အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် အမူအကျင့်ကောင်းများ...



၁။ တိုးတက်မှုရှိမယ့် ပတ်ဝန်းကျင်ကို ရှာဖွေပါ။

လူတွေဟာ ပင်ကိုယ်စွမ်းရည်နဲ့ ကိုက်ညီတဲ့အလုပ်ကိုဆိုရင် စိတ်ဓာတ်တက်ကြွစွာ လုပ်ကိုင်နိုင်ကြပါတယ်။ဒါကြောင့် မိမိကို တိုးတက်စေမယ့်
ပတ်ဝန်းကျင်ကို သေချာရှာဖွေပြီး ဝါသနာပါတဲ့ အလုပ်တွေကိုသာ ဦးစားပေးလုပ်ကိုင်သင့်ပါတယ်။

၂။ အမှားတွေကတဆင့် ပြန်လည် သင်ယူပါ။

လူတိုင်း အမှားနဲ့မကင်းဘူးဆိုပေမယ့် ၊ အမှားတွေကတဆင့် သင်ခန်းစာယူတတ်ဖို့ အရေးကြီးပါတယ်။ ကျရှုံးမှုဆိုတာ အံ့သြစရာကောင်းတဲ့ ဆရာတစ်ပါးဖြစ်ပါတယ်။ ကျရှုံးမှုကတဆင့် သင်ခန်းစာယူနိုင်သူတွေက လျင်မြန်စွာ တိုးတက်ကြတယ်လို့ ဆိုထားပါတယ်။

၃။ အကောင်းမြင်စိတ် မွေးပါ။

အရာရာကို အကောင်းမြင်တတ်တဲ့ စိတ်က အောင်မြင်မှုဆီကို ဦးတည်စေပါတယ်။ အကောင်းမြင်စိတ် ရှိသူတွေသာ အခွင့်အလမ်းကောင်းတွေ ပိုင်ဆိုင်နိုင်ပြီး ရေရှည်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

၎။ အရေးမကြီးတဲ့ အရာတွေကို ပြတ်ပြတ်သားသား ငြင်းဆိုပါ။

အချိန်ဆိုတာ တန်ဖိုးကြီးတဲ့အတွက် စနစ်တကျ အသုံးချသင့်ပါတယ်။ အရေးပါတဲ့ အရာတွေအပေါ်မှာပဲ အာရုံစူးစိုက်ထားပြီး ၊ အရေးမကြီးတဲ့ အရာတွေကြောင့် အချိန်မကုန်ဖို့ အရေးကြီးပါတယ်။ အချိန်ကို လေးစားတဲ့အနေနဲ့ တချို့သော ကိစ္စတွေကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါ။

၅။ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကို တန်ဖိုးထားပါ။

ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု အလုံအလောက် ရှိဖို့ လိုအပ်ပါတယ်။ မိတ်ဆွေ၊ အပေါင်းအသင်းတွေဆီက အကြံဥာဏ်တွေကို ရယူသင့်ပေမယ့် ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာ ရှေ့ဆက်သင့်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကြောင့် ရည်မှန်းချက်တွေ လမ်းလွဲသွားတာ မဖြစ်သင့်ပါဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို တန်ဖိုးထားသူတွေကသာ ဖန်တီးမှုအသစ်တွေကို လုပ်ဆောင်နိုင်ကြတာ ဖြစ်ပါတယ်။

Linn Linn Maung
#linnlinnmaung

Comments

Popular posts from this blog

အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။

အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ

Gmail မှာ ပို့ တဲ့ mail တိုင်းရဲ့ အောက်မှာ Signature (မိမိ နာမည်၊ ဖုန်းနံပါတ်၊ website) ပေါ်အောင် ပြုလုပ်နည်း။