Professional Resume တစ်စောင်မှာ မပါဝင်သင့်တဲ့ အကြောင်းအရာများ
အခုတစ်လော အလုပ်မှာ project တွေစတော့ မှာဖြစ်လို့ project မှာပါဝင်မယ့် volunteer နေရာတွေကို လျှောက်ထားတဲ့ နိုင်ငံတကာက volunteer CV တွေ၊ Resume တွေကို အသေးစိပ်ဖတ်၊ interview အတွက် shortlist တွေ ဆက်တိုက်လုပ်နေရပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ CV သို့ မဟုတ် Resume ကြိုက်တာတင်လို့ ပြောထားပေမယ့် တော်တော်များများ ကတော့ Resume ကို အသုံပြုထားတာတွေ့ ရပါတယ်။ အဲ့ဒီထဲ မှာမှ အချို့ Resume တွေက professional ပီသလှပြီး အချို့ ကတော့ ဖြစ်သလို ရေးထားတာ တွေ့ ရပါတယ်။ shortlist လုပ်ရတဲ့ သူအနေနဲ့ လည်း professional ကျကျ ရေးထားတဲ့ Resume တွေကြည့်ရတာ ပိုပြီး သက်တောင့်သက်သာ ရှိပြီး ဖြစ်သလို ရေးထားတဲ့ Resume တွေကိုဖတ်ရတာ ကျတော့ feeling မလာတော့ပါဘူး။
အဲ့ဒီအချိန်မှာပဲ တိုက်ဆိုင်လှစွာ ဒီဆောင်းပါး “Professional Resume တစ်စောင်မှာ မပါဝင်သင့်တဲ့ အကြောင်းအရာများ “ ကို lifehack.org မှာတွေ့ လိုက်ရလို့ အသုံးဝင်မယ်ထင်ပြီး ကိုးကား ရေးသားလိုက်ပါတယ်။
၁။ သင့်ရဲ့ အလုပ်သင် (Internship) အကြောင်းကို Resume မှာ ထည့်ပြီး မဖော်ပြသင့်ပါဘူး။
ဘယ်လို အလုပ်သင်မျိုးကို ဆိုလိုသလဲ ဆိုတော့ ဘွဲ့ တစ်ခု ရဖို့ အတွက် လိုအပ်တဲ့ အလုပ်သင်ကာလမျိုးကို ဆိုလိုတာပါ။ ဥပမာ ဆရာဝန် ဘွဲ့ ရဖို့  အလုပ်သင်ဆရာဝန် တစ်နှစ် ဆင်းရတဲ့ House Surgeon လိုမျိုး ပေါ့။ ဆရာဝန်ဘွဲ့ ရထားပြီးသားသူဆိုလျှင် House surgeon ဆင်းခဲ့ရတယ်ဆိုတာကို အလုပ်ရှင်တိုင်းက အလိုအလျောက် သိထားပြီး သားပါ။ သင့်အနေနဲ့ အထွေအထူး ဖော်ပြစရာမလို တော့ပါဘူး။ အဲ့ဒီလိုမျိုး အလားတူတဲ့ အလုပ်သင် အတွေ့ အကြုံအကြောင်းတွေကို Resume မှာထည့်လည်း အပိုပါပဲ။ အလုပ်ရှင်တွေ အနေနဲ့ သင်လုပ်ခဲ့တဲ့ အလုပ်မှာ ရရှိခဲ့တဲ့ အတွေ့ အကြုံကို ပိုပြီး သိချင်ပါတယ်။
၂။ ကျောင်းတုန်းက ရခဲ့တဲ့ အမှတ်တွေ၊ ဆုတွေ၊ grade တွေကို ထည့်ပြီး မဖော်ပြသင့်ပါဘူး။
သင့်အနေနဲ့ အခုမှ လုပ်ငန်းခွင်ဝင်မယ့် fresher လေးတစ်ယောက်လည်း ဖြစ်တယ်၊ သင်ဝင်ရောက်မယ့် လုပ်ငန်းခွင်ကလည်း သင့်ရဲ့ ပညာရပ်ဆိုင်ရာထူးချွန်မှုကို ပြရမယ့် အလုပ်မျိုးဆိုလျှင်တော့ အမှတ်တွေ၊ grade တွေကို ထည့်ပြီး ဖော်ပြလို့ ရပါတယ်။ ဒါပေမယ့် သင်က လုပ်ငန်း အတွေ့ အကြုံ ရှိပြီးသားသူတစ်ယောက်ဆိုလျှင်တော့ အဲ့ဒါတွေက အပိုပါ။ ဖတ်တတ်သူ အတွက် ရီစရာတောင် ဖြစ်နေပါသေးတယ်။ ဘယ်အလုပ်ရှင်ကမှ သင် ၁၀ တန်းတုန်းက မြန်မာတစ်နိုင်ငံလုံးမှာ အဆင့် ၁ ရလာတာတို့ ၊ GCE ကို အမှတ် ဘယ်လောက်နဲ့ အောင်လာတာတို့ ကို မသိချင်ပါဘူး။ သူတို့ သိချင်တာက သင်က သူတို့ အလုပ်အတွက် ဘယ်လောက် အသုံးဝင်မယ် ဆိုတာကိုပဲ သိချင်တာပါ။
၃။ အလုပ်ခွင်ပြင်ပ အတွေ့ အကြုံများ၊ လှုပ်ရှားမှုများကိုလည်း မထည့်သင့်ပါဘူး။
သင့်အနေနဲ့ အခုမှ အလုပ်ခွင်စပြီး ၀င်မယ့်သူဆိုလျှင်တော့ ကျောင်းတုန်းက အတန်းခေါင်းဆောင်လုပ်ခဲ့တာ၊ ဘောလုံးအသင်းမှာ ပါခဲ့တာ၊ ရပ်ကွက်ထဲမှာ အရံမီးသတ်လုပ်ခဲ့တာတွေ ဖော်ပြလို့ ရပါတယ်။
ဒါပေမယ့် သင်က လုပ်ငန်းအတွေ့ အကြုံ ရှိပြီးလျှင်တော့ ဒါတွေက အရေးမကြီးတော့ပါဘူး။ ရဲရဲ ၀င့်ဝင့်သာ သင့်ရဲ့  Resume ထဲ က ဖယ်ထုတ်လိုက်ပါ။ အဲ့ဒီ ဖယ်ထုတ်လိုက်တဲ့နေရာကို သင့်မှာ ရှိတဲ့ လုပ်ငန်းအတွေ့ အကြုံတွေနဲ့ အစားထိုးလိုက်ပါ။
ဒါပေမယ့် သင်က လုပ်ငန်းအတွေ့ အကြုံ ရှိပြီးလျှင်တော့ ဒါတွေက အရေးမကြီးတော့ပါဘူး။ ရဲရဲ ၀င့်ဝင့်သာ သင့်ရဲ့  Resume ထဲ က ဖယ်ထုတ်လိုက်ပါ။ အဲ့ဒီ ဖယ်ထုတ်လိုက်တဲ့နေရာကို သင့်မှာ ရှိတဲ့ လုပ်ငန်းအတွေ့ အကြုံတွေနဲ့ အစားထိုးလိုက်ပါ။
၎။ သင်ကျောင်းတတ်နေစဉ်လုပ်ခဲ့တဲ့ အချိန်ပိုင်းအလုပ်တွေကို မထည့်ပါနဲ့ ။
ဟိုတစ်နေ့ က အလုပ်မှာ ၀န်ထမ်းနေရာ တစ်ခု ခေါ်ဖို့  အတွက် အင်တာဗျူးဝင်ပါ ဖြစ်ပါတယ်။ ၀န်ထမ်းနေရာက စီမံကိန်းအရာရှိရာထူးပါ။ လာဖြေတဲ့ သူတွေထဲမှာ အလုပ်နဲ့ သင့်တော်တဲ့သူ တစ်ယောက်ကို သတိထားမိပါတယ်။ ဒါပေမယ့် သူ့ ရဲ့  CV မှာ သဘောမကျစရာ တစ်ခု သွားတွေ့ ပါတယ်။ ဘာလဲ ဆိုတော့ သူ ပညာသင်နေစဉ်အတွင်း လုပ်တဲ့ အချိန်ပိုင်းအလုပ်တွေကို ဖော်ပြထားတာပါ။ အဲ့ဒီလုပ်ခဲ့တဲ့အလုပ်တွေနဲ့ အခု လာလျှောက်တဲ့ ရာထူးနဲ့ က လုံးဝ မသက်ဆိုင်ပါဘူး။ အဲ့ဒီလိုမျိုး မသက်ဆိုင်ဘူးဆိုလျှင်တော့ မဖော်ပြတာ ပိုပြီးကောင်းပါတယ်။
ကိုယ်လျှောက်တဲ့အလုပ်က အရောင်းတာဝန်ခံဆိုလျှင်တော့ အယင်က လုပ်ခဲ့ဖူးတဲ့ အချိန်ပိုင်း အရောင်းအတွေ့ အကြုံကို ဖော်ပြတာမျိုးကတော့ လက်ခံလို့ ရပါတယ်။
ကိုယ်လျှောက်တဲ့အလုပ်က အရောင်းတာဝန်ခံဆိုလျှင်တော့ အယင်က လုပ်ခဲ့ဖူးတဲ့ အချိန်ပိုင်း အရောင်းအတွေ့ အကြုံကို ဖော်ပြတာမျိုးကတော့ လက်ခံလို့ ရပါတယ်။
၅။ သင်ကျောင်းတုန်းက ရရှိခဲ့တဲ့ ဆုတွေ၊ အောင်မြင်မှုတွေကို မဖော်ပြသင့်ပါဘူး။
ဥပမာ ပေးရလို့ ရှိယင် ကျောင်းတုန်းက ရရှိခဲ့တဲ့ ထူးချွန်ဆုလိုမျိုး၊ပန်းချီပြိုင်ပွဲဆုလိုမျိုးတွေကို မဖော်ပြနေပါတော့နဲ့ ။ အသုံးမ၀င်ပါဘူး။
ဒါပေမယ့် ဘယ်လိုမျိုး ဆုတွေကို ဖော်ပြလို့ ရလဲ ဆိုတော့ လုပ်ငန်းခွင်မှာ ရရှိခဲ့တဲ့ ထူးချွန်ဆုလိုမျိုးကိုတော့ ဖော်ပြလို့ ရပါတယ်။ ဥပမာ အကောင်းဆုံး အရောင်းဝန်ထမ်းဆု ဆိုတာမျိုးပေါ့။
ဒါပေမယ့် ဘယ်လိုမျိုး ဆုတွေကို ဖော်ပြလို့ ရလဲ ဆိုတော့ လုပ်ငန်းခွင်မှာ ရရှိခဲ့တဲ့ ထူးချွန်ဆုလိုမျိုးကိုတော့ ဖော်ပြလို့ ရပါတယ်။ ဥပမာ အကောင်းဆုံး အရောင်းဝန်ထမ်းဆု ဆိုတာမျိုးပေါ့။
၆။ ဘွဲ့ ရခဲ့တဲ့ ရက်စွဲ အတိအကျ၊ သင်တန်းပြီးဆုံးခဲ့တဲ့ ရက်စွဲ အတိအကျတွေကို ဖော်ပြဖို့ မလိုပါဘူး။
Resume မှာ သင်ကြားတတ်မြောက်ခဲ့တဲ့ ပညာရပ်တွေကို ဖော်ပြဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ဖော်ပြရာမှာ ရခဲ့တဲ့ ရက်စွဲ အတိအကျ ဖော်ပြဖို့ မလိုပါဘူး။ ဘယ်လကနေ ဘယ်လ၊ ဘယ်နှစ်ကနေ ဘယ်နှစ်လောက်ဖော်ပြလျှင်လုံလောက်ပါပြီ။
နောက်အရေးကြီးတဲ့အချက်ကတော့ ဖော်ပြရမှာ နောက်ဆုံး၊ အနီးဆုံးအချိန်မှာပြီးခဲ့တဲ့ ပညာအရည်အချင်း၊ သင်တန်းကို စပြီးဖော်ပြပေးပါ။ ပြီးမှာ နောက်ကို အစဉ်လိုက်ဖော်ပြသွားပါ။
နောက်အရေးကြီးတဲ့အချက်ကတော့ ဖော်ပြရမှာ နောက်ဆုံး၊ အနီးဆုံးအချိန်မှာပြီးခဲ့တဲ့ ပညာအရည်အချင်း၊ သင်တန်းကို စပြီးဖော်ပြပေးပါ။ ပြီးမှာ နောက်ကို အစဉ်လိုက်ဖော်ပြသွားပါ။
၇။ References တွေကို ဖော်ပြဖို့ မလိုအပ်ပါဘူး။
သင့်ရဲ့  Resume မှာ သင့်ကို ထောက်ခံချက်ပေးမယ်သူ တွေရဲ့  list ကို အလုပ်ရှင်ဘက်က မတောင်းသေးခင်မှာ ဖော်ပြပေးဖို့ မလိုပါဘူး။ နောက်တစ်ခုကတော့ List ကို မဖော်ပြပေးမယ့် တစ်ခါတစ်ရံမှာ “ References available upon request” ဆိုပြီး ရေးထားတတ်ပါတယ်။ အဲ့ဒါကလည်း အပိုပါပဲ။ ဘာလို့ လည်းဆိုတော့ အလုပ်ရှင်ဘက်က နားလည်ထားပြီးသားပါ။ ဒီစာရေးထားထား၊ မရေးထားထား အလုပ်ရှင်ဘက်ကတောင်းဆိုလာလျှင် အလုပ်လျှောက်တဲ့သူဘက်က reference ပေးမယ့်သူတွေကို ရွေးပေးရမှာပဲလေ။ ဒါကြောင့် အထူးတလည် ဖော်ပြဖို့ ရာမလိုအပ်ပါဘူး။
၈။ ကိုယ့်ကိုကိုယ် အရမ်း အမွှန်းတင်လွန်းသော စကားလုံးမျာကို ရှောင်ပါ။
ဥပမာ hardworking, studious, outstanding ဆိုတဲ့အသုံးအလုံးတွေကို ရှောင်သင့်ပါတယ်။ သင်ကတော့ ဒီလို ရေးလိုက်ခြင်းဖြင့် သင့်ကိုယ် သင် ပရိုမိုးရှင်းလုပ်ရာရောက်တယ်လို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် recruitment survey တွေအရ recruiter တော်တော်များများဟာ အဲ့ဒီလို စာလုံးမျိုးတွေကို အမြင်ကတ်တာပါပဲ။ ဘာလို့ လည်းဆိုတော့ ဘယ်လို မှ သက်သေပြလို့ မရနိုင်တဲ့ စကားလုံးတွေပါ။ အဲ့ဒီ စာလုံးတွေ သုံးမယ့် အစား မိမိ လုပ်ခဲ့တဲ့ အတွေ့ အကြုံတွေကို အခြေခံတဲ့ ဖော်ပြချက်တွေကိုပဲ သုံးသင့်ပါတယ်။
အထက်မှာ ရေးခဲ့တဲ့ အချက် ၈ ချက်ကတော့ Resume တစ်ခု ရေးလျှင် မထည့်သင့်တဲ့ အချက်တွေပါပဲ။ ကျွန်တော်က HR person/recruiter တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် လုပ်ငန်းသဘော အရ international candidates တွေရဲ့  CV/Resume ပေါင်းမြောက်များစွာထဲကနေ ကိုယ့် project အတွက် သင့်တော်မယ့် သူကို ရွေးချယ်ရတဲ့ နေရာမှာ လက်ရှိလုပ်ကိုင်နေရပါတယ်။ တစ်နေ့ ကို CV/Resume အစောင် ၃၀ လောက်ကို အသေးစိပ်ဖတ်ရှုရတဲ့ အခါမှာ professionally မရေးထားတဲ့ CV/Resume ဆိုလျှင် ဆက်လက် ဖက်ရှုဖို့ ရာ သိပ်ပြီး စိတ်မပါတော့ပါဘူး။ နောက်ပိုင်း အကျင့်ရလာတော့ ဘယ်နေရာတွေကို အဓိက ကြည့်ရမယ် ဆိုတာကို နားလည်လာပါတယ်။ အဲ့ဒီအချိန်မှာ အဓိက ကြည့်ရမယ့် ချက်တွေ ကို မတွေ့ ပဲ အပေါ်မှာ ရေးထားတဲ့ အချက်တွေနဲ့ ပဲ ပြည့်နေတဲ့ CV/Resume မျိုးဆိုလျှင် ဆက်မကြည့်ဖြစ်တော့ပါဘူး။ တကယ့် HR professional/recruiter တွေဆိုလျှင် ဒီထက်တောင် အကဲဖြတ်တတ်ဦးမှာပါ။ဒါကြောင့်မို့ လို့ မိမိ လုပ်ချင်တဲ့ အလုပ်တစ်ခုကို မိမိရဲ့  professional မဆန်တဲ့ Resume တစ်စောင်ကြောင့် လွတ်သွားတာမျိုး မဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့  ရေးသားလိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
If you like this article, please like my page:https://www.facebook.com/formyanmaryouth
Comments
Post a Comment