အောင်မြင်ကျော်ကြားသူတွေရဲ့ Phone တွေထဲမှာ တွေ့ ရတတ်တဲ့ appliction ၁၀ ခု


အခု နောက်ပိုင်း လူတော်တော်များများ က နောက်ဆုံးပေါ်ဖုန်းတွေကို ၀ယ်ကိုင်ကြပါတယ်။ နောက်ဆုံး ပေါ်မဟုတ်ယင်တောင် တန်ဖိုး အားဖြင့် အတော်အသင့်များတဲ့ ဖုန်းတွေကို ကို ကိုင်နေကြပါပြီ။ မြန်မာပြည်မှာလည်း နောက်ဆုံးပေါ်ဖုန်းတွေကို အလွယ်တကူ ၀ယ်ယူရရှိနေပါပြီ။ ဒါပေမယ့် လူတော်တော်များများကတော့ ဖုန်းကို ဖုန်းဆက်တာ အပြင် ဖေ့ဘွတ် သုံးခြင်း၊ ဂိမ်းကစားခြင်း၊ ဓါတ်ပုံ ရိုက်ခြင်း တွေမှာသာ အဓိက သုံးကြတာ များပါတယ်။ ကျွန်တော်လည်း အပါအ၀င်ပေါ့။
တစ်ခါတစ်လေ စဉ်းစားမိတာကတော့ ကိုယ် ပေးလိုက်ရတဲ့ ပိုက်ဆံနဲ့ တန်အောင် သုံးဖြစ်ရဲ့ လားဆိုတာ ပါပဲ။ အဲ့ဒီလို စဉ်းစားမိတဲ့ အချိန်မှာ ပဲ ဒီ ဆောင်းပါးလေးကို တွေ့ လို့  စိတ်ဝင်စားစရာလည်း ကောင်းတာနဲ့ ကိုးကားရေးလိုက်ပါတယ်။ (မှတ်ချက်။ ။ ဒီထဲ မှာ ပါဝင်တဲ့ application အချို့ ကတော့ မြန်မာပြည်မှာ အသုံးဝင်ချင် မှ ၀င်ပါလိမ့်မယ်။ ဒါပေမယ့် idea ကို လေ့လာထားလို့ ရနိုင်အောင် အကုန်လုံး ကို ကိုးကားရေးလိုက်ပါတယ်)။
၁။ Flipboard
ဒီ application ကတော့ ကျွန်တော်လည်း အသုံးပြုဖူးပါတယ်။ News တွေ တော်တော်များများကို တစ်ပေါင်းတစ်စည်းတည်း စုစည်း ထားတဲ့ application ပါ။ ကိုယ် စိတ်ဝင်စားတဲ့ news categories တွေကို လည်း ရွေးပြီး ဖော်ပြခိုင်းလို့ ရပါတယ်။ ဥပမာ အိုင်တီနဲ့ ပက်သက်တဲ့ သတင်းတွေ သိချင်လျှင် ရွေးပြီးဖော်ပြခိုင်းလို့ ရပါတယ်။
မြန်မာပြည်မှာလည်း ဥုံ ဆိုတဲ့ application တစ်ခု ပေါ်နေတာ တွေ့ ပါတယ်။ သတင်းတော်တော်များများကို တစ်နေရာတည်းက ဖတ်ရှုနိုင်တာ တွေ့ ရပါတယ်။
၂။ DropBox
DropBox ကိုတော့ တော်တော်များများ သိကြမှာပါ။ google Drive လိုပါပဲ file sharing လုပ်တဲ့ application တစ်ခုပေါ့။ email နဲ့ ပို့ လို့ ခက်ခဲ့တဲ့ ဖိုင်တွေကို DropBox ကနေ တဆင့် ပို့ လို့ ရပါတယ်။ မြန်မာပြည်မှာလည်း ခေတ်စားနေပါပြီ။
၃။ Dragon Dictation
Speak to text application လေးပါ။ IOS မှာတော့ Siri က အစားထိုး ၀င်ရောက်လာပါလိမ့်မယ်။ ဒါပေမယ့် တော်တော်များများကတော့ Dragon Dictation ကို ဆက်ပြီး သုံးစွဲနေတုန်းပါပဲ။ သင် ပြောလိုက်တဲ့ စကားတွေကို စာသား အနေနဲ့ ပြောင်းပေးပါတယ်။ ဒီ application နဲ့ email တွေ၊ text message တွေ၊ ဖေ့ဘွတ်မှာ post လုပ်တာတွေ လုပ်လို့ ရပါတယ်။ ဒါပေမယ့် အဲ့ဒီလို လုပ်ဖို့ အင်တာနက် ကွန်နက်ရှင်တော့ လိုပါတယ်။ နောက်တစ်ခုကတော့ သင့်ရဲ့ အသံနေအသံထားကို application က နားလည်ဖို့ လိုပါတယ်။
၎။ Mint
Mint ကတော့ သင့်ရဲ့  ငွေရေးကြေးရေး အချက်အလက်တွေ၊ လုပ်ဆောင်မှုတွေကို ကူညီပေးပါလိမ့်မယ်။ Mint က သင့်ရဲ့  ငွေကြေဆိုင်ရာ အချက်အလက်တွေအားလုံးကို မျက်ခြေမပျက်စောင့်ကြည့်နေပါလိမ့်မယ်။ သင့် ဘဏ်မှာ ရရှိနေတဲ့ ဘဏ်တိုးတွေ၊ သင့်ရဲ့ အသုံးစရိတ်တွေ၊ အကြွေးတွေကို အားလုံး စုဆောင်း နေပါလိမ့်မယ်။ သင့် budget မှာ ငွေကြေးမလုံလောက်မှု ရှိနေပြီဆိုယင် Mint က သင့်ကို ဘယ်လိုမျိုး စီမံခန့် ခွဲရမယ်ဆိုတာကို အကြံပေးပါလိမ့်မယ်။ (မှတ်ချက်။ ။ သင့်ရဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကိုတွေ Mint ကို ပေးဖို့ လိုပါလိမ့်မယ်)။
၅။ Evernote
ကျွန်တော် သုံးနေပါတယ်။ အသုံးဝင်ပါတယ်။ Evernote က သင့်ရဲ့  notes တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဖိုင်တွေ၊ ဓါတ်ပုံတွေ၊ အသံသွင်းထားတာတွေ၊ web pages တွေ ကို သိမ်းစည်းနိုင်ဖို့ နေရာပေးပါလိမ့်မယ်။ ဒါ့အပြင် Evernote ရဲ့  powerful search features က လိုအပ်တဲ့ အချက်အလက်တွေကို အလွယ်တကူ ရှာဖွေနိုင်အောင် အထောက်အကူပြုပါတယ်။ ဥပမာ သင့်အနေနဲ့  Myanmar ဆိုတာကို note မှာရေးလိုက်ယင် Myanmar အကြောင်းကို အလွယ်တကူ ရှာဖွေနိုင်အောင် ကူညီနိုင်ပါတယ်။
၆။ LinkedIn
ကျွန်တော့်  favorite application ပါ။ LinkedIn အကြောင်း ကျွန်တော် ရေးဖူးပါတယ်။ ဒါကတော့ mobile application version ပါ။ update တွေ၊ အလုပ်ခေါ်စာတွေ၊ news တွေ၊ မိမိနဲ့ ဆက်သွယ်ထားတဲ့ သူတွေရဲ့  update တွေကို အလွယ်တကူ ဖတ်ရှု နိုင်ပါတယ်။
၇။ Pocket
Flipboard လိုပါပဲ။ ဒါပေမယ့် Pocket ကတော့ စီးပွားရေး သတင်းတွေကို ဦးစားပေးတင်ပြပေးပါတယ်။ Bloomberg Business က articles တွေ ဖတ်ရှုနိုင်ပါတယ်။
၈။ Casual Project Management
Project တစ်ခု ကို လွယ်လွယ်ကူကူ နားလည်အောင် visual affect တွေနဲ့ ပြသပြီး အခြား project team members တွေနဲ့ အလွယ်တကူ အဆက်အသွယ်ပြုနိုင်အောင် အထောက်အကူပြုပါတယ်။ ဒါပေမယ့် သင့်ဖက်ကတော့ အချက်အလက် ပြည့်ပြည့်စုံစုံကို ထည့်သွင်းပေးရပါမယ်။ (Project Management ကို သင်ပေးတဲ့ application တော့ မဟုတ်ပါဘူး)
၉။ Slack
အဖွဲ့ အတွင်းမှာ လွယ်လွယ်ကူကူ အဆက်အသွယ်ပြု (chat) နိုင်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။ business chat ကိုဦးစားပေးပြီး chat ထားတာတွေ အလွယ်တကူ ပြန်ရှာနိုင်အောင် အဖွဲ့ ဝင်အားလုံးနဲ့ အလွယ်တကူ group chat လုပ်နိုင်အောင် လုပ်ထားတယ်လို့ ဆိုပါတယ်။
၁၀။ The Swizzle
သင့်ရဲ့  Mail box မှာ junk mails (ကြေငြာ mail လိုမျိုး) တွေနဲ့ ပြည့်နေပြီး အဲ့ဒီ page တွေကို ပြန်သွားပြီး ကြေငြာ mail တွေ မပို့ အောင် page တစ်ခုချင်းဆီကို unsubscribe လုပ်ဖို့ အချိန်မရဘူးဆိုယင် The Siwzzle ကို သုံးနိုင်ပါတယ်။ The Swizzle က သင့်ဆီ ရောက်လာတဲ့ junk mails တွေ အားလုံးကို message တစ်စောင် အနေနဲ့  စုစည်းပေးပြီး သိမ်းထားပေးပါလိမ့်မယ်။ သင့် အချိန်ရတဲ့ အခါကျမှ အဲ့ဒီ message ကို ပြန်သွားပြီး ဖတ်နိုင်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ mobile application ၁၀ ခုကတော့ အောင်မြင်သူတွေရဲ့ ဖုန်းတွေတည်းမှာ တွေ့ ရတဲ့ application တွေပါပဲ။ စာဖတ်သူတွေ မှာ လည်း အခြား အသုံးဝင် တဲ့ application တွေ သုံးဖူးတာ၊ သုံးနေတာ ရှိဦးမှာပါ။ တကယ်လို့ ရှိခဲ့လျှင် မြန်မာပြည်နဲ့ လည်း အသုံးပြု ရတာ အဆင်ပြေတယ်ဆိုယင် အောက်မှာ comment ရေးပြီး ဖော်ပြသွားပေးလို့ ရပါတယ်။ ဒါဆိုယင် အခြားသူတွေလည်း လိုက်ပြီး အသုံးပြုလို့ ရမှာပါ။ ကျွန်တော်လည်း ပြန်လည် စုစည်းပြီး post တစ်ခု အနေနဲ့ ပြန်တင်ပေးပါ့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

TeamWork အကြောင်း