သင့်မှာ အသုံးစရိတ် ပိုက်ဆံ နည်းနေတဲ့ အချိန် (လကုန်ရက်နီးလာသည့် အချိန်) မှာ လုပ်သင့်တဲ့ အချက်များ (Activites for when you are low on Budget)
သင်္ကြန်မှာ
လည်ပတ် ပြီး ရေကစားလိုက်လို့ ပဲ ဖြစ်ဖြစ်၊ ခရီး ရှည်ကြီး ထွက်လိုက်လို့ ပဲ ဖြစ်ဖြစ်
ဒီလ အတွက်တော့ Budget က ထိလောက်ပြီ။ အဲ့ဒါအပြင် သင်္ကြန် နှစ်ကူးမှာ လူကြီးတွေ ကို ကန်တော့
ရတာကလည်း ရှိသေးတယ်။ အဲ့ဒီတော့ April လကတော့ လစာ လောက်ဖို့ နေနေသာသာ စုထားတဲ့တည်း က
ပြန်မထုတ်ရယင် ကံကောင်း၊ လိုက်ပြီး ချေးငှားရပြီ ဆိုယင်တော့ ပြောဖွယ်ရာမရှိတော့ပေ။
ဒါဆိုယင် နောက်လ လစာ မရခင် ကျန်တဲ့ ရက်ကလေးတွေကို ဘယ်လို ဖြတ်ကျော်ကြမလဲ။ မစားမသောက်
မလှုပ်မယှက်နေလို့ လည်း မဖြစ်နိုင်ပါ။ မိမိ တစ်ယောက်တည်းဆိုယင် တော်ပါသေးတယ်။ မိသားစုတွေ
ရှိလာလျှင်တော့ သူတို့ ကိုလည်း မစားကြနဲ့ ၊ မသောက်ကြနဲ့ ၊ ဘာမှ မလုပ်ကြနဲ့ လို့ ပြောလို
့မရပေ။ ဒါဆို ဘယ်လိုနည်းနဲ့ ကျော်ဖြတ်ကြမလဲ။ ပျော်စရာလေးလည်း ဖြစ်၊ ပိုက်ဆံ လည်း ကုန်ကျမှု
မများပဲ အချိန်ကုန်ကျော်ဖြတ်နည်း များကို အောက်မှာ
ရေးလိုက်ပါတယ်။
(မှတ်ချက်။
။ အချက်အားလုံးသည် လူတိုင်းအတွက်တော့ အသုံးဝင် ချင်မှ အသုံးဝင်ပေမည်။ နေရာ ဒေသပေါ်လိုက်ပြီးလည်း
ကွာခြားမှု ရှိနိုင်ပါတယ်)။
၁။
DVD ခွေအရောင်းဆိုင် ကို သွားပြီး ခွေတွေ ၀ယ်မယ့် အစား သင့်မှာ ရှိတဲ့ ရုပ်ရှင်DVD
အဟောင်းများကို ပြည်လည် မွှေနှောက်ပါ။ သင် မေ့နေလောက်ပြီး ဖြစ်တဲ့ဇာတ်ကားကောင်းများ
ပြန်လည် တွေ့ ရှိပြီး ကြည့်ရှုနိုင်ပါတယ်။ ကံကောင်းလျှင် ၀ယ်ထားပြီး မကြည့်ရသေးတဲ့
ဇာတ်ကားများ တောင်တွေ့ ရှိနိုင်ပါသေးတယ်။
၂။
သင့်၏ ကားကို ကိုယ်တိုင် ရေးဆေးကြောပါ။ ဆိုင်မှာ သွားမဆေးပါနဲ့ ။ ကိုယ်လက်လှုပ်ရှားမှုလည်း
ဖြစ်ပါတယ်။ အချိန်လည်း အကုန်မြန်ပါလိမ့်မယ်။ ပိုက်ဆံလည်း မကုန်တော့ပါဘူး။
၃။
လမ်းလျှောက်နိုင်တဲ့အကွာအဝေးမျိုး သွားစရာ ရှိလျှင် လမ်းလျှောက်လိုက်ပါ။ ယခင် ကားနှင့်သွားနေလို
့သတိမထားမိလိုက်တဲ့ အရာလေးတွေကို လမ်းတစ်လျှောက်တွေ့ နိုင်ပါတယ်။ အဲ့ဒီအခါမှ အသစ်အဆန်း
အနေနဲ့ ခံစားရနိုင်ပါတယ်။ သင့်ရဲ့ ချစ်သူ၊
အိမ်ထောင်ဖက်နဲ့ လည်း တူတူလျှောက်နိုင်ပါတယ်။
၎။
အိမ်မှာပဲ ခေါက်ဆွဲပြုတ်နည်းပြိုင်ကြပါ။ မိသားစု ၀င်တွေနဲ့ အပြင်ထွက်ပြီး စားမယ့် အစား
အိမ်မှာပဲ ဘယ်သူ ခေါက်ဆွဲပြုတ်တာ အတော်ဆုံးလဲ ဆိုပြီး ပြိုင်ပွဲလေးလုပ်လိုက်ပါ။ ခေါက်ဆွဲပြုတ်
ကျွမ်းကျင်သူများ ပေါ်ထွက်လာပါလိ့မ်မည်။
၅။
သင့်ရဲ့ အ၀တ်အစားဗီဒို ကို ရှင်းလင်းပါ။ သင်မေ့လျော
့နေတဲ့ သင့်ရဲ့ အ၀တ်အစား၊ အဆင်တန်ဆာများကို
ပြန်လည် တွေ့ ရှိပြီး ပျော်ရွှင်မှုရပါလိ့မ်မည်။
၆။
တစ်ခါတစ်ရံ ဘာမှ မလုပ်ပဲနေတာက သင့်ကို ပျော်ရွှင်မှု ပိုပြီး ပေးစွမ်းနိုင်ပါလိမ့်မည်။
အဲ့ဒီအတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ပါ။
၇။
ကလေးတွေက ပျော်စရာ တစ်ခုခု ပူဆာနေပြီးဆိုလျှင်တော့ Monopoly လို game မျိုး၊ မိသားစု
အားလုံး ကစားရတဲ့ game မျိုးကို သူတို့ နဲ့ တူတူ ကစားလိုက်ပါ။ အပြင်ထွက်ဖို့ ပူဆာနေတာ
ရပ်သွားနိုင်ပါတယ်။
၈။
အဲ့ဒီလိုမှ မဟုတ်ပဲ အပြင်ကို မဖြစ်မနေ ပို့ ရတော့မယ်ဆိုယင်တော့ ၀င်ကြေးမြင့်ပြီး ဘာလုပ်လုပ်
ပိုက်ဆံပေးရတဲ့ ကစားကွင်းနဲ့  လွတ်လွတ်လပ်လပ် ပြေးလွှားကစားနိုင်တဲ့ ပန်းခြံဘာကို ရွေးမလဲ။
သင့်မှာတော့ သူတို့ နဲ့ အတူလိုက်ပြေးပြီး ကစားနိုင်ဖို့ အသင့်ပြင်ထားရပါမယ်။
၉။
ကလေးတွေနဲ့ တင်မဟုတ်ပါဘူး။ မိမိရဲ့ အိမ်ထောင်ဖက်နဲ
့လည်း ဈေးဝယ်ထွက်မယ့် အစား၊ ဈေးများတဲ့ စားသောက်ဆိုင်မှာ တက်စားမယ့် အစား ပန်းခြံတည်းမှာ
လမ်းတူတူလျှောက်ပြီး သဘာဝကို ခံစားနိုင်ပါသေးတယ်။
၁၀။
ဟင်းသီးဟင်းရွက်များကို စိုက်ခင်း အရောက် သွားဝယ်ပါ။ (ရန်ကုန်လို မြို့ ကြီးတွေမှာတော့မလွယ်ပါ)။
ကျွန်တော့် အမေကတော့ ပြင်ဦးလွင်ရောက်ကတည်းက ကျွန်တော့် အဖေကို မိုးကြိုးပစ်ရွာက စိုက်ခင်းတွေ
ဆီကို ပဲ ခဏခဏ ပို့ ခိုင်းပါတယ်။ ၃၀၀၀ ဖိုးလောက်ဆိုယင်ကို ကားအပြည့် ဟင်းသီးဟင်းရွက်တွေ
ဝယ်နိုင်ပြီး အရမ်းလည်း လတ်ဆတ်လို့ ပါ။
၁၁။
မြန်မာတွေ အတွက်တော့ free tours ဆိုတာမျိုး မတွေ့ ဖူးသေးပါ။ နိုင်ငံခြားသားတွေအတွက်တော့
စတင်ခေတ်စားနေပါပြီ။ စနေနေ့ ညနေ ၃ နာရီလောက်ဆိုယင် ဆူးလေပန်းခြံနားမှာ နိုင်ငံခြားသားတွေ
စုကြပါတယ်။ ပြီးယင် ရန်ကုန် မြို့ တွင်း လမ်းလျှောက် free tour ဆိုပြီး ထွက်ကြပါတယ်။
ကျွန်တော့် ရုံးက volunteer တွေကို ဆိုယင် ရုံးပိုက်ဆံ
အကုန်ခံပြီး Yangon tour လိုက်မပြတော့ပါဘူး။ အဲ့ဒီ free tour ထဲ ကို ပဲ
ထည့်ပေးလိုက်ပါတယ်။
၁၂။ ပိုက်ဆံနည်းနေပေမယ့် အရမ်းကို
ပျော်ချင်တယ်ဆိုတဲ့သူတွေအတွက်ကတော့ စနေနေ့ ညလိုမျိုး သူငယ်ချင်းတွေ တူတူသောက်မယ့်
အစား Happy Hour အချိန်မျိုးမှာ ချိန်းပြီး သောက်သင့်ပါတယ်။ ဈေးနည်းနည်း
သက်သာတာပေါ့။
၁၃။ သင့်ရဲ့ မိသားစု ၀င်များက လကုန်ခါနီး ပိတ်ရက်မှာ
ခရီးသွားဖို့ နားပူနားဆာလုပ်နေယင်တော့ ဟိုတယ်တွေမှာနေရမယ့် ခရီးအစား camp
ခရီးသာထွက်လိုက်ပါ။ (မြန်မာမှာတော့ သိပ်ပြီး ခေတ်မစားသေးပါဘူး။
ထိုင်းမှာတောင်တော်တော် ခေတ်စားနေပါပြီ။ ပိတ်ရက်ဆိုယင် မိသားစုလိုက် camp ထွက်တာပါ။
အနီးအနားမှာ ရှိတဲ့ national park လိုမျိုး၊ တောင်စခန်းသာလိုမျိုး ကို သွား၊ Camp
တဲထိုးပြီး မိသားစုလိုက်ချက်ပြုတ်စားသောက်ကြတာပါ။ ဟိုရောက်ယင် မိမိတစ်ဖွဲ
့တည်းမဟုတ်ဘူးဆိုတာ သိပါလိမ့်မယ်။)
၁၄။
အဟောင်းများကို ထုတ်ရောင်းလိုက်ပါ။ ကျွန်တော် တစ်ခါရေးဖူးပါတယ်။ ပစ္စည်း အဟောင်းကို
ဝယ်သုံးတဲ့ အကြောင်းပါ။ သင်ကလည်း မလိုတော့တဲ့ အဟောင်းတွေ ပြန်ရောင်းလို့ ရပါတယ်။
၁၅။
သင့်ရဲ့ အိမ်ထောင်ဖက်က shopping သွားချင်သပဆိုယင်တော့
ပို့ ပေးလိုက်ပါ။ ဒါပေမယ့် သေချာ သတိပေးထားလိုက်ပါ။ ဒါက window shopping ဆိုတာကို။
ကြိုက်တဲ့ ပစ္စည်းလေးတွေ တွေ့ ယင် မှတ်ခိုင်းထားလိုက်ပါ။ နောက်လ လစာရမှ ပြန်လာပြီး ၀ယ်ပေးလိုက်ပါ။
ဘာပဲပြောပြော window shopping နဲ့ တင်ကျေနပ်ပါလိမ့်မယ်။
၁၆။
အိမ်မှာပဲ ထူးထူးဆန်းဆန်း ဟင်းလျားလေးတွေ ချက်စားကြည့်ပါ။ စားသောက်ဆိုင်သွားပြီး စားတာထက်တော့
သက်သာပါလိမ့်မယ်။
၁၇။
စာအုပ်စင်ကို မွှေနှောက်ပါ။ ဖတ်စရာ တစ်ခုခု ထွက်လာပါလိမ့်မယ်။
၁၈။
သီချင်းနားထောင်ပါ။
၁၉။
ရေကို စိမ်ပြေနပြေချိုးလိုက်ပါ။
၂၀။
မိမိ ဖုန်းထဲကို free ရတဲ့ software လေးတွေ download လုပ်ပြီး ကလိကြည့်ပါ။ စိတ်ပျော်ရွှင်မှုကို
ပေးစွမ်းနိုင်ပါတယ်။
၂၁။
အချို့ သော ဈေးဝယ် စင်တာတွေမှာ ပိတ်ရက်လိုမျိုးတွေမှာ လူအ၀ယ်များတဲ့ အိမ်သုံးပစ္စည်းတွေကို
ဈေးချပေးတတ်ပါတယ်။
၂၂။
အိမ်မှာပဲ အလှပြင်ပါ။ ခေါင်းလျှော်ပါ။ (အနှိပ်ကြိုက်သော လင်မယားတွေ ဆိုယင် အပြန်အလှန်
နှိပ်နိုင်ပါတယ်)
၂၃။
မိသားစုဝင်တွေနဲ့ အိမ်မှာ သီချင်းဆို ပြိုင်ပွဲလေးလုပ်ပါ။ အပြန်အလှန် ဖျော်ဖြေကြပါ။
၂၄။
ပန်းချီဆွဲပြိုင်တာမျိုးလည်း လုပ်လို့ ရပါတယ်။ သားသမီးတွေကို ပန်းချီ ပေးဆွဲလိုက်ပါ။
၂၅။
အင်တာနက်မှာ အချိန်ကုန်လိုက်ပါ (အင်တာနက်ဖိုးကုန်ယင်တောင် အပြင်ထွက်ပြီး စားသောက်လည်ပတ်တာထက်
သက်သာမည် ဟုထင်ပါတယ်)။ အင်တာနက်ပေါ်မှာ စာရေးပါ။ page ထောင်၊ blog ရေးလိုက်ပါ။
၂၆။
မိသားစု ၀င်များထံ ဖုန်းဆက် စကားပြောလိုက်ပါ။
၂၇။
ဘယ်စားသောက်ဆိုင် ဘယ်ပါတီမှ မသွားပဲ ကား၊ ဆိုင်ကယ်
ကို မောင်းပြီး သင်နေ ထိုင်တဲ့ မြို့ ကို လေ့လာလိုက်ပါ။
၂၈။
အိမ်ပတ်ဝန်းကျင်၊ အိမ်နီးနားချင်းတွေနဲ့ မိတ်ဖွဲ့ လိုက်ပါ။
၂၉။
နောက်လ အသုံးစရိတ်တွေကို ဘယ်လို သုံးစွဲမယ်၊ ခန့် ခွဲမယ်ဆိုတာကို စိတ်ကူးယဉ်ကြိုတင်ပြင်ဆင်
လိုက်ပါ။
၃၀။
ဓါတ်ပုံဟောင်းတွေကို ပြန်လည် ကြည့်ရှုပါ။
၃၁။
မိမိ တတ်ကျွမ်းတဲ့ ပညာနဲ့ အခမဲ့ စေတနာ့ ၀န်ထမ်း အလုပ်တွေ လုပ်လိုက်ပါ။လုပ်အားပေးပါ။
၃၂။
အနာဂါတ်အတွက် စိတ်ကူးယဉ်ပါ။ စဉ်းစားပါ။
ဒါတွေကတော့
ပိုက်ဆံ အကုန်အကျနည်းစွာနဲ့ အချိန်တွေကို တန်ဖိုး ရှိ ပျော်ရွှင်ဖွယ်ရာ ကျော်ဖြတ်နည်းတွေပဲ
ဖြစ်ပါတယ်။ လောကမှာ ပိုက်ဆံ ရှိမှ ပျော်နိုင်မယ် ဆိုတာ မဟုတ်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး
မိသားစု စည်းစည်းရုံးရုံးနဲ့  ပျော်စရာတွေ ဖန်တီးနိုင်ပါသေးတယ်။ ကျွန်တော်ကိုးကားထားတဲ့
မူးရင်းဆောင်းပါးမှာတော့ အချက် ၅၀ ကျော်ပါတယ်။ အချို့ အချက်တွေက မြန်မာပြည်နဲ့ မကိုက်သေးတဲ့
အတွက် (ကျွန်တော်ကိုယ်တိုင်လည်း အတွေ့ အကြုံမရှိလို့ ဥပမာ မပေးတတ်ပါ) ထည့်ပြီး မရေးလိုက်ပါဘူး။
အားလုံးကို
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း
(Prospect Myanmar)
Comments
Post a Comment