သင့်ကို အောင်မြင်မှုတွေ နှင့် ဝေးကွာစေနိုင်သော အချက် ၇ ချက်
ပျင်းရိခြင်းနဲ့  အနားယူခြင်းဆိုတာ ကွာပါတယ်။ အနားယူတယ်ဆိုတာက နောက်တစ်ခု ပြန်လည် စတင်ဖို့ အတွက် အားယူတာ။ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းတာမျိုးပါ။ ပျင်းရိတယ်ဆိုတာကတော့ သင်ဘာမှ ပင်ပန်းမှု မရှိသေးခင်မှာကို အနားယူတတ်တဲ့ အကျင့်ပါပဲ။
သင်ပျင်းရိနေတဲ့ အချိန်မှာ အချိန်ကတော့ မပျင်းပါဘူး။ သူက သင့်ကို ကျော်ဖြတ်သွားမှာပါ။ ပျင်းရိသူတွေမှာ မနက်ဖြန် ဆိုတာ အမြဲ ရှိပါတယ်။ အောင်မြင်တဲံ သူတွေမှာတော့ ဒီနေ့ ဆိုတာ ကို ဦးစားပေးပါတယ်။
မနေ့ က ဆိုတာကို ပြန်လည် မရနိုင်သလို၊ မနက်ဖြန် ဆိုတာကလည်း သင့်လက်ထဲ မှာ မရှိသေးပါဘူး။ သင် လက်ရှိ ပိုင်ဆိုင်တာက ဒီနေ့ ပါပဲ။ ဒါပေမယ့် ဒီ သဘောတရားကို ပျင်းရိတဲ့ သူတွေက မေ့လျော့ နေတတ်ပါတယ်။

၂။ အဆိုးမြင်ခြင်း
လူတော်တော်များများက အဆိုးမြင်တတ်တဲ့ အကျင့်ကို တဖြည်းဖြည်း နဲ့ မွေးမြူလာတတ်ကြပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ တစ်ခုခုဆိုယင် အကောင်းဘက် ထက် အဆိုးဘက်ကို ပိုပြီး တွေး မိပါတယ်။ ဒါပေမယ့် ကြာလာယင် ဒီအကျင့်က မကောင်းဘူးဆိုတာ သိလာပါတယ်။ အရာ အားလုံးကို အဆိုးမြင်နေယင် ဘယ်အရာမှ သင့်အတွက် အဆင်ပြေတာရှိတော့ မှာ မဟုတ်ပါဘူး။ အားလုံးကို အဆိုးမြင်လိုက်တဲ့အတွက် ကြိုးစားချင်စိတ်လည်း ပျောက်သွားနိုင်ပါတယ်။ အောင်မြင်မှုနဲ့ ဝေးသွားမှာပါ။
ဒါကြောင့် အကောင်းမြင် တတ်ဖို့ ဟာ အရမ်း အရေးကြီးပါတယ်။ လူတစ်ယောက်ကို အကောင်းမြင်တဲ့ စိတ်လေးနဲ့ ကြည့်လိုက်ယင် ကိုယ်တိုင် လည်း စိတ်ချမ်းသာပါတယ်။
ဒါကြောင့် အကောင်းမြင် တတ်ဖို့ ဟာ အရမ်း အရေးကြီးပါတယ်။ လူတစ်ယောက်ကို အကောင်းမြင်တဲ့ စိတ်လေးနဲ့ ကြည့်လိုက်ယင် ကိုယ်တိုင် လည်း စိတ်ချမ်းသာပါတယ်။
၃။ ဆင်ခြေပေးတတ်ခြင်း
ဘင်ဂျမင် ဖရန့် ကလင်း က ဆိုထားပါတယ်။ ဆင်ခြေပေးရာမှာတော်တဲ့ လူတစ်ယောက်ဟာ ကျန်တဲ့ ဘယ်နေရာမှာမှ သုံးစားလို့ မရပါဘူး တဲ့။
အောင်မြင်မှု အတွက် အရေးပါတဲ့ သော့ချက်ဟာ တာဝန်ယူလို စိတ်ရှိခြင်းပါပဲ။ တာဝန်ယူစိတ်မဲ့ပြီး သူတစ်ပါးကို အပြစ်တင်လိုစိတ် ရှိတဲ့သူဟာ အောင်မြင်မှုနဲ့ ဝေးနေမှာပါ။
အောင်မြင်မှု အတွက် အရေးပါတဲ့ သော့ချက်ဟာ တာဝန်ယူလို စိတ်ရှိခြင်းပါပဲ။ တာဝန်ယူစိတ်မဲ့ပြီး သူတစ်ပါးကို အပြစ်တင်လိုစိတ် ရှိတဲ့သူဟာ အောင်မြင်မှုနဲ့ ဝေးနေမှာပါ။
၎။ ရှူံးနိမ့်သူတွေနဲ့ ပေါင်းဖက်ခြင်း
လူတစ်ယောက်နဲ့ အချိန်တော်တော် ကြာအောင် ပေါင်းလိုက်ပါက သင်ကိုယ်တိုင်လည်း အဲ့ဒီ လူ ရဲ့  စရိုက်လက္ခဏာ အတိုင်း ပြောင်းလဲ သွားနိုင်ပါတယ်။ အကယ်လို့ များ သင်နဲ့ ပေါင်းနေတဲ့သူတွေကဟာ ပျင်းရိသူတွေ၊ ရှူံးနိမ့်မှုတွေ နဲ့ ပြည့်နေသူတွေ၊ ကြိုးစားမှု မရှိသူတွေ ဖြစ်နေပါက သင်ကို ကူးစက်နိုင်ပါတယ်။ တစ်ခါ တစ်ရံမှာတော့ ဒီ အကြောင်းရင်းကို အသိရှိရှိနဲ့ ရွေးချယ်တတ်ကြပါတယ်။ ဥပမာ ကျောင်းမှာ စာမလုပ်တဲ့ သူအချင်းချင်းပေါင်း မိပြီး စာမေးပွဲတူတူကျကြတယ်။ ဒါပေမယ့် သင်ရော သင့်သူငယ်ချင်းရော ကျတဲ့အတွက် ဘာမှ မခံစားလိုက်ရဘူး။ ပျော်ပျော်ပဲပေါ့။
အခြား တစ်ဘက်မှာတော့ အောင်မြင်တဲ့သူတွေ အချင်းချင်း ပေါင်းဖက် ကြတာကို သင်တွေ့ ရမှာပါ။
အခြား တစ်ဘက်မှာတော့ အောင်မြင်တဲ့သူတွေ အချင်းချင်း ပေါင်းဖက် ကြတာကို သင်တွေ့ ရမှာပါ။
၅။ ရောင့်ရဲတတ်ခြင်း
ရှိတာနဲ့ ရောင့်ရဲ တတ်တာ ကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အောင်မြင်မှု အတွက်တော့ မဟုတ်ပါဘူး။ မိမိ လက်ရှိ အခြေအနေမှာပဲ ရောင့်ရဲ တင်းတိမ်ပြီး အောင်မြင်မှုအတွက် မကြိုးစားတော့ဘူးဆိုလျှင်တော့ သင့်ဆီကို အောင်မြင်မှုက ရောက်ရှိလာတော့မှာ မဟုတ်ပါဘူး။
၆။ မျှော်လင့်ချက်၊ ရည်မှန်းချက်မထားခြင်း
လူဆိုတာ ရည်မှန်းချက်နဲ့ အသက်ရှင်နေတာပါ။ ရည်မှန်းချက်၊ မျှော်မှန်းချက်ထားလျှင် စိတ်ပင်ပန်း လူပင်ပန်းတတ်ပါတယ်။ ဒါပေမယ့် ဒါဟာ သင့်ကို အောင်မြင်မှု ဆီကို ဆွဲခေါ်နေတာပါ။
Zig Ziglar က ဆိုထားပါတယ်။ သင့်ဟာ အောင်မြင်ဖို့ မွေးဖွားလာတာပါ။ ဒါပေမယ့် အောင်မြင်သူဖြစ်ဖို့ အတွက် သင် မှာ အစီအစဉ် ရှိရမယ်၊ ပြင်ဆင်မှု ရှိရမယ်၊ မျှော်လင့်မှု ရှိရပါမယ် တဲ့။

၇။ လေ့လာမှု၊ သင်ယူမှု မရှိခြင်း
လေ့လာ၊ သင်ယူရတာ က ပင်ပန်းပါတယ်။ ဒါပေမယ့် အောင်မြင်မှုအတွက်တော့ လေ့လာ သင်ယူမှုတွေဟာ ဘ၀ တစ်လျှောက်လုပ်နေရမှာပါ။ အမြဲတမ်း လေ့လာ မသင်ယူနိုင်လျှင်တောင် စာတော့ ဖတ်ဖို့ လိုအပ်ပါတယ်။
ဒီ ၇ ချက်ကတော့ သင့်ကို အောင်မြင်မှု ပန်းတိုင်နဲ့ အဝေးကို ရောက်အောင် လုပ်ဆောင်နိုင်တဲ့ အချက်တွေပါ။ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ပြန်လည် သတိချပ် နိုင်ဖို့ ရာ ရေးသားလိုက်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Comments
Post a Comment