သင့်ကိုပျော်ရွှင်စေမယ့် ကူ ၅ ကူ
သူတစ်ပါးကို ကူညီတတ်တဲ့ စိတ်ဓာတ်ကလေးတွေဟာ သင်နှင့်သင့်ပတ်ဝန်းကျင်ကို ပျော်ရွှင်အေးချမ်းစေမယ့် ကောင်းမှုလေးတွေပါပဲ…..
သင့်ရဲ့ စိတ်ကို အေးချမ်းကြည်နူးပျော်ရွှင်စေမယ့် နည်းလမ်းလေးတွေသင့်ရဲ့လက်တကမ်းမှာရှိပါတယ်။
ကူကူးပါ…
သင်ကားစောင့်နေတုန်း သက်ကြီးရွယ်အိုတွေ နဲ့ လူမမယ် ကလေးငယ်လေးတွေ လမ်းကူးဖို့အခက်အခဲရှိနေတာကို ကိုမြင်ရင် ကူ ကူးပေးလိုက်ပါ…။
ကူစောင့်ပေးပါ…
အကယ်၍များ သင်ဟာ ကားမောင်းပြီးသွားလာနေသူတစ်ယောက်ဆိုရင် လူကူးမျဉ်းကြားမှာ ကားလမ်းကူးဖို့စောင့်နေတဲ့ သူတွေ အတွက် သင့်ရဲ့ကားလေးကို အရှိန်ခဏသပ်ပြီး စောင့်ပေးလိုက်ပါ။
ကူကောက်ပေးပါ…
အကယ်၍များသင့်ရှေ့အနီးတစ်ဝိုက်မှာလူတစ်ယောက်ဟာ ပြန့်ကြဲနေတဲ့ ပစ္စည်းတွေ အလျှင်စလို လိုက်ကောက်သိမ်းနေရတယ်ဆိုရင် ကူပြီးကောက်ပေးလိုက်ပါ။
ကူဝယ်ပေးပါ….
အကယ်၍များသင့်အနီးနားမှာ အဘိုးအို အဘွားအိုနဲ့ ကလေးငယ်လေးတွေ ဈေးလိုက်ရောင်းနေတယ် သင့်အနေနဲ့လည်း ငွေစအနည်းငယ်ပိုနေတယ်ဆိုရင် ဝယ်ယူအားပေးခြင်းဖြင့် ကူညီပါ။(ကျေးဇူးပြုပြီးဈေးမစစ်ပါနဲ့)
ကူယူပေးပါ..
အကယ်၍များ သင် Bus ကားစီနေလို့ ထိုင်ခုံရခဲ့တဲ့အခါမှာ ကိုယ့်ဘေးနားလာရပ်နေရတဲ့ ခရီးသည်စီက အထုပ်အပိုးအနည်းငယ်လောက်ကို ကူပြီးယူပေးထားလိုက်ပါ။(ပြန်ပေးဖို့တော့ မမေ့နဲ့နော်)
ကဲ ဒီအချက်လေးတွေကတော့ ကျွန်တော်တို့ နေ့စဉ် အနီးစပ်ဆုံး တွေ့မြင်လုပ်ကိုင်နိုင်တဲ့အချက်လေးတွေပါပဲ…
PM ရဲ့ ပရိတ်သက်ကြီးတွေမှာရော ဘယ်လို ကူညီနိုင်မယ့် အကြောင်းအရာလေးတွေ ကျန်ရှိနေဦးမလဲ…Comment မှာ မျှဝေခဲ့ပါဦးနော်….
Scarlet Rose

Comments
Post a Comment