ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အမူအကျင့်များ


အလုပ်လုပ်တဲ့နေရာမှာ TeamWork နဲ့လုပ်ကြပြီဆိုရင် ခေါင်းဆောင်တစ်ယောက်ရဲ့အရေးပါမှုက အလွန်သိသာပါတယ်၊ ကိုယ့်ရဲ့အောက်လက်ငယ်သားကို အုပ်ချုပ်နိုင်ရမယ်၊ လုပ်ငန်းတာဝန်တွေကို
ကောင်းမွန်စွာ စီမံခန့်ခွဲ နိုင်ရမယ်၊ ဒါမှလဲ အလုပ်တွေက အောင်မြင်စွာပြီးဆုံးမှာပဲ ဖြစ်ပါတယ်၊
အောက်မှာ ပြောပြမယ့် အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါအုံး၊

1. ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ လုပ်ငန်းခွင်ထဲမှာ ပွင့်လင်းမြင်သာမှု ရှိရပါမယ်၊
ကိုယ့်လက်အောက်က ၀န်ထမ်းတွေကို အခွင့်အရေးပေးတာမျိုးတွေ၊ခံစားခွင့်ပေးတာမျိုးတွေမှာ
ညီတူညီမျှပေးရပါမယ်၊ ဘယ်သူကတော့ ကိုယ်နဲ့အဆင်ပြေလို့ ပိုပေးလိုက်မယ်ဆိုတာမျိုး လုပ်လို့မရပါဘူး၊

2. ကိုယ့်ရဲ့အောက်က ၀န်ထမ်းတွေနဲ့အတူ ကောင်းတူ ဆိုးတူ မျှဝေခံစားပေးပါ၊ ဘယ်ကိစ္စပဲဖြစ်ဖြစ်၊ ဘယ်ပြသာနာပဲ ဖြစ်ဖြစ် ဆိုးတိုင်ပင်၊ကောင်းတိုင်ပင် ပုံစံမျိုးနဲ့ ဖြေရှင်းလုပ်ဆောင်ပါ၊

3. အလုပ်ချိန်ပြင်ပ မှာ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုတွေ တည်ဆောက်ပေးပါ၊ ကိုယ့်ဝန်ထမ်း အခက်အခဲ ဖြစ်နေရင် ပိုက်ဆံချေးတာမျိုးတွေ၊ မုန့်အတူသွားစားတာမျိုးတွေ၊ ခရီးသွားတာမျိုးတွေကို လုပ်ပေးပါ၊

4. ကိုယ့်ရဲ့လက်အောက်က ၀န်ထမ်းတွေ အချင်းချင်း စည်းစည်းလုံးလုံးဖြစ်အောင် ပြုလုပ်ပေးပါ၊
သူတို့ကို စနစ်တကျ သင်ကြားပေးပါ၊ ကြောက်စိတ်တွေမရှိအောင် ပြုလုပ်ပေးထားပါ၊ ပြောရဲ ဆိုရဲ ဖြစ်နေမှ ကိုယ်နဲ့သူတို့တွေ ကြားမှာ မပြောရဲလို့ မသိရတဲ့ ကိစ္စတွေ၊ လျှို့ဝှက်ထားရမှာတွေ မရှိမှာပါ၊

5. တစ်ချို့ကိစ္စအသေးအဖွဲလေးတွေမှာ ကိုယ်တိုင်ဝင်မပါပါနဲ့၊ ကိုယ့်ရဲ့ လက်အောက်က လူတွေကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးလိုက်ပါ၊ ဒါမှလဲ သူတို့ရဲ့ အရည်အချင်းတွေ တိုးတတ်မှာ ဖြစ်ပါတယ်၊
ဝန်ထမ်းတွေက ချစ်ခင်ပြီး လုပ်ငန်းခွင်မှာလဲ အောင်မြင်ကြတဲ့


ခေါင်းဆောင်ကောင်းတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်း . . . .

David Jame 

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။