Workaholic တွေရဲ့  လက္ခဏာ ၁၀ ချက်
စစ်တမ်းတွေအရ သာမန်
လူတစ်ယောက်ဟာ သူ့ ဘ၀ တစ်သက်တာရဲ့ 
စုစုပေါင်း နာရီ ကိုးသောင်းလောက်ကို အလုပ်အတွက် ကုန်ဆုံးလေ့ ရှိပါတယ်။ အစည်းအဝေး
တစ်ခု စီစဉ်ဖို့ အတွက် လိုအပ်တာတွေ ဆွေးနွေးတိုင်ပင်ဖို့ လုပ်တဲ့ အစည်းအဝေး ၁၀ ခုလောက် တက်နေရာတာမျိုး
ကြုံဖူးမှာပါ။ အဲ့ဒါတွေဟာ သင့်ရဲ့  အချိန်တွေကို တကယ်ကို ကုန်ဆုံးစေနိုင်ပါတယ်။
သင့်ရဲ့ အချိန်တွေသာ
ကုန်ဆုံးနေပေမယ့် အလုပ်ရှင်တော်တော်များများကတော့ သင့်ရဲ့  အလုပ် ဘ၀နဲ့ ကိုယ်ပိုင်ဘ၀ကို မျှတအောင်
စီစဉ်ပေးဖို့ ရာ ခေါင်းထဲ မှာ မရှိပါဘူး။ ဒါကြောင့်မို့ လို့  အလုပ်နဲ
့ကိုယ်ပိုင်ဘ၀ မျှတအောင် စီစဉ်ပေးဖို့ ရာ တာဝန်ရှိတာကတော့ သင်ကိုယ်တိုင်ပဲ
ဖြစ်ပါတယ်။
အခု ဖော်ပြမယ့်အချက် ၁၀
ချက် ကတော့ workaholic တွေရဲ့ 
အားနည်းချက် ၁၀ ချက်ပါပဲ။ အဲ့ဒီ workaholic တွေရဲ
့ အားနည်းချက် ၁၀ ချက်ကို high performer တွေနဲ
့နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။
၁။ Workaholic တွေက
အရေအတွက်ကို ဦးစားပေးတယ်။
Workaholic တွေက
အလုပ်တစ်ခု ပြီးမြောက်ဖို့ အတွက် သူတို့ လုပ်ခဲ့ရတဲ့ အချိန်တွေကို
ဂုဏ်ယူနေကြချိန်မှာ high performer တွေကတော့ နောက်ဆုံး ရလဒ်ကို ပဲ ကြည့်ပါတယ်…အဲ့ဒီ
ရလဒ် ရေရှည်တည်တံ့ဖို့ အတွက်ပဲ ကြိုးစားပါတယ်။
Workaholic တွေအနေနဲ
့နေ့ မအိပ်ညမအိပ် ကြိုးစားလုပ်တယ်။ သူများတွေ ရုံးပြန်တဲ့ အချိန်လည်း
မပြန်ဖြစ်ဘူး။ မနက်ဆိုလည်း အစောကြီးရုံးကို ရောက်နေပြီ။ ဒါပေမယ့် ရလဒ်ကတော့
ကျနေတုန်းပါပဲ။ ဘာ လို့ လည်းဆိုတော့ သူတို့ အနေနဲ့  ရလဒ်ကို ဦးမတည်ပဲ
အလုပ်လုပ်ဖို့ ပဲ ဦးတည်နေတာမို့ လို့ ပါ။ အဲ့ဒီလို ရုံးပြန် နောက်ကျတာကို
ဂုဏ်ယူနေတဲ့ workaholic တွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ ရဲ့ ကိုယ်ပိုင် အချိန်တွေ၊ကိုယ်ပိုင်ဘ၀တွေမှာတော့
ပြဿနာတွေ ပေါ်လာတော့မှာပါ။
ဒါကြောင့် အချို
့လူတွေက ပြောပါတယ်။ Work Smart ပဲ ဖြစ်သင့်တယ်။ Work hard မဖြစ်သင့်ဘူး
ဆိုတာမျိုးပေါ့။
၂။ ဘယ်တော့ မှ
နောက်မဆုတ်တတ်တာ workaholic တွေရဲ
့အကျင့်ပါ။
လုပ်…လုပ်…လုပ်…..
ဆိုတာ workaholic တွေရဲ့ ဆောင်ပုဒ်ပါ။ သူတို့ မှာ energy တွေက မကုန်နိုင်အောင်
ရှိနေပါတယ်လို့ ယူဆပါတယ်။ လာခိုင်းသမျှအားလုံးကို လက်ခံမယ်။ ဘယ်တော့ မှ
နောက်မဆုတ်တတ်ပါဘူး။ ဒါပေမယ့် ဒီဟာတွေ အကုန်လုံးဟာ workaholic တွေကို
အားအင်ကုန်ခမ်းအောင် တွန်းပို့ နေတာပါပဲ။
High performer တွေ
အနေနဲ့ ကတော့ ဘယ်အချိန်မှာ ရပ်သင့်တယ်။ ဘယ်အချိန်မှာ ခဏ နောက်ဆုတ်သင့်တယ်ဆိုတာကို
သိပါတယ်။ သူတို့ ရဲ့  လုပ်ဆောင်နိုင်မှုနဲ
့တာဝန်ကို လည်းချိန်ဆ တတ်ပါတယ်။ အားလုံးကို ငါ ပဲ လုပ်ရမယ်လို့ မယူဆထားပါဘူး။
၃။ အခြား သူတွေရဲ့ အရေးကို မိမိ အရေးထက် ဦးစားပေးတတ်တာ
workaholic တွေရဲ့ အကျင့်ပါ။
ဒီလို ပြောလိုက်လို
့မိမိ အရေးပဲ ဦးစားပေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ညီညီမျှမျှ ဖြစ်သင့်တာပါ။
Workaholics တွေကတော့
အဲ့ဒီလို မဟုတ်ပဲ အခြားသူ အားလုံးရဲ
့အရေးကို ပါ မိမိရဲ့  အရေး အနေနဲ့ ယူဆတတ်ပါတယ်။ အဲ့ဒီလို ယူဆလိုက်တဲ့အတွက်
သူတို့ ရဲ့ ကိစ္စတွေကို ပါ လိုက်လံ
ဆောင်ရွက်ယင်းက မိမိ ကိစ္စတွေ ကြန့် ကြာသွားတတ်ပါတယ်။
၎။ သင့် မတတ်နိုင်တဲ့
ကိစ္စ တစ်ခု အပေါ် ရာနှုန်းပြည့် အားသွန်ခွန်စိုက်လုပ်ခြင်း။
သင့်ရဲ့ 
စွမ်းဆောင်ရည်၊ လုပ်နိုင်စွမ်း၊ တာဝန် ထက်ကျော်လွန်နေတဲ့ အရာ တစ်ခု အပေါ်မှာ
ရာနှုန်းပြည့် အားစိုက်ထုတ်လည်း အောင်မြင်နိုင်ဖို့ ရာ အားနည်းလွန်းလှပါတယ်။
ဥပမာ ဆိုပါစို့ ။ အခြား
company တစ်ခုခု၊ ဒါမှ မဟုတ် အစိုးရ ရုံးတစ်ခုခုနဲ့ တွဲလုပ်ရတဲ့ အချိန်မျိုးမှာ
အချို့ သော ကိစ္စတွေဟာ သင်ဘာမှ ၀င်ရောက် လုပ်ဆောင်လို့ မရနိုင်ပါဘူး။
ဂျပန်ကနေ မြန်မာကို
သင်္ဘောနဲ့ ပို့ လိုက်တဲ့ ကား ကို မြန်မြန်ရောက်အောင် အတွက် ကား company manager က
မစွမ်းဆောင်နိုင်ပါဘူး။ သူ ရောက်သင့်တဲ့ အချိန်ရောက်မှာပါ။
အဲ့ဒီလို သင့်ရဲ့ စွမ်းဆောင်နိုင်ခွင့်၊ လုပ်ဆောင်နိုင်ခွင့်
တွေ ထက်ကျော်လွန်နေတဲ့ အရာတွေအပေါ် သွားပြီး အားစိုက်ထုတ်နေလျှင် အရေးကြီးတဲ့
သင်လုပ်ဆောင်ရမယ့် အရာတွေ မပြီးမစီး ဖြစ်တတ်ပါတယ်။
၅။ အကြောင်း
အရာတိုင်းကို တုံ့ ပြန် နေတတ်တာဟာ workaholic တွေရဲ့  အကျင့်ပါ။
သင့်တစ်နေ့ တာ
လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို မနက် ကတည်းက ချမှတ်ထားသင့်ပါတယ်။
Workaholic တွေကတော့
အဲ့ဒီလိုမျိုးမဟုတ်ပဲ တစ်နေ့ တာအတွင်း ၀င်ရောက်လာတဲ့ အကြောင်းအရာအားလုံးကို တုံ
့ပြန်နိုင်အောင် ကြိုးစားတယ်။ email တိုင်းကိုလည်း ပြန်နိုင်အောင် ကြိုးစားတယ်။
အထက်လူကြီး လာပြီး ခိုင်းသမျှကို လည်း လက်ခံပြီး ဆောင်ရွက်တယ်။
အဲ့ဒါမျိုးဆိုယင်တော့ သင် ပုံမှန် လုပ်ဆောင်စရာ ကိစ္စတွေ ကို မပြီးမစီး
ဖြစ်ကုန်တော့မှာပါ။
ဒါပေမယ့် workaholic
တွေက အဲ့ဒီလိုမျိုး လုပ်ဆောင်ရတာကို ကျေနပ်နေတတ်ပါတယ်။ email တစ်စောင် ရောက်လာတာနဲ
့ချက်ချင်း တုံ့ ပြန်လိုက်တာမျိုး ကို သဘောကျနေတတ်ပါတယ်။ လူကြီး တစ်ယောက်ယောက်က
ခိုင်းလိုက်လို့ ရှိယင် မိမိ လုပ်နေတာကို ရပ်ပြီး ခိုင်းတဲ့ အရာကို ချက်ချင်း
လုပ်ပေးလိုက်ရမှ ကျေနပ်နေတတ်ပါတယ်။
၆။ သင့်တန်ဖိုးကို
အခြားသူ အား အကဲဖြတ်စေခြင်း ဟာ workaholic တွေရဲ အကျင့်ပါ။
သင့် ရဲ့  တန်ဖိုး
သင့်ရဲ့  စွမ်းဆောင်ရည်ကို သင့် ဖာသာ
ဆုံးဖြတ်ခြင်း သာ အကောင်းဆုံးပါ။ ဒါပေမယ့် workaholic တွေကတော့ အဲ့လို မဟုတ်ပဲ
သင့် ရဲ့ တန်ဖိုးကို အခြား သူတွေကို
ဆုံးဖြတ်စေပါတယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲကတော့
အခြားသူတွေ သင့် ကို သဘောကျအောင် လိုက်လံ ဆောင်ရွက်နေရတာပါပဲ။ သင့် အထက်လူကြီး၊
လုပ်ဖော်ကိုင်ဖက်၊ လက်အောက်ငယ်သားတွေ အားလုံး သင့် ကို ကျေနပ်အောင် သဘောကျအောင်
လုပ်ဆောင်ယင်းနဲ့ ပဲ သင့် အတွက် လုပ်ဆောင်စရာတွေ ကို မပြီး မစီးနိုင်ဖြစ်သွားတတ်ပါတယ်။
၇။ သင့်ရဲ့ လုပ်ဆောင်မှု ရလဒ်တွေကို ဘယ်တော့မှ မကျေနပ်နိုင်ခြင်း
ဟာ workaholic တွေရဲ့  အကျင့်ပါ။
လုံလောက်ပါတယ်၊
ပြည့်မှီပါတယ် ဆိုတဲ့ အသုံးအနှုန်း ကို သင့်အနေနဲ့  မကောင်းတဲ့ အသုံးအနှုန်းလို
့သတ်မှတ်ထားယင်တော့ သင်ဟာ workaholic တစ်ယောက်ပါပဲ။ workaholic တွေက
လုံလောက်ပါတယ်၊ ပြည့်မှီပါတယ်ဆိုတာထက်ကို ပိုပြီး မျှော်လင့်ပါတယ်။ အရာရာကို
perfect ဖြစ်နေချင်တယ်။
တစ်ခါတစ်ရံမှာတော့
အရာအားလုံးဟာ perfect ဖြစ်ဖို့ ဆိုတာ ခက်ခဲလှပါတယ်။ မိမိ က အားလုံး ပြည့်စုံအောင်
အားစိုက်ထုတ်သည့်တိုင် ပြင်ပ မှ သင်ထိန်းချုပ်မှု မရနိုင်တဲ့ အရာများကြောင့်
perfect ဖြစ်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်ဆိုတာကို high performer တွေက
နားလည်လက်ခံပါတယ်။
၈။
လုပ်ဖောက်ကိုင်ဖက်တွေကို အကဲဖြတ်ပြီး နှိုင်းယှဉ်တတ်လာတာဟာ workaholic တွေရဲ
့အကျင့်ပါ။
Workaholic တွေက
အလုပ်အတွက် အချိန်များစွာ ပေးဆပ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အလုပ်တွေ ပြီးစီး ဖို
့ပါပဲ။ အဲ့ဒီလို လုပ်ယင်းနဲ့ ပဲ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အလုပ်လုပ်တာတွေကို ပါ အကဲဖြတ်ပြီး
နှိုင်းယှဉ်တတ်လာပါတယ်။ ဒါပေမယ့် သူတို့ အကဲဖြတ်နှိုင်းယှဉ်တာကတော့ ရလဒ်ပေါ်မှာ
မဟုတ်ပဲ လုပ်ဖော်ကိုင်ဖက်တွေကော ဘယ်လောက်ထိ အချိန်ပေးပြီးလုပ်လဲဆိုတာကို
နှိုင်းယှဉ်လာတတ်တာပါ။
လုပ်ဖော်ကိုင်ဖက်တွေ က
ရုံးဆင်းချိန်မှာ ဆင်းတာကို အပြစ်မြင်လာတတ်ပါတယ်။ workaholic အနေနဲ့ ရုံးဆင်းချိန်
နောက်ကျမှ ဆင်းရမယ်ဆိုတာကို တာဝန် တစ်ခုလို ခံယူထားပြီး ရုံးဆင်းချိန်မှာ
ရုံးဆင်းတဲ့သူတွေကို အချောင်ခိုသူတွေအနေနဲ့ မြင်လာတတ်ပါတယ်။
Higher performer
တွေရဲ့ နံပါတ် တစ် ရည်မှန်းချက်ကတော့ အလုပ်လုပ်ဖို
့ပါ။ ဒါပေမယ့် အဲ့ဒီ အလုပ်တွေဟာ နေ့ တိုင်း လုပ်နေရမယ်ဆိုတာကို နားလည်းထားပါတယ်။
Workaholic တွေရဲ့  နံပါတ် တစ် ရည်မှန်းချက်ကတော့ အလုပ်တွေ
ရှုပ်နေဖို့ ပါ။ သူတို့ ခံယူထားတာကတော့ အလုပ်ရှုပ်နေတဲ့ သူတွေဟာ
တကယ်အလုပ်ကြိုးစားသူတွေ ဖြစ်ပြီး အလုပ် မရှုပ်တဲ့သူတွေဟာ အလုပ် မလုပ်သူတွေ အဖြစ်
လက်ခံထားပါတယ်။
၉။ အလုပ်စားပွဲပေါ်မှာ
အစာ စားခြင်းဟာ workaholic တွေရဲ့  အကျင့်ပါ။
ပြန်ပြောပါဦးမယ်။
အရေးအကြီးဆုံးက “to work smarter, not harder” ပါ။ ဒါပေမယ့် workaholic တွေကတော့ “work
harder is smarter” ဆိုပြီး ခံယူထားပါတယ်။ ကိုယ်ပိုင် အချိန်လေးတောင် မပေးပါဘူး။
ရုံးမှာဆိုလည်း အခြားသူတွေ ထမင်းထွက်စားတဲ့ အချိန်မှာ တောင် မစားနိုင်ပဲ
အလုပ်လုပ်နေယင်း စားနေတဲ့ သူတွေ ရှိပါတယ်။ အဲ့လို လုပ်လို
့အထက်လူကြီးတွေမြင်သွားတာကို ဂုဏ်ယူတဲ့သူတွေလည်း ရှိနေပါသေးတယ်။
၁၀။
အလုပ်အရမ်းကြိုးစားပေးမယ့် ရာထူးတက်ဖို့ ရာ ခဲယဉ်းတတ်တာဟာ workaholic တွေပါ။
တစ်နှစ်တာ
လုပ်ဆောင်ပြီးလို့ တစ်နှစ်တာ စွမ်းဆောင်ရည် အကဲဖြတ်တဲ့အခါမှာ သင့် supervisor က
ပြောပါလိမ့်မယ်။ သင်ဟာ အလုပ် အရမ်းကြိုးစားတဲ့သူပါ၊ သင်ဟာ အလုပ်ကို အရမ်း အားထည့်
တဲ့သူပါလို့ ဆိုပါလိမ့်မယ်။ ပြီးယင်တော့ အဲ့ဒီမှာပဲ ရပ်သွားပါပြီ။ သင့်ရဲ့  အောင်မြင်မှုတွေ၊ ရလဒ်တွေကို
ဆက်မပြောတော့ဘူးဆိုယင်တော့ သင် ရာထူးတက်ဖို့ ၊ လစာအများကြီးတိုးဖို
့မမျှော်မှန်းပါနဲ့ တော့။
Recommendation letter
မှာလည်း အရမ်းအရေးကြီးပါတယ်။ ကျွန်တော်အနေနဲ့  တစ်ယောက်ယောက်ကို recommendation
letter ရေးပေးတော့မယ်ဆိုယင် အရမ်းကို သတိထားပါတယ်။ work hard ဆိုတဲ့
အသုံးအနှုန်းကို မရေးမိအောင် သတိထားပါတယ်။ work hard ဆိုတာ သုံးမိပြီးဆိုယင်တော့
နောက်မှာ achievement တစ်ခုခု ပြနိုင်အောင် ကြိုးစားပါတယ်။ achievement
မပြနိုင်ပဲနဲ့ တစ်စုံတစ်ယောက်ကို work hard လို့ သုံးလိုက်မိယင် ဒီလူကို
workaholic လို့ ဆိုလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။
ဒါတွေကတော့ workaholic
တွေရဲ့  အကျင့်တွေပါ။ ဒါတွေ ဖတ်ပြီးလို
့ငါတော့ workaholic မဖြစ်အောင် အလုပ်ကို လျှော့လုပ်တော့မယ် ဆိုတဲ့ အတွေးမျိုး
မပေါ်သွားစေချင်ပါဘူး။ work smart ဆိုတာမျိုးကို ဖြစ်စေချင်တာပါ။ တစ်ချို့ ကလည်း “to
be work smart, you have to work hard” လို့ ဆိုတတ်ပါတယ်။
မှန်သင့်သလောက်မှန်တတ်ပေမယ့် ရေရှည်အတွက်တော့ အခက်အခဲတွေ ရှိလာမှာပါ။
ငယ်ရွယ်စဉ်မှာ work hard လုပ်ခဲ့လို့ ကြီးလာတဲ့အချိန်မှာ work smart ဖြစ်လာတယ်လို
့ဆိုယင်တော့ လက်ခံလို့ ရပါတယ်။
အားလုံးကို
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect
Myanmar)
Lifehack မှ 10 signs
when you are workaholic but not productive ကို ကိုးကားထားပါတယ်။
Comments
Post a Comment