သင့်အောင်မြင်မှုကို ဘယ်အရာတွေက ဟန့်တားနေတာလဲ ?
သင်ဟာ ကြိုးစားနေတဲ့ လူတစ်ယောက်ဖြစ်ပါလျှက်နဲ့ အခု
အချိန်ထိ အောင်မြင်မှုလမ်းကြောင်းပေါ်ကို မရောက်သေးဘူးလို့
ခံစားနေရပါသလား ? အောက်က အချက်လေးတွေကို အချိန်အနည်းငယ်ပေးပြီး ဖတ်ကြည့်လိုက်ပါ !
1 . အလွန်အကျွံ သုံးဖြုန်းတတ်သော အကျင့်ရှိခြင်း
မိမိဝင်ငွေ၏ 30%လောက်ကို စုဆောင်းသင့်ပါတယ်။ မိမိမှာ စုဆောင်းငွေ မရှိလျင် မိမိနှစ်သက်သော အလုပ်ကို ရွေးချယ်မလုပ်နိုင်ဘဲ ရရာ အလုပ်ကို လုပ်ရတဲ့ အခါ အောင်မြင်မှုမှ ဝေးကွာသွားစေပါတယ် .
2 . အလုပ်အကိုင် အရွေးမှားခြင်း
မိမိဝါသနာပါရာ အလုပ်မဟုတ်ဘဲ လုပ်နေရရင် အာရုံစူးစိုက်မှု မရှိနိုင်ပါဘူး .ရေရှည်မှာ လုပ်ငန်းခွင်မှာ မပျော်ဘဲ အောင်မြင်မှုနဲ့ ဝေးစေပါတယ် .
3 . အခြားသူများနှင့် ပူးပေါင်းလိုစိတ် အားနည်းခြင်း
လူတော်တော်များဟာ မိမိရဲ့ အတ္တစိတ်ကြောင့် သူတပါးနှင့် မပူးပေါင်းဘဲ မိမိတစ်ယောက်ထဲ လုပ်ငန်းလုပ်ချင်တတ်ကြပါတယ်။ လုပ်ငန်းအများစုဟာ အတူတကွ ပူးပေါင်းလုပ်ကိုင်ကြမှသာ
အောင်မြင်မှု ရတတ်ပါတယ် .
4 . အခက်အခဲမှ လွတ်မြောက်ရန် မစဉ်းစားခြင်း
လူအများစုဟာ ပြသနာ ဖြစ်လာရင် ပြသနာကို ရင်ဆိုင်မှု မရှိဘဲ ရှောင်တိမ်းနေတတ်ကြပါတယ်။ ပြသနာကို ရင်ဆိုင်ဖြေရှင်းပြီး အဖြေရှာခြင်းဟာ ပိုမိုအောင်မြင်တဲ့ လမ်းကြောင်းပေါ်
ရောက်စေနိုင်ပါတယ် .
5 . ဝါသနာနဲ့လုပ်နေတာ ထပ်တူကျပါစေ
ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ ကိုယ့်ဝါသနာနဲ့ ထပ်တူညီတာ
အကောင်းဆုံးပါပဲ . ဝါသနာနဲ့ ထပ်တူကျတဲ့ အလုပ်ဆိုရင်တော့
သင်ဟာ လစာတွေ , ခံစားခွင့်တွေကို ခေါင်းထဲထည့်မှာ မဟုတ်တော့ပါဘူး . ကိုယ်ဝါသနာပါတာကို လုပ်နေရတာကြောင့်
သင့်ရဲ့Skill ဟာ တဖြည်းဖြည်း တိုးတတ်လာပြီးတော့ သင့်ကို
အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်စေမှာပဲ ဖြစ်ပါတယ် .
သင်ရော အပေါ်ကအချက်တွေကို မလုပ်ဖြစ်သေးဘူးဆိုရင်
အခုကစပြီး ပြောင်းလဲကြည့်လိုက်ပါ . အောင်မြင်မှုက သင့်ကို
စောင့်ကြိုနေမှာပါ . ကိုယ့်ရဲ့ သူငယ်ချင်းတွေကိုလဲ Tag တွဲပြီး
Share ပေးလိုက်ပါအုံး . ဒါမှ သူတို့လဲ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲနိုင်မှာပါ . Good Luck !
Wai Myat Noe

Comments
Post a Comment