စကားပြောကောင်းသူတို့ ၏ အရည်အချင်းများ


ဒီအရည်အချင်း ၅ မျိုးနဲ့ပြည့်စုံသူတွေကို တစ်ခါစကားလက်ဆုံကျဖူးရုံနဲ့ အမြဲအမှတ်ရနေမှာပါ။
၁။ ၁၀၀ ရာခိုင်နှုန်းအာရုံစိုက်တယ်။ 
ကိုယ့်ကိုယ်ကိုစကားပြောကောင်းသူအဖြစ်သတ်မှတ်ထားသူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် နားထောင်ကောင်းသူတွေတော့မဟုတ်ကြပါဘူး။ တစ်ဖက်လူရဲ့ပြောစကားကို စိတ်ပါဝင်စားပြီး အာရုံစိုက်နားထောင်ပေးခြင်းက စကားပြောကောင်းသူတွေရဲ့အရည်အချင်းတစ်ခုပါပဲ။
၂။ ပြောသမျှအသေးစိတ်ကိုမှတ်မိတယ်။
နားထောင်ရုံသာမက ပြောလိုက်တဲ့အကြောင်းအရာကို စေ့စေ့ငှငှသိရှိနေရပါမယ်။ ဒါမှသာ အပြန်အလှန်ပြောဆိုတဲ့အခါမှာ စိုစိုပြည်ပြည်စကားဝိုင်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
၃။ တရစပ်မနားတန်းမပြောကြပါဘူး။
အသံအနိမ့်အမြင့်အဖြတ်အတောက်နှင့် ပြောတတ်ကြပါတယ်။စိတ်ဝင်စားစရာ အရေးကြီးစကားပြောခါနီးမှာ အချိန်ခနရပ်ဆိုင်းလိုက်ခြင်းက နားထောင်သူကိုပိုမိုဆွဲဆောင်နိုင်ပါတယ်။
၎။ တစ်ဖက်လူရဲ့အမြင်ကိုမေးတယ်။
စကားပြောကောင်းသူဟာ နားထောင်သူတွေရဲ့မျက်နှာရိပ် မျက်နှာကဲကို စောင့်ကြည့်တတ်ကြပါတယ်။ ပျင်းရိငြီးငွေ့ဟန်ပြလာပြီဆိုရင်တော့ နားထောင်သူရဲ့ထင်မြင်ယူဆချက် ကိုမေးမြန်းပြီး ပြောဆိုခွင့်ပေးကြပါတယ်။
၅။ စိတ်ရင်းအမှန်နှင့်ချီးကျူးတယ်။

စကားပြောကောင်းသူဟာ တစ်ဖက်သူရဲ့ ကောင်းကွက်ကို သတိထားမိပြီဆိုသည်နှင့် ပွင့်လင်းစွာထုတ်ဖော်ချီးကျူးတတ်ကြပါတယ်။

Hnin Pwint 

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။