို​တော့
တစ်​စက္ကန့်​ရဲ့ ဆယ်​ပုံတစ်​ပုံမှာတင်​​ပြောင်းလဲပစ်​လို့ရပါတယ်​..

သင့်​ဘ၀ဟာ အရာရာမပြည့်​စုံ​ပေမယ့် လှပနေပြီးသားမို့လို့ပါ။

#depressionfromsocialmedia #scarletrose_kp



Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။