သင်၏ အကြီးမားဆုံး ရန်သူ
အိမ်မှာ အရောင်တူ နှုတ်ခမ်းနီ ရှိပေမယ့် နောက်ထပ် နှုတ်ခမ်းနီ တစ်တောင့်ဝယ်လိုက်မိပါသလား
ဝိတ်ချမယ် ဆုံးဖြတ်ပြီးမှ ည 10နာရီလောက် ထမင်းထစားလိုက်ပြီလား
မနက် စာမေးပွဲရှိပေမယ့် ကိုယ့်ကိုကိုယ် သနားပြီး အိပ်ယာ စောစောဝင်လိုက်မိလား
ဒီအချက်တွေအားလုံးက သင်ဟာ သင့်စိတ်ကိုမနိုင်တာ ပြသနေပါတယ်။ သင့်ရဲ့ ရန်သူဟာ သင်ကိုယ်တိုင်ပါဘဲ။
ကျွန်ပ်တို့ တော်တော်များများဟာ မိမိစိတ်ကို မနိုင်ကြပါဘူး။ မဝယ်သင့်တာကို ဝယ်၊ မစားသင့်တာစား နဲ့ မိမိစိတ်အလိုကိုလိုက်ပြီးနေထိုင်မိကြပါတယ်။ စိတ်အလိုလိုက်ပြီး ထင်သလို ပြုမူနေထိုင်ခြင်းဟာ အောင်မြင်မှု လမ်းပေါ်ရောက်ဖို့် နှောင့်နှေးစေပါတယ်။
အခြားသူနဲ့ မယှဉ်ပြိုင်မီ မိမိစိတ်ကို မိမိပြုပြင်သင့်ပါတယ်။ မိမိဘဝအတွက် ရည်မှန်းချက် တွေထားပြီး ရည်မှန်းချက်ပြည့်အောင် အရင် ကြိုးစားသင့်ပါတယ်။ ရည်မှန်းချက်က တစ်ဘဝလုံးစာအတွက် ရေရှည် စီမံကိန်းထာသင့်သလို လပိုင်းအတွင်း ဖြစ်အောင်လုပ်ရမယ့် ရည်မှန်းချက်လည်း ရှိရပါမယ်။
ဥပမာ 4လအတွင်း ပိုက်ဆံ 10သိန်းစုမိ ရမယ်။ 3လအတွင်း 10ပေါင်ဝိတ်ချမယ်ဆိုတဲ့ ရည်မှန်းချက်လေးတွေနဲ့ စိတ်အလိုမလိုက်ဘဲ ကြိုးစားကြည့်ပါ။ မိမိဘဝ တဖြည်းဖြည်းပြည့်စုံပြီး တိုးတက်လာမှုက သင့်ကို စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။
Prospect Myanmar ပရိတ်သတ်ကြီးလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရည်မှန်းချက်တွေ ပြည့်အောင် ကြိုးစားကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Wai Myat Noe

Comments
Post a Comment