အင်တာဗျူးများတွင် မမေးသင့်သော မေးခွန်းများ
အင်တာဗျူး ၀င်ဖူးတဲ့ သူတော်တော်များများကြုံဖူးမှာပါ။ အချို့ မေးခွန်းတွေဆိုယင် အင်တာဗျူးတိုင်းလိုလို မှာပါတတ်ပါတယ်။ ဥပမာ သင်ရဲ့  အားနဲချက် ၃ ချက်နဲ့ အားသာချက် ၃ ချက်ကို ပြောပြပေးပါ ဆိုတာမျိုးပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အင်တာဗျူးတော်တော်များများမှာ အဲ့ဒီ မေးခွန်းမျိုးမေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ HR နဲ့ recruitment specialist တော်တော်များများက အချို့ မေးခွန်းတွေဟာ အင်တာဗျူးတွေမှာ မမေးသင့်တဲ့ မေးခွန်းတွေ၊ အကျိုးမရှိတဲ့ မေးခွန်းတွေ အဖြစ် ယူဆလာကြပါတယ်။ ဒီနေ့ ရေးမှာကတော့ ဘယ်လို မေးခွန်းတွေဟာ မမေးသင့်တော့ဘူးလဲ ဆိုတာကို ရေးချင်ပါတယ်။ (မှတ်ချက်။ ။ အခု ရေးမယ့်အကြောင်းက အင်တာဗျူးမယ့်သူတွေ၊ အလုပ်ရှင်တွေ အတွက်လို့ ထင်ရပေမယ့် အင်တာဗျူး ၀င်ရမယ့် သူတွေ အတွက်လည်း သိထားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်သွားလျှောက်မယ့် အလုပ်က အရမ်းကို international ဆန်ပြီး မေးမယ့်သူက တကယ့် ကျွမ်းကျင်တဲ့ HR သမား ဖြစ်နေယင်တော့ ဒီလို မေးခွန်းမျိုးတွေကို မေးချင်မှ မေးတော့မှာပါ၊ ဒါပေမယ့် လက်ရှိအနေအထားအရတော့ အတိုင်းအတာတစ်ခု အထိ ဒီလို မေးခွန်းတွေ ကြုံတွေ ရဦးမှာပါ)
Company တစ်ခု က အလုပ်ခေါ်တယ်ဆိုတာဟာ
တကယ်လို အပ်လို့ ခေါ်တာများပါတယ်။ ပိုက်ဆံပိုနေလို့ ၊ လူများအောင်လို့ ခေါ်တာ
ရှားမှာပါ။ တကယ်လိုအပ်လို့ ခေါ်တာ ဖြစ်တဲ့အတွက် တကယ် အရည်အချင်း ရှိပြီး
တကယ်သင့်တော်တဲ့ သူကို ရွေးချယ်ခန့် ထားနိုင်ဖို့ ရာ အရေးကြီးပါတယ်။ အဲ့ဒီအတွက်
အင်တာဗျူးလုပ်တဲ့အခါမှာ တကယ်သင့်တော်တဲ့ သူကို ရွေးချယ်နိုင်ဖို့ ရာ
အချိန်တိုအတွင်း အကဲဖြတ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့ဒီအတွက် ကိုယ်မေးမယ့်
မေးခွန်းက candidates တွေထဲ က မှ အသင့်တော်ဆုံး candidates ကို ရွေးချယ်နိုင်မယ့်
မေးခွန်းမျိုး ဖြစ်ဖို့ လိုပါတယ်။
ပထမဆုံး အမေးများတဲ
့မေးခွန်းတစ်ခုကတော့ attitude နဲ့ ဆိုင်တဲ့ မေးခွန်းပါပဲ။ လူတစ်ယောက် ရဲ့  attitude ကောင်းမကောင်းကို သိချင်လို
့မေးကြတာများပါတယ်။ ဒါပေမယ့် ဒီမေးခွန်းဟာ တော်တော်ကို ခေတ်စားပြီး
လူသိများနေပါပြီ။ အင်တာဗျူး ဖြေမည့်သူတိုင်း ဒီမေးခွန်းအတွက် အဖြေက ပြင်ဆင်ပြီးသား
ဖြစ်တာများပါတယ်။ ဘယ်လိုမေးခွန်းမျိုးလဲဆိုတော့ “မင်းအကြောင်း ပြောပြပါဦး”
ဆိုတာမျိုး “မင်းရဲ့ အားသာချက် ၃ ချက်”
ကို ပြောပြပါ ဆိုတာမျိုးတွေပါ။ ဒီမေးခွန်းအတွက် candidates တော်တော်များများက
ပြင်ဆင်ထားပြီးသားပါ။ ဒီမေးခွန်းကို မေးလိုက်လို့ ရလာတဲ့ အဖြေက အင်တာဗျူးမေးတဲ့သူ ကို
အကောင်းဆုံး candidate ရရှိအောင် အထောက်အပံ့ပြုနိုင်ဖို့ ရာ အလွန်ခဲယဉ်းပါတယ်။
(မှတ်ချက်။ ။
မိတ်ဆက်တဲ့ အနေနဲ့ သင့်အကြောင်းပြောပြ ပါဦး ဆိုတာနဲ့ တော့ စလို့ ရပါတယ်)
နောက်မေးခွန်းတစ်ခုကတော့
အမူအကျင့်နဲ့ ပက်သက်ပြီး မေးတဲ့ မေးခွန်းမျိုးပါ။ company တော်တော်များများ အဲ့ဒီ
မေးခွန်းကို မှားယွင်းစွာမေးတတ်ကြပါတယ်။
“မင်းအနေနဲ့ မင်း
project မှာ အခက်အခဲကြုံတဲ့အခါမှာ ဘယ်လို စီမံခန့် ခွဲလဲ ဆိုတာကို
ပြောပြပေးနိုင်မလား” ဒီမေးခွန်းကို သေချာကြည့်လိုက်ယင် အဖြေကို ဦးတည်နေပါပြီ။
ပြီးတော့ကာ မေးတဲ့သူဘက်က ဒီ candidate ကတော့ project ကို manage လုပ်ဖူးမယ်၊
အခက်အခဲကြုံဖူးမယ်။ အခက်အခဲကို စီမံ ဖူးမယ် ဆိုတာကို တွေးထားပြီးသား
ဖြစ်နေသလိုပါပဲ။ ပြီးတော့ သူ ဘယ်လို စီမံခဲ့တယ်ဆိုတာကို ကြားချင်နေတာသိသာလှပါတယ်။
အဲ့လို မေးခွန်းမျိုးမေးမယ့်အစား အောက်ပါ မေးခွန်းလိုမျိုး ပြောင်းမေးသင့်ပါတယ်။
“မင်းအနေနဲ
့မင်းရဲ့  project မှာ အခက်အခဲ
ပေါ်တော့မယ်၊ ဆုံးရှုံးမှုတွေ ပေါ်တော့မယ်ဆိုတာ ဘယ်အချိန်မှာ စတင်သိနိုင်မလဲ။ ဘယ်လို
မျိုး သိနိုင်မလဲ”
ဒီလို
မေးလိုက်ခြင်းဖြင့် candidate ရဲ
့စဉ်းစားနိုင်စွမ်းကို လေ့လာနိုင်ပါတယ်။ logical ကျကျ စဉ်းစားတတ်ရဲ့ လားဆိုတာကို သိနိုင်ပါတယ်။
နောက်မေးခွန်းတစ်ခုကတော့
သီအိုရီ အရမ်းဆန်တဲ့ မေးခွန်းမျိုးပါ၊ ဥပမာ “သင့်ရဲ့  leadership style က
ဘယ်လိုမျိုးလဲဆိုတာမျိုးပေါ့။” အဲဒီ လို မျိုးမေးလိုက်ယင် candidate က leadership
theory တွေ ရွတ်ပြပါလိမ့်မယ်။ အဲ့ဒီ ရွတ်တာတွေကနေ တဆင့် သူရဲ့  တကယ့် leadership style ကို ဘယ်လို မှ
မသိရှိနိုင်ပါဘူး။ အဲ့ဒီလို သီအိုရီ ဆန်တဲ့ မေးခွန်းတွေအစား “ မင်းအနေနဲ
့မင်းရဲ့  team ကို အောင်အောင် မြင်မြင်
ဦးဆောင်နိုင်ခဲ့တဲ့  ဥပမာ ရှိလား၊ ရှိယင် ပြောပြပါ” ဆိုပြီး မေးသင့်ပါတယ်။
အဲ့ဒီအခါမှာ သူရဲ့  Leadership style ကို
ခန့် မှန်းနိုင်မယ်။ (လိမ်ပြီး ပုံပြင် တစ်ခု ဖန်တီးပြီး ပြောတာ ဖြစ်ယင်
ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သီအိုရီ ကို ရွတ်ခိုင်းတာထက် စာယင်တော့ ပိုပြီး ခန်
့မှန်းရလွယ်မှာပါ)
နောက်မေးခွန်းတစ်ခုကတော့
တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့ မေးခွန်းပါ။ တော်တော်များများကတော့
ဖြတ်ထိုးဥာဏ်ကို စမ်းသပ်ဖို့ မေးတာလို
့ပြောပါတယ်။ အဲ့ဒီမေးခွန်းမေးလိုက်လို့ candidate ကို ဘယ်လို မှ အကဲ
မဖြတ်နိုင်ပါ။ ဘယ်လို မေးခွန်းမျိုးလဲဆိုတော့ “ မင်းအနေနဲ့ တိရိစ္ဆာန်
တစ်ကောင်ဖြစ်ရမယ်ဆိုယင် ဘယ်လို တိရိစ္ဆာန် ဖြစ်ချင်လဲ”…. ခြင်္သေ့ဖြစ်ချင်တယ်လို
့ဖြေလို့ ဒီ candidate ဟာ ရဲ ရင့်မှာပဲလို့ မယူဆနိုင်ပါ။ ဇီးကွက်ဖြစ်ချင်တယ်ဆိုလို
့ဒီ candidate ဟာ ဥာဏ်ရှိမယ့် သူပဲလို့ မယူဆနိုင်ပါ။
အပေါ်မှာ ဖော်ပြခဲ့တဲ့
မေးခွန်းတွေကတော့ အင်တာဗျူးတဲ့သူတွေ အနေနဲ့ ရှောင်ကြဉ်သင့်တဲ့၊ မမေးသင့်တော့တဲ့
မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ဒါဆို ဘယ်လို မေးခွန်းတွေကို မေးမှာလဲ။ မေးရမယ့်
မေးခွန်းတွေကတော့ candidates အများကြီးထဲက အသင့်တော်ဆုံး ဖြစ်မယ့် candidate ကို
ရွေးထုတ်ပေးနိုင်မယ့် မေးခွန်းမျိုး မေးရပါမယ်။ ခန့် အပ်မယ့် အလုပ်အတွက်လိုအပ်တဲ့
အရည်အချင်း ကို ဖော်ထုတ်နိုင်မယ့် မေးခွန်းမျိုး၊ attitude၊ behavior ကို
သိချင်တယ်ဆိုယင်လည်း သေချာ အသေးစိပ် သိရှိခွဲခြားနိုင်မယ့် မေးခွန်းမျိုးတွေကို
မေးသင့်ပါတယ်။
(အလုပ်လျှောက်မယ့်
သူတွေ အနေနဲ့ လည်း အထက် မှာ ဖော်ပြခဲ့တဲ့ မေးခွန်းတွေကို ဖတ်ရှုပြီး
ပုံမှန်မေးနေကြမေးခွန်းအတွက် အဖြေကော၊ ပြောင်းလဲလာတဲ့ Interview မေးခွန်းတွေအရ
ပုံမှန်က သွေဖီပြီး မေးလာနိုင်တဲ့ မေးခွန်းတွေ အတွက် အဖြေတွေကို ပါ
လေ့လာသိရှိနိုင်ပါတယ်)
အားလုံးကို
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect
Myanmar)
Comments
Post a Comment