Warren Buffet အသက် (၁၆) နှစ်မတိုင်မီ ဒေါ်လာ ၅၃,၀၀၀ ကို ဘယ်လို နည်းနဲ့ ရှာခဲ့သလဲ။
Warren Buffet ကိုတော့
အားလုံး သိပြီးသားဖြစ်မှာပါ။ ကျွန်တော်လည်း အယင်တစ်ခါ က သူ့ ရဲ့ ဆုံးမစကားတွေ အကြောင်းရေးဖူးပါသေးတယ်။
ဒီတစ်ခါတော့ သူ့ အနေနဲ့  အသက် (၁၆) နှစ်မတိုင်ခင်မှာ ဒေါ်လာ ၅၃,၀၀၀ ကို ဘယ်လို
ရှာဖွေ စုဆောင်းခဲ့သလဲဆိုတာကို ရေးချင်ပါတယ်။ စာဖတ်သူတွေရဲ့  ကလေးငယ်တွေကိုလည်း ပေးဖတ်ဖို့ ရာ
သင့်တော်ပါတယ်။
၁။ Warren Buffett ဟာ
သူ့ အသက် ၆ နှစ်အရွယ်မှာ ပထမဦးဆုံး စတင် ရောင်းဝယ်ဖောက်ကားမှုပြုခဲ့ပါတယ်။ ဘာကို
ရောင်းခဲ့သလဲ ဆိုတော့ ပီကေထုပ်လေးတွေပါ။ အဲ့ဒီနောက်တော့ ကိုကာကိုလာ ဘူးတွေကို လည်း
ရောင်းခဲ့ပါတယ်။
၂။ အဲ့ဒီနောက်တော့
လူငယ်တော်တော်များများ လုပ်လေ့ လုပ်ထ ရှိတဲ့ သီတင်းစာ ပို့ တဲ့အလုပ်ကို
လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခြား လူငယ်တွေနဲ့ မတူတဲ့ သီတင်းစာ ပို့ ပုံ ပို
့နည်းကို သူ လုပ်ခဲ့ပါတယ်။ အခြားသူတွေကတော့ သီတင်းစာတိုက် တစ်ခုရဲ့ သီတင်းစာ တစ်ခုတည်းကို ပဲ လမ်းကြောင်း
တစ်ခုကနေ ပို့ ကြပါတယ်။ Buffet ကတော့ ပြိုင်ဆိုင်မှု ကြီးမားတဲ့ သီတင်းစာ
နှစ်စောင်ကို တာဝန်ယူပြီး လမ်းကြောင်း သုံးခု ကနေ လှည့်ပတ်ပို့ ခဲ့တယ်လို
့ဆိုပါတယ်။ အဲ့ဒီအတွက် အခြားသူတွေထက် ၃ ဆလောက်ကို ပိုပြီး ၀င်ငွေရခဲ့ပါတယ်။
၃။ သူ နဲ့ သူ
့သူငယ်ချင်း Stu Erickson တို့ နှစ်ယောက် ဂေါက်သီးဟောင်းတွေလည်း
ရောင်းခဲ့ပါသေးတယ်။ ဂေါက်သမားတွေ ရိုက်လိုက်လို့ ပျောက်သွားတဲ့ ဂေါက်သီးတွေကို
ကောက်ရတဲ့ သူတွေဆီက လိုက်ဝယ်၊ သန့် ရှင်းရေးလုပ်ပြီး ဂေါက်သမားတွေကို ပြန်လည်
ရောင်းချခဲ့ပါတယ်။ အဲ့လိုရောင်းချတာကို ရဲတွေ ၀င်ရှုပ်လို့ ပြဿနာ တက်ခဲ့ပါသေးတယ်။
ဒါပေမယ့် သူ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူအားပေးတဲ့ မိဘတွေရဲ့ ကူညီမှုနဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
၎။
“မြေပဲ…ပေါက်ပေါက်….တစ်ထုပ် ၅ ကျပ်… တစ်ထုပ် ၅ ကျပ်…. ပွဲနားတုန်း ခဏ
အားပေးကြပါဦး” ဆိုပြီး University of Omaha Stadium မှာ မြေပဲ နဲ့ ပေါက်ပေါက်ကို
လိုက်လံရောင်းချခဲ့ပါသေးတယ်။
၅။ တံဆိပ်ခေါင်းတွေကို
လိုက်စုပြီး တံဆိပ်ခေါင်း စုစည်းတဲ့ သူတွေထံလည်း ရောင်းခဲ့ပါသေးတယ်။ Buffett’s
approval Service ဆိုပြီးတောင် နာမည်ပေး ပြီး အဲ့ဒီ စီးပွားရေးကို
လုပ်ခဲ့ပါသေးတယ်။
၆။ Buffet ဟာ ပျက်နေတဲ့
Pinball Machine တစ်ခုကို ၂၅ ဒေါ်လာနဲ့ ဝယ်လိုက်ပါတယ်။ ပြီးတော့ သူ့ သူငယ်ချင်း Don
Danly ရဲ့ အကူအညီနဲ့ ပြင်လိုက်ပါတယ်။
အဲ့ဒီနောက်တော့ သူတို့ နှစ်ယောက်ပေါင်းပြီး Wilson’s Coin-operated machine company
ကို ထောင်လိုက်ကြတယ်။ သူတို့ ညှပ်နေကြ ဆံပင် ညှပ်ဆိုင်ပိုင်ရှင်နဲ့ ညှိပြီး အဲ့ဒီ
ဆံပင် ညှပ်ဆိုင်မှာ Pinball Machine ကို ထားလိုက်ပါတယ်။ Pinball Machine က
ဝင်ငွေကို ဆိုင်ပိုင်ရှင်နဲ့ တစ်ယောက် တစ်ဝက် ခွဲယူဖို့ သဘောတူလိုက်တယ်။ ပထမဆုံးနေ
့မှာပဲ ဒေါ်လာ ၄ ဒေါ်လာ ရလိုက်ကြတယ်။ တစ်ပတ်အကြာမှာတော့ နောက်ထပ် Pinball Machines
တွေ ၀ယ်နိုင်လောက်တဲ့ ၀င်ငွေတွေ ရလာတယ်။ ဒါနဲ့ သူတို့ ထပ်ဝယ်ပြီး အခြား ဆံပင်ညှပ်ဆိုင်တွေမှာပါ လိုက်ထားလိုက်ကြတာ သူ
မဲပေးဖို့ အသက်မပြည့်ခင်မှာ သူတို့ နေထိုင်တဲ့ ဒေသအတွင်းက ဆံပင်ညှပ်ဆိုင်တွေ
အားလုံးမှာ သူတို့ ရဲ့  Pinball Machines
တွေ တပ်ဆင်ပြီးသားဖြစ်နေပါပြီ။
ဒါတွေကတော့
Warran Buffet အနေနဲ့ အသက် (၁၆) နှစ်မတိုင်ခင် ဒေါ်လာ ၅၃,၀၀၀ ကို ရှာဖွေခဲ့ပုံတွေပါပဲ။
အဲ့ဒီလို နဲ့ စခဲ့တဲ့ Warren Buffet ဟာ ယခု အခါမှာတော့ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး သူဌေးကြီး
ဖြစ်လို့ နေပါပြီ။
ကျွန်တော်တို
့မြန်မာလူငယ်တွေကော အသက် (၁၆) နှစ်မတိုင်ခင်မှာ ပိုက်ဆံ ရှာနိုင်ကြပြီလား။ ကျွန်တော်
ကတော့ အသက် (၁၆) နှစ်မပြောနဲ့ အသက် ၂၂ နှစ်လောက်ထိ မိဘ ပိုက်ဆံသုံးကောင်းခဲ့တုန်းပါပဲ။
တက္ကသိုလ်ပြီးခါနီးကျမှ သာ ဂိုက်သင်ယင်းနဲ့ ကိုယ်ပိုင် ပိုက်ဆံကို စတင် ရှာဖွေနိုင်ခဲ့ပါတယ်။
ဒါတောင် မိဘကို မှီခိုနေတုန်းပါပဲ။ အချို့ မြန်မာလူငယ်တွေ ရှိပါတယ်။ ငယ်စဉ်အချိန်မှာကို
ကိုယ့် အစွမ်းအစနဲ့ ကိုယ်ပိုင် ပိုက်ဆံ ရှာဖွေနိုင်နေပါပြီ။ ဒါပေမယ့် လူငယ်အများစုကတော့
မိဘပိုက်ဆံသုံးလို့ ကောင်းနေတုန်းပါပဲ။ ဆင်ခြေတွေကတော့ ပေးလို့ ရပါတယ်။ သူတို့ နိုင်ငံတွေမှာလို
အခြေအနေမပေးလို့ …လူငယ်တွေနဲ့ သင့်တော်တဲ့ အလုပ်အကိုင်မရှိလို့  ဆိုပြီး ဆင်ခြေတော့
ပေးလို့ ရပါတယ်။ ဒါပေမယ့် တကယ်တမ်းကတော့ ခံယူချက်လို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
အဲ့ဒီ အချိန်မှာ ခံယူချက်မကောင်းခဲ့ပါဘူး။ မိဘရှိယင် ငွေရှိပြီးဆိုတဲ့ ခံယူချက်ကို
စွဲကိုင်ခဲ့တာကိုး။ အခုခေတ်လူငယ်တွေအတွက်က ပိုပြီး အခွင့်အရေးတွေ များလာပါပြီ။
Technology ကို အသုံးပြုပြီးလည်း ၀င်ငွေ ရှာလို့ ရနိုင်တဲ့အခွင့်အရေးတွေလည်းများလာပါပြီ။
ပညာရပ်တစ်ခုကို ကျွမ်းကျင်ယင် အဲ့ဒီ ပညာရပ်နဲ့ ဝင်ငွေရှာနိုင်မယ့် အခွင့်အရေးတွေလည်း
များလာတာတွေ့ နေရပါပြီ။ ဒါကြောင့် လူငယ်တွေကို Warren Buffet ကို နမူနာယူပြီး ပညာလည်းသင်
အဲ့ဒီ ပညာနဲ့ လည်း ကိုယ်ပိုင် ၀င်ငွေရအောင် ကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။
အားလုံးကို
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း
(Prospect Myanmar)
Comments
Post a Comment