နောက်လူနဲ့ပါသွားတဲ့ကိုယ့်ချစ်သူကို ဘယ်လိုပြန်ယူမလဲ
ဒီစာကိုဖတ်နေပြီဆိုကတည်းက မင်းသူ့ကိုမစွန့်လွှတ်နိုင်လို့ဆိုတာကို လက်ခံလိုက်ပါ။ သူကနောက်တစ်ယောက်နဲ့ပျော်နေပြီလား ။သူတို့အဆင်ပြေနေတာကိုမင်းမခံစားနိုင်ဘူးမလား ။ လုံးဝအားမငယ်ပါနဲ့။ မင်းဟာ တစ်ချိန်တုန်းက သူနှစ်နှစ်ကာကာချစ်ခင်ခြင်းကိုခံခဲ့ရသူပါ။ ဘယ်လိုပဲပြတ်သားပါတယ်ပြောပြော သံယောဇဉ်လက်ကျန်ကတော့ရှိနေမှာပါပဲ။
၁။ အဆက်အသွယ်ပြန်လုပ်ပါ။
အချိန်ကိုက်ဖြစ်ဖို့တော့လိုပါတယ်။ သူမင်းကိုတမင်ရှောင်နေချိန်မှာတွေ့ဖို့အတင်းမကြိုးစားပါနဲ့။ နှစ်ယောက်လုံးတည်ငြိမ်သွားချိန်မှာအဆက်အသွယ်လုပ်သင့်ပါတယ်။ အဆက်အသွယ်လုပ်စရာအကြောင်းပြချက်ရှိဖို့လဲလိုအပ်ပါတယ်။ ဥပမာ ၂ ယောက်လုံးနဲ့ခင်တဲ့ သူငယ်ချင်းတွေနဲ့ တွေဆုံတဲ့ပါတီတစ်ခုမှာ အမှတ်မထင်တွေ့ရင်းနှုတ်ဆက်တာမျိုး၊ အရင်က၂ယောက်အတူသွားဖူးတဲ့စားသောက်ဆိုင်နာမည်ကိုမေ့နေလို့ ကိုယ့်မှာလဲဒီနာမည်ကိုသိဖို့လိုအပ်နေလို့သူ့ကို ဖုန်းဆက်မေးလိုက်တာမျိုး စသဖြင့် ရိုးရိုးသားသားဆက်သွယ်မှုမျိုးဖြစ်အောင်ဖန်တီးပါ။
၂။ သူနဲ့ သူ့ချစ်သူအသစ်အပေါ်မှာကောင်းကောင်းမွန်မွန်ဆက်ဆံပါ။
သူနဲ့တွေ့ဆုံချိန်မှာ ရည်းစားဟောင်းတစ်ယောက်ကိုပြောဆိုသလို ခပ်စိမ်းစိမ်းစကားတွေမပြောပါနဲ့။
သူ့ရဲ့လက်ရှိချစ်သူကိုလဲ ပြေးရိုက်ချင်စိတ်တွေကိုမြိုသိပ်ထားပြီး ဖော်ရွေပေးလိုက်ပါ။
ချစ်သူသစ်ကြောင့် လမ်းခွဲခဲ့ရကြောင်းကိုလဲ ပြစ်တင်ပြောဆိုမနေပါနဲ့။ ကိုယ့်ချစ်သူကိုပြန်ရယူလိုကြောင်းလဲကိုယ်တိုင်ကလွဲရင် ဘယ်သူမှမသိပါစေနဲ့ဦး။
၃။ အခွင့်သာတိုင်းအဆက်အသွယ်လုပ်ပါ။ အလွန်အကျွံမဖြစ်ပါစေနဲ့။
ဒီအချိန်မှာတော့ သူနဲ့ကိုယ်ခေါ်ပြောဆက်ဆံလို့ကောင်းတဲ့အနေအထားမျိုးဖြစ်နေပါစေ။ ပြတ်သွားတဲ့ချစ်သူဆိုတာထက်အချိန်အကြာကြီးခင်လာတဲ့သူငယ်ချင်းတစ်ယောက်လိုဆက်ဆံပါ။ သူနဲ့ကိုယ် ၂ ယောက်ပဲသိတဲ့ဟာသလေးတွေ ပြန်ပြောတာမျိုး၊သူကြိုက်တတ်တဲ့ အစားအစာရတဲ့ဆိုင်အသစ်ကိုတွေ့ထားကြောင်း စာပို့တာမျိုး စသဖြင့် ပေါ့ပေါ့ပါးပါးအကြောင်းအရာလေးတွေနဲ့ အဆက်အသွယ်လုပ်ပါ။ ဒီအချိန်ဟာ သူ့ဘ၀ထဲကို နေရာယူမှန်းမသိ ၀င်ရောက်နေချိန်ဖြစ်ပါတယ်။ သတိထားရမှာကတော့ သူ့ရဲ့လက်ရှိချစ်သူဟာ
သူ့ကိုမင်းနဲ့မဆက်သွယ်ဖို့ ဖိအားပေးတားမြစ်တာတွေရှိလာပါလိမ့်မယ်။ အပြစ်မတင်ပါနဲ့။ ဒေါသလဲမထွက်ပါနဲ့။ တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပါ။ တစ်ဖက်ကတားမြစ်နေတာတောင် မင်းရဲ့လူကမင်းကိုဆက်သွယ်နေတုန်းပဲဆိုရင် အခြေအနေကောင်းတယ်လို့ပြောလို့ရပါတယ်။
၎။ သူငယ်ချင်းကောင်းတစ်ယောက်လိုနေပါ။
သူငယ်ချင်းဆိုတာ ချစ်သူထပ်ရင်ဘတ်ချင်းနီးတယ်မဟုတ်လား။ ချစ်သူနဲ့ချိန်းတွေ့ဖို့ ဆိုင်ကောင်းကောင်းမှာ ဒိတ်ရ ပြင်ဆင်ရနဲ့ အလုပ်ရှုပ်ပေမယ့် သူငယ်ချင်းအချင်းချင်းမှာတော့ ပျင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းဘေးမှာစကားတွေထိုင်ပြောနေလို့ရသလို မုန့်ဆိုင်တွေထိုင်လိုက် ဟိုနားဒီနားသွားလိုက်နဲ့ ပေါ့ပေါ့ပါးပါးနေလို့ရတယ်မဟုတ်လား။ စိတ်တူကိုယ်တူ ဖြစ်မယ့်အရာတွေ အကြိုက်တူခဲ့တဲ့အရာတွေကို ပြန်စဉ်းစားပြီး အတူတူလုပ်ပါ။ ဒါပေမယ့် Friend Zone ထဲမှာအကြာကြီး ပိတ်မိမနေပါစေနဲ့။
နွေးထွေးသန့်ရှင်းတဲ့အထိအတွေ့တွေနဲ့ အသစ်တစ်ဖန်ရင်ခုန်လာအောင်ဖန်တီးပါ။
၅။ ကိုယ့်ခံစားချက်ကိုသူသိပါစေ။
ဒီအခြေအနေထိရောက်အောင် အချိန်ယူကြိုးစားခဲ့ပြီးမှ သဲထဲရေသွန်မဖြစ်အောင် သတိထားပါ။
- ဖွင့်ဟ၀န်ခံချိန်မှာ သူ့ကို သစ္စာဖောက်လို့မပြောမိပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ရည်ရွယ်ချက်ကလဲ
သူ့ကို လက်ရှိချစ်သူဆီကနေ သစ္စာဖောက်ပြီးပြန်လာစေဖို့ပဲမဟုတ်လား။ ကိုယ်မဆင်မခြင်ပြောလိုက်တဲ့စကားက
သူ့ကိုလက်ရှိချစ်သူနဲ့ ဆက်တွဲဖို့တွန်းအားပေးသလိုဖြစ်သွားတတ်ပါတယ်။
- တည်တည်ငြိမ်ငြိမ်ပြောပါ။ အရင်အချိန်တွေကိုလွမ်း ကြောင်း ပြန်လည်ပြင်ဆင်လိုကြောင်းကိုရိုးရှင်းစွာပြောပါ။
- မငိုပါနဲ့။ သူဟာမင်းကိုစွန့်ခွာပြီး စိတ်ဒဏ်ရာပေးခဲ့သူပါ ။ မင်းငိုရင် သူ့ကိုယ်သူမုန်းပြီး မင်းနောက်တစ်ခါမနစ်နာစေဖို့အတွက်ရှောင်သွားပါလိမ့်မယ်။ နောက်တစ်နည်းအားဖြင့် မင်းရဲ့ဆွဲဆောင်မှုတွေလျော့နည်းပြီးစိတ်ကုန်သွားပါလိမ့်
မယ်။
- အဆိုးဆုံးကိုလည်းမျှော်လင့်ထားပါ။ တစ်ခါတစ်ရံဘ၀မှာ ကိုယ်ဖြစ်တာတွေဖြစ်ခွင့်မရဘဲ ကံစီမံရာအတိုင်း
မြောပါခဲ့ရချိန်တွေလည်းရှိတယ်မဟုတ်လား။ ကိုယ်ဘယ်လောက်ကြိုးစား ကြိုးစား ၁၀၀ ရာခိုင်နှုန်းမသေချာနိုင်ပါဘူး။
သူဟာ သူ့ရဲ့လက်ရှိချစ်သူကို အမှန်တကယ်ချစ်သွားတာလဲဖြစ်နိုင်ပါတယ်။
၆။ သူ့ကိုအချိန်ယူခွင့်ပေးပါ။
လမ်းခွဲရခြင်းဟာ ဘယ်လောက်ခါးသီးတယ်ဆိုတာ မင်းအသိဆုံးပါပဲ။ သူမင်းဆီပြန်မလာခင်မှာ သူ့လက်ရှိချစ်သူနဲ့ လမ်းခွဲရဦးမယ်ဆိုတာကိုမမေ့ပါနဲ့။ သူဟာ လက်ရှိချစ်သူကို လမ်းခွဲလိုက်ဖို့အတွက် ခံစားချက်တွေကိုလျစ်လျူရှုလိုက်ဖို့အတွက် အချိန်ယူဖို့လိုအပ်ပါတယ်။
မင်းရဲ့နားလည်မှုဟာ မင်းရဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ရင့်ကျက်မှုကိုပြသနေပါတယ်။ သူတို့နှစ်ယောက်ပြတ်ဆဲပြီးသည့်တိုင်အောင်
ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံနေဖို့လိုအပ်ပါတယ်။
Hnin Pwint

Comments
Post a Comment