အချစ်တစ်ခု ခိုင်မြဲစေဖို့ …


ချစ်သူစုံတွဲတိုင်းဟာ နှလုံးသားနဲ့ရင်းပြီး တည်ဆောက်ခဲ့တဲ့ ချစ်သူဘဝလေးကို အရမ်းတန်ဖိုးထားကြမှာပါ။
တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ ချစ်သွားကြပြီး သက်ဆုံးတိုင် ပေါင်းဖက်သွားချင်ကြမှာ အသေအချာပါပဲ။
ဒါပေမဲ့ တစ်ခါတစ်လေ၊ ကျော်ဖြတ်နေတဲ့ အချစ်ခရီးလမ်းမှာ အဆင်မပြေမှုတွေ ၊ အခက်အခဲတွေ ကြုံတွေ့လာခဲ့ရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ လွဲသွားတတ်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ခဲ့ကြပေမယ့် ၊ သဘောထားမတိုက်ဆိုင်မှု အနည်းငယ်ကြောင့် အတူ လက်တွဲ ကျော်ဖြတ်ခဲ့တဲ့ အချိန်ကာလတွေကို မေ့ပစ်ပြီး လမ်းခွဲလိုက်ကြပါတယ်။
ဒီထက်ပိုဆိုးတာကတော့ အချစ်သစ်တွေ့သွားကြပြီး တစ်ယောက်နဲ့တစ်ယောက် ဝေးသထက်ဝေး သွားတတ်ပါတယ်။
အရမ်းချစ်ခဲ့တဲ့ ချစ်သူနှစ်ယောက်က သူစိမ်းတွေလိုဖြစ်သွားကြတာ မကောင်းပါဘူး။

ဒါကြောင့် အခုလို ချစ်သူဘဝမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုလေးတွေ ပေးသင့်ပါတယ်။
* ကိုယ့်ချစ်သူ အလုပ်ရှုပ်နေရင် ပြဿနာမရှာဘဲ နားလည်ပေးပါ။
* ကိုယ့်ချစ်သူ ဒေါသထွက်နေရင် ကိုယ်က အရွဲ့မတိုက်ဘဲ ချော့ပေးပါ။
* ကိုယ့်ချစ်သူ နားလည်မှုလွဲနေရင် သေချာရှင်းပြပေးပါ။
* ကိုယ့်ချစ်သူအပေါ် သစ္စာရှိပေးပါ။
ဒီအချက်လေးတွေကို နှစ်ယောက်လုံး လိုက်နာမယ်ဆိုရင် ချစ်သူစုံတွဲတွေရဲ့ အချစ်တွေက ခိုင်မြဲနေမှာ အသေအချာပဲ ဖြစ်ပါတယ်။

လင်းလင်းမောင်

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ